ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (19/10/20)

ရီးရဲလ်မက်ဒရစ်၊ အင်တာတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့် ကလပ်ကနေ မထွက်ခွာလိုတဲ့ ကန်တေကို ချယ်ဆီးက ဒီကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့မှာ အလဲအလှယ်အနေနဲ့ လုပ်နိုင်တယ်လို့ ဒန်နီမေးလ်က ပြောဆိုခဲ့ပါတယ်။

ဒိုင်ဘားလားဟာ ပီယာလိုလက်အောက် ဂျူဗင်တပ်မှာ နေရာရဖို့ ရုန်းကန်နေရပြီး စီးရီးအေ ကလပ်ထံကနေ ထွက်ခွာဖို့ အလားအလာရှိနေသလို မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က သူ့ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားနေပါတယ်။

ချယ်ဆီးဟာ ဒီတစ်ပတ်မှာ ချန်ပီယံလိဂ် အုပ်စုအဆင့် စတင် ကစားရတော့မှာ ဖြစ်သလို မနှစ်က ဘိုင်ယန်လက်အောက်မှာ ကျရှုံးခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အဖြစ်ကနေ သင်ခန်းစာယူဖို့ နည်းပြ လမ်းပတ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

တီမိုဗာနာ၊ ကိုင်ဟားဗတ်တို့ရဲ့ ဂိုးတွေနဲ့ ချယ်ဆီးဟာ ဆောက်သမ်တန်ကို သရေကျခဲ့သလို ၎င်းတို့ရဲ့ တိုက်စစ်အတွဲဟာ ပြိုင်ဘက်တွေကို ကောင်းကောင်း ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ နည်းပြ ဟက်ဆန်ဟော့ က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ မနှစ်က ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ပြုတ်ခဲ့ရတဲ့နောက် ဒီနှစ်မှာ ဆီးဗီးလားနဲ့ ပထမဆုံးတွေ့ရမှာဖြစ်သလို အစမှာထဲက တောင့်တင်းတဲ့ပုံစံကို ပြသဖို့ အသင်းခေါင်းဆောင် အက်ဇ်ပီလီ ကွီတာ က အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။

တီမိုဗာနာဟာ ချယ်ဆီးအတွက် ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် ကလပ်အနေနဲ့ တိုက်စစ်ကို ရုပ်လုံးပေါ်အောင် လုပ်နိုင်ရင် ဗာနာက ပြိုင်ဘက်ခံစစ်တွေအတွက် တကယ့် ပြဿနာဖြစ်လာနိုင်တယ်လို့ အီယန်ရိုက်က ဟောကိန်းထုတ်ခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီနွေမှာ မန်ဒီကို ခေါ်ယူခဲ့ပေမယ့် အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာကိုလဲ လက်မလျှော့သေးပဲ နောက်နွေရာသီမှာ သူ့စာချုပ်သက်တမ်းကုန်တဲ့အခါ ဆန်စီရိုကနေ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ခံစစ်ရဲ့ ဆိုးရွားမှုနဲ့ တစ်ဦးချင်း အမှားတွေကြောင့် ဆောက်သမ်တန်ကို ချေပဂိုးတွေ ပြန်ပေးခဲ့ရတဲ့နောက် ဟာကင်ဇီယက်ခ်ျက ကလပ်မှာ အသားကျအောင်အထိ စောင့်ရမယ့် အချိန်မရှိဘူးလို့ အသင်းဖော်တွေ ကို သတိပေးခဲ့ပါတယ်။

Zawgyi – ရီးရဲလ္မက္ဒရစ္၊ အင္တာတို႔ရဲ႕ စိတ္ဝင္စားမႈကို ရရွိေနေပမယ့္ ကလပ္ကေန မထြက္ခြာလိုတဲ့ ကန္ေတကို ခ်ယ္ဆီးက ဒီကလန္႐ိုက္စ္ရဲ႕ အေျပာင္းအေ႐ႊ႕မွာ အလဲအလွယ္အေနနဲ႔ လုပ္ႏိုင္တယ္လို႔ ဒန္နီေမးလ္က ေျပာဆိုခဲ့ပါတယ္။

