ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (20/10/20)

ချယ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းဟာ အတော်ဆိုးဝါးနေပြီး ပွဲတစ်ပွဲကို အနိုင်ရဖို့အတွက် သုံးလေးဂိုး သွင်းမှ ရတဲ့ အခြေအနေဟာ ရေရှည် အဆင်မပြေနိုင်ဘူးလို့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက သတိပေး ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးရဲ့ ချန်ပီယံလိဂ် ပြိုင်ဘက် ဆီးဗီးလားနည်းပြ လိုပက်တယ်ဟီက ဒီနှစ် ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ ရေပန်းစားတဲ့အထဲမှာ ချယ်ဆီးလဲ ပါဝင်တယ်လို့ ဆိုပြီး လမ်းပတ်ကို ဖိအားပေးကာ စိတ်ဓာတ် စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။

တီမိုဗာနာကို ဗဟို တိုက်စစ်မှူးဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ကလပ်ကို ရောက်ပြီးထဲက ဘယ်တောင်ပံမှာ ကစားခဲ့ရပြီး တန်မီနဲ့ ဟားဗတ်က ဗဟိုနေရာ ကစားနေရသလို လမ်းပတ်အနေနဲ့ သူ့ကို တလွဲ အသုံးချနေတယ်လို့ ဟက်ဆယ်ဘိန့်ခ်က ဝေဖန်ခဲ့ပါတယ်။

ချယ်ဆီးဟာ အသင်းသားတွေကြား နားလည်မှုမရှိသေးပဲ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိသေးသလို ခြေစွမ်း တည်ငြိမ်မှုမရအောင် မထိန်းထားနိုင်ရင် ဒီရာသီ အဆင့်လေးအတွင်း ဝင်မှာတောင်မဟုတ်ဘူးလို့ ဖရန့်လီဘိုးက ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ တိုက်စစ်အတွက် အသုံးစရိတ်များစွာ သုံးစွဲခဲ့ပေမယ့် ခံစစ်က ပရမ်းပတာဖြစ်နေတာကြောင့် ၎င်းတို့ဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မယ့် အသင်းမဟုတ်ဘူးလို့ ဂျင်မီဖလွိုက် ဟက်ဆယ်ဘိန့်ခ် က ယုံကြည်နေပါတယ်။

မန်ဒီ ဒဏ်ရာရနေချိန် ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်ခဲ့တဲ့ ကီပါဟာ ဝေဖန်မှုတွေ ခံခဲ့ရတာနဲ့အတူ ချန်ပီယံလိဂ်ပွဲအတွက် လမ်းပတ်အနေနဲ့ ကာဘယ်လီရိုကို ရွေးချယ်စရာ ရှိပေမယ့် မန်ဒီက လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့တဲ့နောက် ဆီးဗီးလားနဲ့ပွဲမှာ ပါဝင်လာနိုင်ပါတယ်။

နွေအပြောင်းအရွှေ့အတွင်း အဲဗာတန်ဟာ ချယ်ဆီးနောက်ခံလူ ကတ်ဇူးမားကို ခေါ်ယူဖို့အတွက် စုံစမ်းမှု လုပ်ခဲ့ပေမယ့် လမ်းပတ်က သူ့ကို အသင်းမှာ ဆက်ထိန်းထားချင်ခဲ့တာကြောင့် အဲဗာတန်ကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အန်တိုနီယို ရူဒီဂါဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ ချိတ်ဆက်နေခဲ့ပြီး ပီအက်စ်ဂျီ၊ စပါး၊ အဲဗာတန်တို့က စိတ်ဝင်စားနေတာနဲ့အတူ ချယ်ဆီးက ပေါင်၁၂.၅သန်းရရင် နောက်ခံလူကို ထွက်ခွာခွင့် ပေးမှာ ဖြစ်ကြောင်း သတင်းပေးခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ခံစစ္ပိုင္းဟာ အေတာ္ဆိုးဝါးေနၿပီး ပြဲတစ္ပြဲကို အႏိုင္ရဖို႔အတြက္ သုံးေလးဂိုး သြင္းမွ ရတဲ့ အေျခအေနဟာ ေရရွည္ အဆင္မေျပႏိုင္ဘူးလို႔ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာက သတိေပး ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ ၿပိဳင္ဘက္ ဆီးဗီးလားနည္းျပ လိုပက္တယ္ဟီက ဒီႏွစ္ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ဖို႔ ေရပန္းစားတဲ့အထဲမွာ ခ်ယ္ဆီးလဲ ပါဝင္တယ္လို႔ ဆိုၿပီး လမ္းပတ္ကို ဖိအားေပးကာ စိတ္ဓာတ္ စစ္ဆင္ေရး လုပ္ခဲ့ပါတယ္။

တီမိုဗာနာကို ဗဟို တိုက္စစ္မႉးျဖစ္လာဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ကလပ္ကို ေရာက္ၿပီးထဲက ဘယ္ေတာင္ပံမွာ ကစားခဲ့ရၿပီး တန္မီနဲ႔ ဟားဗတ္က ဗဟိုေနရာ ကစားေနရသလို လမ္းပတ္အေနနဲ႔ သူ႔ကို တလြဲ အသုံးခ်ေနတယ္လို႔ ဟက္ဆယ္ဘိန္႔ခ္က ေဝဖန္ခဲ့ပါတယ္။

ခ်ယ္ဆီးဟာ အသင္းသားေတြၾကား နားလည္မႈမရွိေသးပဲ လုံေလာက္တဲ့ ႀကံ့ခိုင္မႈ မရွိေသးသလို ေျခစြမ္း တည္ၿငိမ္မႈမရေအာင္ မထိန္းထားႏိုင္ရင္ ဒီရာသီ အဆင့္ေလးအတြင္း ဝင္မွာေတာင္မဟုတ္ဘူးလို႔ ဖရန္႔လီဘိုးက ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ တိုက္စစ္အတြက္ အသုံးစရိတ္မ်ားစြာ သုံးစြဲခဲ့ေပမယ့္ ခံစစ္က ပရမ္းပတာျဖစ္ေနတာေၾကာင့္ ၄င္းတို႔ဟာ ပရီးမီးယားလိဂ္ဖလား စိန္ေခၚႏိုင္မယ့္ အသင္းမဟုတ္ဘူးလို႔ ဂ်င္မီဖလြိဳက္ ဟက္ဆယ္ဘိန္႔ခ္ က ယုံၾကည္ေနပါတယ္။

မန္ဒီ ဒဏ္ရာရေနခ်ိန္ ေဆာက္သမ္တန္နဲ႔ပြဲမွာ ပါဝင္ခဲ့တဲ့ ကီပါဟာ ေဝဖန္မႈေတြ ခံခဲ့ရတာနဲ႔အတူ ခ်န္ပီယံလိဂ္ပြဲအတြက္ လမ္းပတ္အေနနဲ႔ ကာဘယ္လီ႐ိုကို ေ႐ြးခ်ယ္စရာ ရွိေပမယ့္ မန္ဒီက ေလ့က်င့္ေရး ျပန္ဆင္းႏိုင္ခဲ့တဲ့ေနာက္ ဆီးဗီးလားနဲ႔ပြဲမွာ ပါဝင္လာႏိုင္ပါတယ္။

ေႏြအေျပာင္းအေ႐ႊ႕အတြင္း အဲဗာတန္ဟာ ခ်ယ္ဆီးေနာက္ခံလူ ကတ္ဇူးမားကို ေခၚယူဖို႔အတြက္ စုံစမ္းမႈ လုပ္ခဲ့ေပမယ့္ လမ္းပတ္က သူ႔ကို အသင္းမွာ ဆက္ထိန္းထားခ်င္ခဲ့တာေၾကာင့္ အဲဗာတန္ကို ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အန္တိုနီယို ႐ူဒီဂါဟာ စတန္းဖို႔ဒ္ဘရစ္ခ္်ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ေနခဲ့ၿပီး ပီအက္စ္ဂ်ီ၊ စပါး၊ အဲဗာတန္တို႔က စိတ္ဝင္စားေနတာနဲ႔အတူ ခ်ယ္ဆီးက ေပါင္၁၂.၅သန္းရရင္ ေနာက္ခံလူကို ထြက္ခြာခြင့္ ေပးမွာ ျဖစ္ေၾကာင္း သတင္းေပးခဲ့ပါတယ္။