ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (20/10/20)

ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲအတွက် ပဲရစ် သွားမယ့် ယူနိုက်တက် လူစာရင်းမှာ အသင်းခေါင်းဆောင် မက်ဂွဲရား၊ ကာဗာနီနဲ့ မေဆန် ဂရင်းဝုဒ်တို့ မပါဝင်ပါဘူး။ မက်ဂွဲရား မပါတဲ့ အတွက် အသင်းခေါင်းဆောင် အဖြစ် ဖာနန်ဒက်စ်က ဦးဆောင် ကစားမယ်လို့ ဆိုးရှားက အတည်ပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အဓိကဆုဖလားတွေအတွက် တိုက်ပွဲဝင်နိုင်ရင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ အနာဂတ်မှာ ဘလွန်းဒီအော ဆု ရှိနိုင်တယ်လို့ ပီအက်စ်ဂျီရောက် အန်ဒါဟာရဲရားက ထောက်ခံ အားပေးခဲ့ပါတယ်။

ယနေ့ည ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲအတွက် ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင် လက်ပတ် ဝတ်ဆင်ခွင့် ရရှိခဲ့သလို ယူနိုက်တက်ကို ရောက်ပြီးထဲက ခြေစွမ်းပြခဲ့ပေမယ့် ဒီထက်ပိုပြီး လုပ်ပြစရာ များစွာ ရှိသေးတယ်လို့ ကတိပေးခဲ့ပါတယ်။

ဟယ်ရီ မက်ဂွဲရားဟာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲ လူစာရင်းမှာ မပါဝင်ခဲ့တာနဲ့ ပတ်သက်လို့ ပရိသတ်တွေကိုဖြေရှင်းခဲ့ပြီး သူဟာ ကြွက်သားဒဏ်ရာ အနည်းငယ် ရခဲ့တာကြောင့်ဒီပွဲကို လွဲချော်ခဲ့ရတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖီးဂျုံးစ်ဟာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ မပါဝင်ခဲ့တာနဲ့အတူ ကလပ်က သူ့ကို ရောင်းထုတ်ဖို့ကြိုးစားနေပြီး စိတ်ဝင်စားတဲ့ အသင်းတွေလဲ ရှိပေမယ့် သူ့တန်ကြေးကို ပေါင် သန်း ၂၀ သတ်မှတ် ထားတာကတော့ အဆင်မပြေဘူး ဖြစ်နေပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲဦးထွက် ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိသလို သူ့အနေနဲ့ ဒီပွဲကို ကစားဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ချန်ထားခဲ့တာပါ လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

ပြင်သစ် အသင်းဖော် ပေါ့ဘာက သိပ်တော်တဲ့ ယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်အကြောင်း အမြဲပြောပြတတ်တာကြောင့် ယနေ့ည ပီအက်စ်ဂျီနဲ့ပွဲမှာ ရင်ဆိုင်ရမယ့် ရက်ရှ်ဖို့ဒ်ရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်နေတယ်လို့ အမ်ဘတ်ပီက ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲအတြက္ ပဲရစ္ သြားမယ့္ ယူနိုက္တက္ လူစာရင္းမွာ အသင္းေခါင္းေဆာင္ မက္ဂြဲရား၊ ကာဗာနီနဲ႕ ေမဆန္ ဂရင္း၀ုဒ္တို႔ မပါ၀င္ပါဘူး။ မက္ဂြဲရား မပါတဲ့ အတြက္ အသင္းေခါင္းေဆာင္ အျဖစ္ ဖာနန္ဒက္စ္က ဦးေဆာင္ ကစားမယ္လို႔ ဆိုးရွားက အတည္ျပဳခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ အဓိကဆုဖလားေတြအတြက္ တိုက္ပြဲဝင္ႏိုင္ရင္ ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ အနာဂတ္မွာ ဘလြန္းဒီေအာ ဆု ရွိႏိုင္တယ္လို႔ ပီအက္စ္ဂ်ီေရာက္ အန္ဒါဟာရဲရားက ေထာက္ခံ အားေပးခဲ့ပါတယ္။

ယေန႔ည ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ပြဲအတြက္ ဘ႐ူႏိုဖာနန္ဒက္စ္က အသင္းေခါင္းေဆာင္ လက္ပတ္ ဝတ္ဆင္ခြင့္ ရရွိခဲ့သလို ယူႏိုက္တက္ကို ေရာက္ၿပီးထဲက ေျခစြမ္းျပခဲ့ေပမယ့္ ဒီထက္ပိုၿပီး လုပ္ျပစရာ မ်ားစြာ ရွိေသးတယ္လို႔ ကတိေပးခဲ့ပါတယ္။

ဟယ္ရီ မက္ဂြဲရားဟာ ယူႏိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ပြဲ လူစာရင္းမွာ မပါဝင္ခဲ့တာနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြကိုေျဖရွင္းခဲ့ၿပီး သူဟာ ႂကြက္သားဒဏ္ရာ အနည္းငယ္ ရခဲ့တာေၾကာင့္ဒီပြဲကို လြဲေခ်ာ္ခဲ့ရတာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဖီးဂ်ဳံးစ္ဟာ ယူႏိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ လူစာရင္းမွာ မပါဝင္ခဲ့တာနဲ႔အတူ ကလပ္က သူ႔ကို ေရာင္းထုတ္ဖို႔ႀကိဳးစားေနၿပီး စိတ္ဝင္စားတဲ့ အသင္းေတြလဲ ရွိေပမယ့္ သူ႔တန္ေၾကးကို ေပါင္ သန္း ၂၀ သတ္မွတ္ ထားတာကေတာ့ အဆင္မေျပဘူး ျဖစ္ေနပါတယ္။

ကာဗာနီဟာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ပြဲဦးထြက္ ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အသင္းလူစာရင္းမွာ ပါဝင္ခဲ့ျခင္းမရွိသလို သူ႔အေနနဲ႔ ဒီပြဲကို ကစားဖို႔ အဆင္သင့္မျဖစ္ေသးတာေၾကာင့္ ခ်န္ထားခဲ့တာပါ လို႔ ဆိုးလ္ရွားက ဝန္ခံခဲ့ပါတယ္။

ျပင္သစ္ အသင္းေဖာ္ ေပါ့ဘာက သိပ္ေတာ္တဲ့ ယူႏိုက္တက္ တိုက္စစ္မႉး မားကပ္ရက္ရွ္ဖို႔ဒ္အေၾကာင္း အၿမဲေျပာျပတတ္တာေၾကာင့္ ယေန႔ည ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ရင္ဆိုင္ရမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕ ၿခိမ္းေျခာက္မႈကို စိုးရိမ္ေနတယ္လို႔ အမ္ဘတ္ပီက ေျပာဆိုခဲ့ပါတယ္။