ပီအက်စ်ဂျီ Vs မန်ယူနိုက်တက် ချန်ပီယံလိဂ် အုပ်စုပွဲ အတွက် အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ကို ဂိုးပြတ် အနိုင်ယူပြီး တက်ကြွနေတဲ့ ယူနိုက်တက်ဟာ ကြားရက် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာတော့ ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီကို ပဲရစ်မှာ အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ အသင်းခေါင်းဆောင် မက်ဂွဲရား မပါဝင်နိုင်တာကြောင့် ဘရူနို ဖာနန်ဒက်စ်က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူသွားမယ်လို့ နည်းပြ ဆိုးရှားက အတည်ပြုထားပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ကာဗာနီကိုလည်း အသင်းဟောင်းနဲ့ တွေ့တဲ့ ပွဲအတွက် ခေါ်မသွားဘဲ ချန်လှပ်ခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်က အောက်တိုဘာ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁း၃၀ နာရီ မှာ ယှဉ်ပြိုင် ကြမှာပါ။ ဒီပွဲအတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ ထွက်ပေါ်နေပါပြီ။

အိုဝင်က – ” မန်ချက်စတာ ယူနိုက်တက်ဟာ စနေနေ့ညမှာ နယူးကာဆယ်ကို လေးဂိုး တစ်ဂိုးနဲ့ ရင်ခုန်ပွဲ နိုင်ပွဲ ရထားပါတယ်။ ဒါပေမယ့် ပဲရစ်မှာတော့ အဲဒီပွဲထက် များစွာ ခက်ခဲတဲ့ စမ်းသပ်မှုက စောင့်နေမှာပါ။ နေမာ အမ်ဘတ်ပီလို ကစားသမားတွေက ယူနိုက်တက် အတွက် ရင်ဆိုင်ဖို့ သိပ်ကွာလွန်းနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ထားတဲ့ ပီအက်စ်ဂျီကပဲ ဒီပွဲကနေ အမှတ်ပြည့် ရသွားမယ် ကျနော် ထင်ပါတယ်။ နှစ်သင်းလုံးကတော့ ဂိုးသွင်းမှာပါ။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ ပီအက်စ်ဂျီ 2-1 မန်ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွာ နယူးကာဆယ္ကို ဂိုးျပတ္ အနိုင္ယူျပီး တက္ၾကြေနတဲ့ ယူနုိုက္တက္ဟာ ၾကားရက္ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲစဥ္မွာေတာ့ ျပင္သစ္အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီကို ပဲရစ္မွာ အေ၀းကြင္း သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

ဒီပြဲမွာ အသင္းေခါင္းေဆာင္ မက္ဂြဲရား မပါ၀င္နုိင္တာေၾကာင့္ ဘရူနို ဖာနန္ဒက္စ္က အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူသြားမယ္လို႔ နည္းျပ ဆိုးရွားက အတည္ျပဳထားပါတယ္။ ဒါ့အျပင္ တိုက္စစ္မွဴး ကာဗာနီကိုလည္း အသင္းေဟာင္းနဲ႕ ေတြ႔တဲ့ ပြဲအတြက္ ေခၚမသြားဘဲ ခ်န္လွပ္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီနဲ႕ မန္ခ်က္စတာ ယူႏိုက္တက္တို႕ ပြဲစဥ္က ေအာက္တိုဘာ ၂၁ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၁း၃၀ နာရီ မွာ ယွဥ္ျပိဳင္ ၾကမွာပါ။ ဒီပြဲအတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြ ထြက္ေပၚေနပါျပီ။

အို၀င္က – ” မန္ခ်က္စတာ ယူႏိုက္တက္ဟာ စေနေန႔ညမွာ နယူးကာဆယ္ကို ေလးဂိုး တစ္ဂိုးနဲ႔ ရင္ခုန္ပြဲ ႏိုင္ပြဲ ရထားပါတယ္။ ဒါေပမယ့္ ပဲရစ္မွာေတာ့ အဲဒီပြဲထက္ မ်ားစြာ ခက္ခဲတဲ့ စမ္းသပ္မႈက ေစာင့္ေနမွာပါ။ ေနမာ အမ္ဘတ္ပီလို ကစားသမားေတြက ယူႏိုက္တက္ အတြက္ ရင္ဆိုင္ဖို႔ သိပ္ကြာလြန္းေနပါတယ္။ ၿပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ ေရာက္ထားတဲ့ ပီအက္စ္ဂ်ီကပဲ ဒီပြဲကေန အမွတ္ျပည့္ ရသြားမယ္ က်ေနာ္ ထင္ပါတယ္။ ႏွစ္သင္းလုံးကေတာ့ ဂိုးသြင္းမွာပါ။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္အိုဝင္ ခန႔္မွန္းရလဒ္ကေတာ့ ပီအက္စ္ဂ်ီ 2-1 မန္ယူႏိုက္တက္ ျဖစ္ပါတယ္။