ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (21/10/20)

ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပီအက်စ်ဂျီကို ၂-၁နဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပီအက်စ်ဂျီအိမ်ကွင်းမှာ သူတို့ကို တစ်ကြိမ်ထက် ပိုပြီး အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

မနှစ်က ဗိုလ်လုပွဲ ရောက်ခဲ့တဲ့ ပီအက်စ်ဂျီကို သူတို့အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ယူနိုက်တက် အတွက် ဆိုးလ်ရှားက ဂုဏ်ယူနေပေမယ့် ပရိသတ်တွေ မရှိတာကြောင့် တစ်နှစ်က နိုင်ပွဲလိုမျိုး အပြည့်အဝ မပျော်ခဲ့ရဘူးလို့ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲမှာ ပေါ့ဘာထက် ဖရက်နဲ့ တော်မီနေးတို့ကို ရွေးချယ်ခဲ့ရတဲ့အကြောင်းက သူတို့ဟာ နယူးကာဆယ်ကို နိုင်ခဲ့တဲ့ပွဲမှာ အခြေခံ အုတ်မြစ်ဖြစ်ခဲ့တာကြောင့် ယခုပွဲမှာလဲ အလားတူ အထောက်အပံ့ ပေးနိုင်အောင်လို့ပါ လို့ ဆိုးလ်ရှားက ရှင်းပြခဲ့ပါတယ်။

ယူနိုက်တက်အတွက် ချန်ပီယံလိဂ်မှာ ပွဲဦးထွက်ခဲ့တဲ့ အဲလက်စ်တဲလက်စ်ဟာ မက်ဂွဲရားရဲ့ နေရာကို ဝင်ကစားခဲ့ပေမယ့် ကောင်းမွန်တဲ့ ပေးပို့မှုတွေနဲ့ တိုက်စစ်ကို များစွာ အကျိုးပြုခဲ့ တာကြောင့် ဆိုးလ်ရှားက ကျေနပ်နေခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ သုံးယောက်ခံစစ်ဟာ ပထမပိုင်းမှာ ပီအက်စ်ဂျီကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ အရှိန်အဟုန်ကို ရပ်တန့်စေမယ့် လေးယောက်ခံစစ် ပုံစံ ပြောင်းလဲခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ် လို့ ဟာရဲရားက ဆိုးလ်ရှားကို ချီးကျူးခဲ့ပါတယ်။

တော်မီနေးဟာ ပထမပိုင်းမှာ မျက်ကပ်မှန် တစ်ဖက် ကျပျောက်ခဲ့တာကြောင့် သိပ်ရှင်းရှင်းလင်းလင်း မမြင်ရပဲနဲ့တောင် မျက်လုံးတစ်ဖက်ထဲနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တာဟာ အထင်ကြီးစရာကောင်းတယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။

နိုင်ပွဲရခဲ့ပေမယ့် ယူနိုက်တက်ဟာ အစောပိုင်းမှာ အခွင့်အရေးများစွာကို လွဲချော်ခဲ့တာနဲ့အတူ သူတို့အနေနဲ့ ပိုမြင့်တဲ့အဆင့်ကိုရောက်ချင်ရင် ဂိုးရှေ့မှာ တည်ငြိမ်မှုရှိဖို့ လိုတယ်လို့ ရက်ရှ်ဖို့ဒ်က ဝေဖန်ပြောဆို ခဲ့ပါတယ်။

Zawgyi – ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပီအက်စ်ဂျီကို ၂-၁နဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပီအက်စ်ဂျီအိမ်ကွင်းမှာ သူတို့ကို တစ်ကြိမ်ထက် ပိုပြီး အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။





