ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (20/10/20)

ပီအက်စ်ဂျီ အသင်း နည်းပြ တူချယ်ကတော့ ချန်ပီယံလိဂ် ပွဲ မတိုင်ခင်မှာပဲ ပြိုင်ဘက် အသင်းသား ဖြစ်တဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်သမားတွေထဲ ပါဝင်သူ ဖြစ်ကြောင်း ချီးကျူး စကား ဆိုခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ် အတည်ပြုခဲ့တဲ့နောက် ဆိုးလ်ရှားက သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးခဲ့ပြီး သူက အသင်းကို ပြောင်းလဲပေးခဲ့တာ မဟုတ်ပေမယ့် ပိုပြီး အရောင် တောက်စေခဲ့တာပါ လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေမှာ ဒေါ့မွန်မှ ဆန်ချို ကို မရတဲ့ ယူနိုက်တက်ဟာ နောက်နှစ်မှာလည်း ဆန်ချို အပြင် တိုက်စစ်သမား ဟာလန်းကိုပါ ခေါ်ဖို့ ထပ်မံ ကြိုးစားရန် ကြံရွယ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေတဲ့ ဟာလန်းဟာ ယူနိုက်တက်ကိုတော့ ငြင်းဆန်ဖို့ ရှိနေပြီး ဂျာမန်ကလပ်က ထွက်ခွာဖြစ်ရင် လာလီဂါ ထိပ်သီးကလပ်ကိုသာ ရွေးဖွယ်ရှိကြောင်း ဒေသခံသတင်းတွေက ဖော်ပြနေပါတယ်။

မက်ဂွဲရား မပါတဲ့ အတွက် ပီအက်စ်ဂျီနဲ့ပွဲမှာ အသင်းခေါင်းဆောင် လုပ်ရမယ့်သူက ဖာနန်ဒက်စ်ဖြစ်ကြောင်း ဆိုးလ်ရှားက ပြောခဲ့တဲ့နောက် ကွင်းလယ်လူကိုယ်တိုင် အံ့ဩပြီး ကြောင်အ သွားခဲ့ပေမယ့် ဒီအတွက် ဂုဏ်ယူရပါတယ်လို့ ပေါ်တူဂီသားက ပြန် တုံ့ပြန်ခဲ့ပါတယ်။

ဖီဖာရဲ့ ထောက်ခံမှုနဲ့ အတူ အသစ် အကောင်အထည်ဖော်ဖို့ ရှိနေတဲ့ ဥရောပ ထိပ်သီးကလပ်တွေသာ ပါဝင် ကစားမယ့် ဥရောပ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့လည်း ပါဝင်ဖို့ ဆွေးနွေးနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက် ကွင်းလယ်ဟောင်း ဟာရဲရားက ၎င်းရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ပြန်သွားနေတာတော့ မဟုတ်ဘဲ တိုးတက်ရိပ်တွေနဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေကြောင်း ထောက်ခံခဲ့ကာ သူရှိစဉ်က ယူနိုက်တက်ထက် ပိုကောင်းနေပြီလို့ ထောက်ခံစကား ဆိုခဲ့ပါတယ်။

Zawgyi – ပီအက္စ္ဂ်ီ အသင္း နည္းျပ တူခ်ယ္ကေတာ့ ခ်န္ပီယံလိဂ္ ပြဲ မတိုင္ခင္မွာပဲ ျပိဳင္ဘက္ အသင္းသား ျဖစ္တဲ့ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ကမၻာ့ အေကာင္းဆံုး ကြင္းလယ္သမားေတြထဲ ပါ၀င္သူ ျဖစ္ေၾကာင္း ခ်ီးက်ဴး စကား ဆိုခဲ့ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ကို အသင္းေခါင္းေဆာင္အျဖစ္ အတည္ျပဳခဲ့တဲ့ေနာက္ ဆိုးလ္ရွားက သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကို ခ်ီးက်ဴးခဲ့ၿပီး သူက အသင္းကို ေျပာင္းလဲေပးခဲ့တာ မဟုတ္ေပမယ့္ ပိုၿပီး အေရာင္ ေတာက္ေစခဲ့တာပါ လို႔ ေျပာဆိုခဲ့ပါတယ္။

ျပီးခဲ့တဲ့ေႏြမွာ ေဒါ့မြန္မွ ဆန္ခ်ိဳ ကို မရတဲ့ ယူနိုက္တက္ဟာ ေနာက္နွစ္မွာလည္း ဆန္ခ်ိဳ အျပင္ တိုက္စစ္သမား ဟာလန္းကိုပါ ေခၚဖို႔ ထပ္မံ ၾကိဳးစားရန္ ၾကံရြယ္ေနပါတယ္။ ရီးရဲလ္မက္ဒရစ္ကလည္း စိတ္၀င္စားေနတဲ့ ဟာလန္းဟာ ယူနိုက္တက္ကိုေတာ့ ျငင္းဆန္ဖို႔ ရွိေနျပီး ဂ်ာမန္ကလပ္က ထြက္ခြာျဖစ္ရင္ လာလီဂါ ထိပ္သီးကလပ္ကိုသာ ေရြးဖြယ္ရွိေၾကာင္း ေဒသခံသတင္းေတြက ေဖာ္ျပေနပါတယ္။

မက္ဂြဲရား မပါတဲ့ အတြက္ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အသင္းေခါင္းေဆာင္ လုပ္ရမယ့္သူက ဖာနန္ဒက္စ္ျဖစ္ေၾကာင္း ဆိုးလ္ရွားက ေျပာခဲ့တဲ့ေနာက္ ကြင္းလယ္လူကိုယ္တိုင္ အံ့ဩၿပီး ေၾကာင္အ သြားခဲ့ေပမယ့္ ဒီအတြက္ ဂုဏ္ယူရပါတယ္လို႔ ေပၚတူဂီသားက ျပန္ တုံ႔ျပန္ခဲ့ပါတယ္။

ဖီဖာရဲ႕ ေထာက္ခံမႈနဲ႕ အတူ အသစ္ အေကာင္အထည္ေဖာ္ဖို႔ ရွိေနတဲ့ ဥေရာပ ထိပ္သီးကလပ္ေတြသာ ပါ၀င္ ကစားမယ့္ ဥေရာပ ပရီးမီးယားလိဂ္ ျပိဳင္ပြဲမွာ မန္ခ်က္စတာယူနိုက္တက္နဲ႕ လီဗာပူး အသင္းတို႔လည္း ပါ၀င္ဖို႔ ေဆြးေႏြးေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။

ယူနိုက္တက္ ကြင္းလယ္ေဟာင္း ဟာရဲရားက ၄င္းရဲ႕ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္ဟာ ေနာက္ျပန္သြားေနတာေတာ့ မဟုတ္ဘဲ တိုးတက္ရိပ္ေတြနဲ႕ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနေၾကာင္း ေထာက္ခံခဲ့ကာ သူရွိစဥ္က ယူနိုက္တက္ထက္ ပိုေကာင္းေနျပီလို႔ ေထာက္ခံစကား ဆိုခဲ့ပါတယ္။