အောင်မြေနင်းခဲ့ဖူးတဲ့ ပဲရစ်မြေမှာ ပီအက်စ်ဂျီကို နောက်တစ်ကြိမ် အနိုင်ယူမယ်လို့ ဖရတ် ထုတ်ပြော
ယူနိုက်တက် ကွင်းလယ်လူ ဖရက်က ချန်ပီယံလိဂ်ပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြိုမှာ ရလဒ်ကြီးအဖြစ် အနိုင်ရဖို့ ကြိုးစားမယ်လို့ ဆိုခဲ့တယ်။
၂၀၁၉ ခုနှစ်တုန်းက ယူနိုက်တက်ဟာ ပီအက်စ်ဂျီအသင်း အိမ်ကွင်းကို သွားရောက်ခဲ့စဉ်မှာ အနိုင်ရလဒ် ရယူခဲ့သေးတယ်။ အဆိုပါ ရလဒ်နဲ့အတူ ချန်ပီယံလိဂ်မှာ ကွာတားအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဖရက်ကတော့ ဒီတစ်ကြိမ်မှာလည်း တူညီတဲ့ ရလဒ်ကောင်းအဖြစ် အနိုင်ရလဒ်ကို မျှော်လင့်နေတာဖြစ်တယ်။
ဖရက်က ပြောရာမှာ ” ချန်ပီယံလိဂ်ပြိုင်ပွဲတွေက အမြဲတမ်း သိပ်ကောင်းပါတယ်။ အဲ့ပြိုင်ပွဲက ယူနိုက်တက်တို့ အမြဲတမ်း ရှိနေသင့်တဲ့ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဘောလုံးရာသီတိုင်းမှာ ကျနေ်ာတို့က ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခွင့် ရသင့်တာပါ။
ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ကစားရာမှာ ကျနေ်ာတို့ အမှတ်တရကောင်းတွေ ရှိထားပါတယ်။ ၂၀၁၉ တုန်းက ညလေးကို မနေ့တစ်နေ့ကလိုပဲ အမြဲတမ်း မှတ်မိပါတယ်။ အဲ့မှာ ရလဒ်ကောင်းရခဲ့တယ်။ အိမ်ကွင်းမှာ ရင်ဆိုင်ကစားခဲ့စဉ် ရခဲ့တဲ့ ဆိုးရွားတဲ့ ရလဒ်ကို အလှည့်အပြောင်းဖြစ်အောင် ပြန်လုပ်နိုင်ခဲ့တယ်။
အဲ့တာက ယူနိုက်တက် လုပ်ပြနိုင်ဖို့ လိုတာပါပဲ။ အမြဲတမ်း လုပ်ပြနိုင်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲမှာ ကျနော်တို့ ရလဒ်ကြီး ရဖို့ လိုပါတယ်။ ကျျနေ်ာတို့က ထိပ်တန်း ကလပ်အသင်းပါ။ နိုင်ပွဲကြီးတွေအတွက် အမြဲတမ်း အကောင်းဆုံး ကြိုးစားပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်း ထွက်လာဖို့ မျှော်လင့်ပါတယ်။ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ ကြိုးစားမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI