ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (19/10/20)

မန်စီးတီးနဲ့ပွဲမှာ တစ်ကိုယ်တော် ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကစားသမားတွေရှိခဲ့ပြီး ဘူကာယိုဆာကာ၊ ဆီဘယ်လော့နဲ့ ဂေဘရီရယ် မက်ဂါးလက်စ်တို့ဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားစေမယ့် ကြယ်ပွင့်တွေ ဖြစ်တယ်လို့ အီယန်ရိုက်က ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် အမျိုးသမီးအသင်း တိုက်စစ်မှူး မီဒီမာဟာ စပါးကို ၆-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် စုစုပေါင်း သွင်းဂိုး ၅၂ဂိုးနဲ့ အတူ အမျိုးသမီးလိဂ်ရဲ့ ထာဝရ ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာ နံပါတ် တစ် ချိတ်ခဲ့ပါတယ်။

သောမတ်စ်ပါတေးဟာ မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ်အတွက် ပွဲဦးထွက်ခဲ့ပေမယ့် ၁-ဝနဲ့ ရှုံးနိမ့်ခဲ့သလို နည်းပြ အာတီတာကတော့ ကွင်းလယ် ကစားသမားသစ် အနေနဲ့ အကောင်းဆုံး ပုံစံရရှိဖို့ အချိန် ယူရလိမ့်မယ် လို့ ပရိသတ်တွေကို သတိပေးခဲ့ပါတယ်။

အာဆင်နယ် အငှားကစားသမား တော်ရဲရားဟာ မနေ့က ဆယ်တာဗီဂိုနဲ့ပွဲမှာ အေတီကိုအတွက် ပွဲဦးထွက်ခဲ့ပြီး ၂-ဝနဲ့ အနိုင်ရအောင် ကူညီပေးခဲ့သလို သူဟာ အလုပ်ကြိုးစားသူဖြစ်ပြီး အသင်းအတွက် အရေး ပါလာလိမ့်မယ် လို့ ဆီမြွန်နီက ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ဟာ ရက်ဘူးဆဲလ်ဘက် လူငယ်ကြယ်ပွင့် ဆိုဘော့ဇ်လေကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကင်းထောက်တွေနဲ့ စောင့်ကြည့်နေခဲ့ပေမယ့် လိုက်ပ်ဇစ် အသင်းကလဲ အလိုရှိနေတာနဲ့အတူ မြောက်လန်ဒန်ကို ခေါ်ဆောင်နိုင်ရေးမှာ အတားအဆီးတွေ ရှိနေပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဆွန်ယောင်မင်နဲ့ ကိန်းတို့ဟာ တစ်ယောက်ဂိုးကို တစ်ယောက်က ဖန်တီးပေးခဲ့တဲ့နောက် နှစ်ယောက်ကြား သွင်းဂိုး ၂၈ဂိုး ထိ ရှိလာခဲ့ပြီဖြစ်ပြီး အာဆင်နယ်ရဲ့ အွန်နရီနဲ့ပီရက်စ်တို့ရဲ့ စံချိန်ကို လိုက်မီဖို့ ၁ဂိုးသာ လိုပါတော့တယ်။

အာဆင်ဝင်းဂါးက အာဆင်နယ်ကို သူ စွန့်ခွာခဲ့တဲ့အချိန်ကို ဖာဂူဆန် ထွက်သွားခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်နဲ့ နှိုင်းယှဉ်ခဲ့ပြီး သူ မရှိတဲ့နောက် အမ်းမရိတ်စ်မှာ ဘယ်လိုရှေ့ဆက်မယ် ဆိုတာနဲ့ ပတ်သက်လို့ တိကျ သေချာတဲ့ အစီအစဉ် မရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးကို ရှုံးခဲ့ပေမယ့်လဲ အာဆင်နယ်ရဲ့ ကစားပုံကို လီနိုက အကောင်းမြင်နေပြီး သူတို့ဟာ အသင်းကြီးတွေနဲ့ ကွာဟချက် လျှော့ချဖို့နဲ့ ထိပ်ဆုံးလေးသင်းထဲ ပြန်ဝင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သက်သေ ပြခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္စီးတီးနဲ႔ပြဲမွာ တစ္ကိုယ္ေတာ္ ပုံစံေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ ကစားသမားေတြရွိခဲ့ၿပီး ဘူကာယိုဆာကာ၊ ဆီဘယ္ေလာ့နဲ႔ ေဂဘရီရယ္ မက္ဂါးလက္စ္တို႔ဟာ ပရိသတ္ေတြကို စိတ္လႈပ္ရွားေစမယ့္ ၾကယ္ပြင့္ေတြ ျဖစ္တယ္လို႔ အီယန္႐ိုက္က ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ အမ်ိဳးသမီးအသင္း တိုက္စစ္မႉး မီဒီမာဟာ စပါးကို ၆-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ဟက္ထရစ္ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ စုစုေပါင္း သြင္းဂိုး ၅၂ဂိုးနဲ႔ အတူ အမ်ိဳးသမီးလိဂ္ရဲ႕ ထာဝရ ထိပ္တန္းဂိုးသြင္းရွင္ စာရင္းမွာ နံပါတ္ တစ္ ခ်ိတ္ခဲ့ပါတယ္။

