အသင်းဖော်သစ် ဇီယက်ကို တခဲနက် ကြိုဆိုအားပေးနေကြတဲ့ ချယ်ဆီး ကြယ်ပွင့်များ

အေဂျက်ကနေ ပြောင်းလာတော့မယ့် ကွင်းလယ် တိုက်စစ်သမား ဇီယက်ကို မြင်ရဖို့ ချယ်ဆီး ပရိသတ်တွေတင် ရင်ခုန်နေတာ မဟုတ်ဘဲ ချယ်ဆီး အသင်းသားတွေကလည်း အသင်းဖော် သစ်ကို စောင့်မျှော်နေကြပုံပါ။

မိုရိုကို သားကို ဖေဖော်ဝါရီ လတည်းက ခေါ်ယူဖို့ ချယ်ဆီး သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှာတော့ တရားဝင် အသင်းသား ဖြစ်လာတော့မှာပါ။

အသက် ၂၇ နှစ် အရွယ် ကွင်းလယ် သမားဟာ နယ်သာလန်မှာတော့ နောက်ဆုံးရာသီကို စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့ရပြီး အေဂျက် ပရိသတ်တွေနဲ့ အသင်းဖော်တွေကို သေချာ နှုတ်ဆက်ခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံးရာသီ တလောျက် ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့တာကြောင့် အေဂျက်ရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ပါတယ်။

ဇီယက်က အင်စတာဂရမ်ကနေ တဆင့် အကောင်းဆုံး ဆု အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ အသင်းမှာ ပျော်ရွှင်ခဲ့ရကြောင်း နှုတ်ဆက် စကား ရေးသားထားခဲ့ရာ ချယ်ဆီး အသင်း ကြယ်ပွင့် ကစားသမားတွေက ဝင်ရောက် ကွန်မန့်ပေးရင်း အသင်းဖော်သစ်ကို နှစ်သိမ့်နေကြတာ တွေ့ရပါတယ်။

ဇီယက်က လေးနှစ်တာ ဒီလို အသင်းကောင်းမှာ နေခဲ့ရတာ အတွက် ပျော်ရွှင်ကြောင်းနဲ့ မမေ့နိုင်တဲ့ အမှတ်တရတွေကို သယ်ဆောင် သွားတော့မှာ ဖြစ်ကြောင်း အေဂျက်အသင်းကို နှုတ်ဆက် စကား ဆိုခဲ့တာပါ။ ထိုပို့စ်မှာ ဝင်ရောက် ရေးသားခဲ့တဲ့ ချယ်ဆီး အသင်းသားတွေကတော့ ရီစီ ဂျိမ်းစ်၊ အေဗရာဟမ်၊ ကွီတာ၊ အိုဒွိုင်းနဲ့ ဘီလီ ဂေးလ်မားတို့ ဖြစ်ပါတယ်။

ဇီယက်ဟာ ဒီရာသီ အစောပိုင်း ချန်ပီယံလိဂ်မှာ ချယ်ဆီး အေဂျက်တို့ ဆုံခဲ့စဉ်က အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့တာကြောင့် ချယ်ဆီး ပရိသတ်တွေက ၎င်းကို စောင့်မျှော်နေကြပါတယ်။ ဒါပေမယ့် ပရိသတ်တွေတင် မကဘဲ အသင်းဖော်သစ်တွေကပါ ဇီယက် အလာကို ကြိုတင် ရင်ခုန်နေကြပုံ ရပါတယ်။

Zawgyi – ေအဂ်က္ကေန ေျပာင္းလာေတာ့မယ့္ ကြင္းလယ္ တိုက္စစ္သမား ဇီယက္ကို ျမင္ရဖို႔ ခ်ယ္ဆီး ပရိသတ္ေတြတင္ ရင္ခုန္ေနတာ မဟုတ္ဘဲ ခ်ယ္ဆီး အသင္းသားေတြကလည္း အသင္းေဖာ္ သစ္ကို ေစာင့္ေမွ်ာ္ေနၾကပံုပါ။

မိုရိုကို သားကို ေဖေဖာ္၀ါရီ လတည္းက ေခၚယူဖို႔ ခ်ယ္ဆီး သေဘာတူညီမႈ ရခဲ့တာ ျဖစ္ျပီး ဇူလိုင္ ၁ ရက္ေန႔မွာေတာ့ တရား၀င္ အသင္းသား ျဖစ္လာေတာ့မွာပါ။

အသက္ ၂၇ နွစ္ အရြယ္ ကြင္းလယ္ သမားဟာ နယ္သာလန္မွာေတာ့ ေနာက္ဆံုးရာသီကို စိတ္ပ်က္ဖြယ္ အဆံုးသတ္ခဲ့ရျပီး ေအဂ်က္ ပရိသတ္ေတြနဲ႕ အသင္းေဖာ္ေတြကို ေသခ်ာ နႈတ္ဆက္ခြင့္ မရခဲ့ပါဘူး။ ဒါေပမယ့္ ေဘာလံုးရာသီ တေလာ်က္ ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသခဲ့တာေၾကာင့္ ေအဂ်က္ရဲ႕ တစ္ရာသီ အေကာင္းဆံုး ကစားသမား ဆုကို ရရွိခဲ့ပါတယ္။

ဇီယက္က အင္စတာဂရမ္ကေန တဆင့္ အေကာင္းဆံုး ဆု အတြက္ ဂုဏ္ယူ၀မ္းေျမာက္ေၾကာင္းနဲ႕ အသင္းမွာ ေပ်ာ္ရႊင္ခဲ့ရေၾကာင္း နႈတ္ဆက္ စကား ေရးသားထားခဲ့ရာ ခ်ယ္ဆီး အသင္း ၾကယ္ပြင့္ ကစားသမားေတြက ၀င္ေရာက္ ကြန္မန္႔ေပးရင္း အသင္းေဖာ္သစ္ကို နွစ္သိမ့္ေနၾကတာ ေတြ႔ရပါတယ္။

ဇီယက္က ေလးနွစ္တာ ဒီလို အသင္းေကာင္းမွာ ေနခဲ့ရတာ အတြက္ ေပ်ာ္ရႊင္ေၾကာင္းနဲ႕ မေမ့နုိင္တဲ့ အမွတ္တရေတြကို သယ္ေဆာင္ သြားေတာ့မွာ ျဖစ္ေၾကာင္း ေအဂ်က္အသင္းကို နႈတ္ဆက္ စကား ဆိုခဲ့တာပါ။ ထိုပို႔စ္မွာ ၀င္ေရာက္ ေရးသားခဲ့တဲ့ ခ်ယ္ဆီး အသင္းသားေတြကေတာ့ ရီစီ ဂ်ိမ္းစ္၊ ေအဗရာဟမ္၊ ကြီတာ၊ အိုဒြိဳင္းနဲ႕ ဘီလီ ေဂးလ္မားတို႕ ျဖစ္ပါတယ္။

ဇီယက္ဟာ ဒီရာသီ အေစာပိုင္း ခ်န္ပီယံလိဂ္မွာ ခ်ယ္ဆီး ေအဂ်က္တို႔ ဆံုခဲ့စဥ္က အေကာငး္ဆံုး စြမ္းေဆာင္ရည္ေတြ ျပသခဲ့တာေၾကာင့္ ခ်ယ္ဆီး ပရိသတ္ေတြက ၄င္းကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြတင္ မကဘဲ အသင္းေဖာ္သစ္ေတြကပါ ဇီယက္ အလာကို ၾကိဳတင္ ရင္ခုန္ေနၾကပံု ရပါတယ္။