ဒိုင္ဘားလားဟာ ပီယာလိုလက္ေအာက္ ဂ်ဴဗင္တပ္မွာ ေနရာရဖို႔ ႐ုန္းကန္ေနရၿပီး စီးရီးေအ ကလပ္ထံကေန ထြက္ခြာဖို႔ အလားအလာရွိေနသလို မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ခ်ယ္ဆီးတို႔က သူ႔ကို ေခၚယူႏိုင္ဖို႔ အၿပိဳင္ႀကိဳးစားေနပါတယ္။

ခ်ယ္ဆီးဟာ ဒီတစ္ပတ္မွာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ စတင္ ကစားရေတာ့မွာ ျဖစ္သလို မႏွစ္က ဘိုင္ယန္လက္ေအာက္မွာ က်ရႈံးခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ အျဖစ္ကေန သင္ခန္းစာယူဖို႔ နည္းျပ လမ္းပတ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

တီမိုဗာနာ၊ ကိုင္ဟားဗတ္တို႔ရဲ႕ ဂိုးေတြနဲ႔ ခ်ယ္ဆီးဟာ ေဆာက္သမ္တန္ကို သေရက်ခဲ့သလို ၎တို႔ရဲ႕ တိုက္စစ္အတြဲဟာ ၿပိဳင္ဘက္ေတြကို ေကာင္းေကာင္း ၿခိမ္းေျခာက္ႏိုင္လိမ့္မယ္လို႔ နည္းျပ ဟက္ဆန္ေဟာ့ က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ မႏွစ္က ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေန ျပဳတ္ခဲ့ရတဲ့ေနာက္ ဒီႏွစ္မွာ ဆီးဗီးလားနဲ႔ ပထမဆုံးေတြ႕ရမွာျဖစ္သလို အစမွာထဲက ေတာင့္တင္းတဲ့ပုံစံကို ျပသဖို႔ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီ ကြီတာ က အသင္းေဖာ္ေတြကို တိုက္တြန္းခဲ့ပါတယ္။

တီမိုဗာနာဟာ ခ်ယ္ဆီးအတြက္ ၂ဂိုး သြင္းယူႏိုင္ခဲ့တဲ့ေနာက္ ကလပ္အေနနဲ႔ တိုက္စစ္ကို ႐ုပ္လုံးေပၚေအာင္ လုပ္ႏိုင္ရင္ ဗာနာက ၿပိဳင္ဘက္ခံစစ္ေတြအတြက္ တကယ့္ ျပႆနာျဖစ္လာႏိုင္တယ္လို႔ အီယန္႐ိုက္က ေဟာကိန္းထုတ္ခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီေႏြမွာ မန္ဒီကို ေခၚယူခဲ့ေပမယ့္ ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာကိုလဲ လက္မေလွ်ာ့ေသးပဲ ေနာက္ေႏြရာသီမွာ သူ႔စာခ်ဳပ္သက္တမ္းကုန္တဲ့အခါ ဆန္စီ႐ိုကေန ေခၚယူႏိုင္ဖို႔ စိတ္ဝင္စားေနဆဲ ျဖစ္ပါတယ္။

ခံစစ္ရဲ႕ ဆိုး႐ြားမႈနဲ႔ တစ္ဦးခ်င္း အမွားေတြေၾကာင့္ ေဆာက္သမ္တန္ကို ေခ်ပဂိုးေတြ ျပန္ေပးခဲ့ရတဲ့ေနာက္ ဟာကင္ဇီယက္ခ္်က ကလပ္မွာ အသားက်ေအာင္အထိ ေစာင့္ရမယ့္ အခ်ိန္မရွိဘူးလို႔ အသင္းေဖာ္ေတြ ကို သတိေပးခဲ့ပါတယ္။