ေသာမတ္စ္ပါေတးဟာ မန္စီးတီးနဲ႔ပြဲမွာ အာဆင္နယ္အတြက္ ပြဲဦးထြက္ခဲ့ေပမယ့္ ၁-၀နဲ႔ ရႈံးနိမ့္ခဲ့သလို နည္းျပ အာတီတာကေတာ့ ကြင္းလယ္ ကစားသမားသစ္ အေနနဲ႔ အေကာင္းဆုံး ပုံစံရရွိဖို႔ အခ်ိန္ ယူရလိမ့္မယ္ လို႔ ပရိသတ္ေတြကို သတိေပးခဲ့ပါတယ္။

အာဆင္နယ္ အငွားကစားသမား ေတာ္ရဲရားဟာ မေန႔က ဆယ္တာဗီဂိုနဲ႔ပြဲမွာ ေအတီကိုအတြက္ ပြဲဦးထြက္ခဲ့ၿပီး ၂-၀နဲ႔ အႏိုင္ရေအာင္ ကူညီေပးခဲ့သလို သူဟာ အလုပ္ႀကိဳးစားသူျဖစ္ၿပီး အသင္းအတြက္ အေရး ပါလာလိမ့္မယ္ လို႔ ဆီႁမြန္နီက ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္ဟာ ရက္ဘူးဆဲလ္ဘက္ လူငယ္ၾကယ္ပြင့္ ဆိုေဘာ့ဇ္ေလကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ကင္းေထာက္ေတြနဲ႔ ေစာင့္ၾကည့္ေနခဲ့ေပမယ့္ လိုက္ပ္ဇစ္ အသင္းကလဲ အလိုရွိေနတာနဲ႔အတူ ေျမာက္လန္ဒန္ကို ေခၚေဆာင္ႏိုင္ေရးမွာ အတားအဆီးေတြ ရွိေနပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဆြန္ေယာင္မင္နဲ႔ ကိန္းတို႔ဟာ တစ္ေယာက္ဂိုးကို တစ္ေယာက္က ဖန္တီးေပးခဲ့တဲ့ေနာက္ ႏွစ္ေယာက္ၾကား သြင္းဂိုး ၂၈ဂိုး ထိ ရွိလာခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္ရဲ႕ အြန္နရီနဲ႔ပီရက္စ္တို႔ရဲ႕ စံခ်ိန္ကို လိုက္မီဖို႔ ၁ဂိုးသာ လိုပါေတာ့တယ္။

အာဆင္ဝင္းဂါးက အာဆင္နယ္ကို သူ စြန္႕ခြာခဲ့တဲ့အခ်ိန္ကို ဖာဂူဆန္ ထြက္သြားခဲ့တဲ့ အိုးလ္ထရက္ဖို႔ဒ္နဲ႔ ႏႈိင္းယွဥ္ခဲ့ၿပီး သူ မရွိတဲ့ေနာက္ အမ္းမရိတ္စ္မွာ ဘယ္လိုေရွ႕ဆက္မယ္ ဆိုတာနဲ႔ ပတ္သက္လို႔ တိက် ေသခ်ာတဲ့ အစီအစဥ္ မရွိခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

မန္စီးတီးကို ရႈံးခဲ့ေပမယ့္လဲ အာဆင္နယ္ရဲ႕ ကစားပုံကို လီႏိုက အေကာင္းျမင္ေနၿပီး သူတို႔ဟာ အသင္းႀကီးေတြနဲ႔ ကြာဟခ်က္ ေလွ်ာ့ခ်ဖို႔နဲ႔ ထိပ္ဆုံးေလးသင္းထဲ ျပန္ဝင္ႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာ သက္ေသ ျပခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။