ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (20/10/20)

မန်စီးတီးကို ၁-ဝနဲ့ ရှုံးခဲ့တဲ့ပွဲမှာ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ တောင်ပံကစားသမား ဝီလီယံကို တာဝန်ပေးခဲ့တာဟာ လာကာဇက်တီအပေါ် လေးစားမှု မရှိတာပဲလို့ အန်ဒီကိုးလ် က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူ ရော့ဘ်ဟိုးဒင်း ဟာ အီတီဟဒ်ကပွဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် သူ့နေရာကို ဒေးဗစ်လူးဝစ်နဲ့ အစားထိုးခဲ့ရသလို တစ်လလောက် အနားယူရနိုင်ဖွယ် ရှိနေပါတယ်။

အာဆင်နယ်နောက်ခံလူ မူစတာဖီဟာ ကလပ်မှာ ၄နှစ်ကြာခဲ့ပြီးနောက် နောက်နှစ်မှာ စာချုပ်သက်တမ်းကုန်မှာ ဖြစ်ပြီး နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်သလို ဘွန်ဒက်စ်လီဂါကို ပြန်သွားနိုင်ဖွယ် ရှိနေပါတယ်။

ဟက်ဒါဖီးတောင်းဟာ ဒီရာသီမှာ အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရိုဝီကို နောက်ထပ် အငှားခေါ်ယူဖို့ အလိုရှိခဲ့ပေမယ့် အာဆင်နယ်က အသင်းကြီးအတွက် သူ့ကို ဆက် ထိန်းထားခဲ့တာအကြောင့် မခေါ်ယူနိုင်ခဲ့ဘူးလို့ ကလပ်ဥက္ကဌက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက် နောက်ခံလူဟောင်း မိုက်ကယ် ဆေဗက်စတာက ဒီရာသီ ပရီးမီးယားလိဂ် ဖလားအတွက် အာဆင်နယ်နဲ့အတူ မော်ရင်ညိုလက်အောက် တိုးတက်လာတဲ့ စပါးကလဲ စိန်ခေါ် လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ နွေရာသီအတွင်း စပို့တင်းလစ္စဘွန်းကြယ်ပွင့် ဂျိုဝယ်ဆန် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ပေါင် သန်း ၂၀နဲ့ ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ ကစားသမားရဲ့ ဖခင်ဖြစ်သူက အတည်ပြုခဲ့ပါတယ်။

အာတီတာရဲ့ ခံစစ်သုံးယောက် ကစားပုံဟာ အာဆင်နယ်ကို အများကြီး တိုးတက်စေခဲ့ပေမယ့် စနေနေ့က မန်စီးတီးကို ၁-ဝနဲ့ ရှုံးခဲ့သလို သူ့အနေနဲ့ အောင်မြင်မှု ရချင်ရင် ၃-၄-၃ ကစားပုံကို ပြောင်းလဲဖို့ လိုတယ်လို့ တိုနီအဒမ်က အကြံပေးခဲ့ပါတယ်။

အိုဇေးဟာ အာဆင်နယ်ရဲ့ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ မာတီဆက်ကာက စိတ်မကောင်းဖြစ်နေပြီး သူ့အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ အာရုံစိုက်သင့်တယ် လို့ အကြံပေးစကားဆိုခဲ့ပါတယ်။

Zawgyi – မန္စီးတီးကို ၁-၀နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ တိုက္စစ္ကို ဦးေဆာင္ဖို႔ ေတာင္ပံကစားသမား ဝီလီယံကို တာဝန္ေပးခဲ့တာဟာ လာကာဇက္တီအေပၚ ေလးစားမႈ မရွိတာပဲလို႔ အန္ဒီကိုးလ္ က စြပ္စြဲေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ ေနာက္ခံလူ ေရာ့ဘ္ဟိုးဒင္း ဟာ အီတီဟဒ္ကပြဲမွာ ေသြးပူေလ့က်င့္ခန္းလုပ္ရင္း တံေကာက္ေၾကာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ သူ႔ေနရာကို ေဒးဗစ္လူး၀စ္နဲ႔ အစားထိုးခဲ့ရသလို တစ္လေလာက္ အနားယူရႏိုင္ဖြယ္ ရွိေနပါတယ္။

အာဆင္နယ္ေနာက္ခံလူ မူစတာဖီဟာ ကလပ္မွာ ၄ႏွစ္ၾကာခဲ့ၿပီးေနာက္ ေနာက္ႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္မွာ ျဖစ္ၿပီး ေႏြရာသီမွာ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္သလို ဘြန္ဒက္စ္လီဂါကို ျပန္သြားႏိုင္ဖြယ္ ရွိေနပါတယ္။

ဟက္ဒါဖီးေတာင္းဟာ ဒီရာသီမွာ အာဆင္နယ္ လူငယ္ၾကယ္ပြင့္ စမစ္႐ိုဝီကို ေနာက္ထပ္ အငွားေခၚယူဖို႔ အလိုရွိခဲ့ေပမယ့္ အာဆင္နယ္က အသင္းႀကီးအတြက္ သူ႔ကို ဆက္ ထိန္းထားခဲ့တာအေၾကာင့္ မေခၚယူႏိုင္ခဲ့ဘူးလို႔ ကလပ္ဥကၠဌက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္နဲ႔ ယူႏိုက္တက္ ေနာက္ခံလူေဟာင္း မိုက္ကယ္ ေဆဗက္စတာက ဒီရာသီ ပရီးမီးယားလိဂ္ ဖလားအတြက္ အာဆင္နယ္နဲ႔အတူ ေမာ္ရင္ညိဳလက္ေအာက္ တိုးတက္လာတဲ့ စပါးကလဲ စိန္ေခၚ လာႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္ဟာ ေႏြရာသီအတြင္း စပို႔တင္းလစၥဘြန္းၾကယ္ပြင့္ ဂ်ိဳဝယ္ဆန္ ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ေပါင္ သန္း ၂၀နဲ႔ ကမ္းလွမ္းမႈလုပ္ခဲ့တယ္လို႔ ကစားသမားရဲ႕ ဖခင္ျဖစ္သူက အတည္ျပဳခဲ့ပါတယ္။

အာတီတာရဲ႕ ခံစစ္သုံးေယာက္ ကစားပုံဟာ အာဆင္နယ္ကို အမ်ားႀကီး တိုးတက္ေစခဲ့ေပမယ့္ စေနေန႔က မန္စီးတီးကို ၁-၀နဲ႔ ရႈံးခဲ့သလို သူ႔အေနနဲ႔ ေအာင္ျမင္မႈ ရခ်င္ရင္ ၃-၄-၃ ကစားပုံကို ေျပာင္းလဲဖို႔ လိုတယ္လို႔ တိုနီအဒမ္က အႀကံေပးခဲ့ပါတယ္။

အိုေဇးဟာ အာဆင္နယ္ရဲ႕ ယူ႐ိုပါလိဂ္နဲ႔ ပရီးမီးယားလိဂ္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာနဲ႔ ပတ္သက္လို႔ မာတီဆက္ကာက စိတ္မေကာင္းျဖစ္ေနၿပီး သူ႔အေနနဲ႔ အသင္းကေန ထြက္ခြာဖို႔ အာ႐ုံစိုက္သင့္တယ္ လို႔ အႀကံေပးစကားဆိုခဲ့ပါတယ္။