ဒုတိယအကြိမ် အမှား ထပ်မဖြစ်စေရဘူးလို့ ကတိစကား ပြောသွားတဲ့ ဖာနန်ဒက်စ်

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကစားသမားဘဝမှာ ပင်နယ်တီ တစ်ကြိမ်မှ မလွဲထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသူပါ။

ဒါပေမယ့်လို့ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာတော့ ပင်နယ်တီ လွဲချော်ခဲ့တယ်။ ဖာနန်ဒက်စ်ကတော့ ဒီလိုမျိုး နောက်တစ်ကြိမ် အမှားထပ်ဖြစ်ခံမှာ မဟုတ်ဘဲ သူ့ရဲ့ ပင်နယ်တီ အဆုံးသတ်ကို ပိုကောင်းလာအောင် ကြိုးစားမယ်လို့ ဆိုသွားပါတယ်။

ဖာနန်ဒက်စ်ဟာ နယူးကာဆယ်နဲ့ ပွဲ မတိုင်ခင်က သူ့ ကစားသမား ဘဝတလျောက် ပင်နယ်တီ ကန်သွင်းမှု ၃၃ ကြိမ် ရှိခဲ့ပြီး အကြိမ် ၃၀ ဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ပါတယ်။ သူ နောက်ဆုံး လွဲချော်ခဲ့တာက အောက်တိုဘာ ၂၀၁၈ က ဖြစ်ပြီး စပို့တင်း လစ္စဘွန်း အတွက် ကန်စဉ်က ဖြစ်ပါတယ်။

ဖာနန်ဒက်စ်က ပြောရာမှာတော့ ” ကျနော်လည်း လူသားပါပဲ.. ဒါမျိုး လွဲချော်မှုက ဖြစ်တတ်ပါတယ်။ ကျနော်ကတော့ ဒါမျိုး လုံး၀ ထပ်မဖြစ်ချင်ပါဘူး။ နယူးကာဆယ်နဲ့ ပွဲတုန်းကလိုမျိုး မဖြစ်စေချင်တော့ဘူး။ အဲဒီပွဲမှာ ဂိုးသမားက ကောင်းခဲ့သလို ကျနော်ကလည်း လုပ်တာ မမှန်ခဲ့ဘူး။

ကျေနာ် ဂိုးသမားအကြောင်းကို ကြို လေ့လာခဲ့တယ်။ ဒါပေမယ့် ကျနော် ကန်ချင်တဲ့ အတိုင်း ထွက်မလာခဲ့ဘူး။ ဒီအတွက် ဂိုးသမားရဲ့ အားထုတ်မှုကိုလည်း အသိအမှတ်ပြုရမှာပါ။ ပင်နယ်တီနဲ့ ပတ်သတ်ပြီး ကျနော် ပိုကောင်းအောင် လုပ်ပြဖို့ လိုပါတယ်။ နောက်အကြိမ်တွေဆို ကျနော် သေချာပေါက် ဝင်အောင် ကန်မှာပါ။ ” လို့ ဖာနန်ဒက်စ်က ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပြီး ထိုပွဲပြီးရင်လည်း ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည်ခံ ကစားရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ ကစားသမားဘဝမွာ ပင္နယ္တီ တစ္ၾကိမ္မွ မလြဲထားတဲ့ မွတ္တမ္းေကာင္းကို ပိုင္ဆိုင္ထားသူပါ။

ဒါေပမယ့္လို႔ ျပီးခဲ့တဲ့ နယူးကာဆယ္နဲ႔ပြဲမွာေတာ့ ပင္နယ္တီ လြဲေခ်ာ္ခဲ့တယ္။ ဖာနန္ဒက္စ္ကေတာ့ ဒီလိုမ်ိဳး ေနာက္တစ္ၾကိမ္ အမွားထပ္ျဖစ္ခံမွာ မဟုတ္ဘဲ သူ႔ရဲ႕ ပင္နယ္တီ အဆံုးသတ္ကို ပိုေကာင္းလာေအာင္ ၾကိဳးစားမယ္လို႔ ဆိုသြားပါတယ္။

ဖာနန္ဒက္စ္ဟာ နယူးကာဆယ္နဲ႕ ပြဲ မတိုင္ခင္က သူ႔ ကစားသမား ဘ၀တေလ်ာက္ ပင္နယ္တီ ကန္သြင္းမႈ ၃၃ ၾကိမ္ ရွိခဲ့ျပီး အၾကိမ္ ၃၀ ဂိုး အျဖစ္ ေျပာင္းလဲ နုိင္ခဲ့ပါတယ္။ သူ ေနာက္ဆံုး လြဲေခ်ာ္ခဲ့တာက ေအာက္တိုဘာ ၂၀၁၈ က ျဖစ္ျပီး စပို႔တင္း လစၥဘြန္း အတြက္ ကန္စဥ္က ျဖစ္ပါတယ္။

ဖာနန္ဒက္စ္က ေျပာရာမွာေတာ့ ” က်ေနာ္လည္း လူသားပါပဲ.. ဒါမ်ိဳး လြဲေခ်ာ္မႈက ျဖစ္တတ္ပါတယ္။ က်ေနာ္ကေတာ့ ဒါမ်ိဳး လံုး၀ ထပ္မျဖစ္ခ်င္ပါဘူး။ နယူးကာဆယ္နဲ႕ ပြဲတုန္းကလိုမ်ိဳး မျဖစ္ေစခ်င္ေတာ့ဘူး။ အဲဒီပြဲမွာ ဂိုးသမားက ေကာင္းခဲ့သလို က်ေနာ္ကလည္း လုပ္တာ မမွန္ခဲ့ဘူး။

ကေ်နာ္ ဂိုးသမားအေၾကာင္းကို ၾကိဳ ေလ့လာခဲ့တယ္။ ဒါေပမယ့္ က်ေနာ္ ကန္ခ်င္တဲ့ အတိုင္း ထြက္မလာခဲ့ဘူး။ ဒီအတြက္ ဂိုးသမားရဲ႕ အားထုတ္မႈကိုလည္း အသိအမွတ္ျပဳရမွာပါ။ ပင္နယ္တီနဲ႕ ပတ္သတ္ျပီး က်ေနာ္ ပိုေကာင္းေအာင္ လုပ္ျပဖို႔ လိုပါတယ္။ ေနာက္အၾကိမ္ေတြဆို က်ေနာ္ ေသခ်ာေပါက္ ၀င္ေအာင္ ကန္မွာပါ။ ” လို႔ ဖာနန္ဒက္စ္က ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ဟာ အဂၤါေန႔မွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲ အျဖစ္ ပီအက္စ္ဂ်ီနဲ႕ ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ျပီး ထိုပြဲျပီးရင္လည္း ပရီးမီးယားလိဂ္မွာ ခ်ယ္ဆီးအသင္းကို အိုးထရက္ဖို႕ဒ္မွာ ဧည္ခံ ကစားရဦးမွာ ျဖစ္ပါတယ္။