ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (21/10/20)

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ အဝေးကွင်း ပွဲ ၁၀ ပွဲ ဆက်တိုက် အနိုင်ရရှိထားပြီး ဒါဟာ အသင်း သမိုင်းမှာ ပထမဆုံး လုပ်ဆောင်ပြနိုင်တဲ့ နည်းပြ အဖြစ် ဆိုးရှားက မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် သီတင်းပတ်များထဲမှာ မက်ဂွဲရား၊ ကာဗာနီ၊ လင်ဂတ်၊ ဂရင်းဝုဒ်၊ ဘိုင်လီတို့ ပါဝင် ကစားနိုင်ပြီး လူစုံတက်စုံ ပြန်လာတော့မယ်လို့ နည်းပြ ဆိုးရှားက ပြိုင်ဘက် အသင်းတွေအား သတိပေးလိုက်ပါတယ်။

နောက်ကျ သွင်းဂိုးနဲ့အတူ ယူနိုက်တက်အတွက် အဖိုးတန်နိုင်ပွဲ ရရှိစေခဲ့တဲ့ မားကပ် ရက်ရှ်ဖို့ဒ်ဟာ နှိမ့်ချတတ်ပြီး အလုပ်ကြိုးစားသလို ဒီပုံစံကောင်းတွေကို ဆက်ထိန်းသိမ်းနိုင်ရင် ကမ္ဘာ့အဆင့် ဖြစ်လာနိုင်တယ် လို့ ရီယိုဖာဒီနန်က ဆိုပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကို သိသာစေခဲ့တဲ့ ယူနိုက်တက်ရဲ့ စတုတ္ထမြောက် ကွာတား ဘဏ္ဍာရေး ရှင်းတမ်းများ ယနေ့ ထွက်ပေါ်လာရာ ပြီးခဲ့တဲ့ ကွာတားထက် ဝင်ငွေ 19% ကျ ဆင်းသွားပြီး ပေါင် ၂၃ သန်း အရှုံးပြခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ကြွေးမြီက ပေါင် ၄၇၄ သန်းထိ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

တရုတ် အခြေစိုက် နာမည်ကြီး ဆိုရှယ်မီဒီယာ တစ်ခု ဖြစ်တဲ့ Weibo မှာ ယူနိုက်တက် ပရိသတ် ၁၀ သန်းထိ ရောက်ရှိသွားပြီ ဖြစ်ပြီး တရုတ်မှာ Follower အများဆုံး ကလပ်အသင်း ဖြစ်လာပါတယ်။

ပဲရစ်မှာ နိုင်ပွဲ ယူလာတဲ့ မန်ချက်စတာ ယူနိုက်တက်ကို အခုချိန်မှာ ရင်ဆိုင်ရမှာက ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ကြောင်း ချယ်ဆီးနည်းပြ လမ်းပတ်က ဝန်ခံလိုက်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် စနေမှာ ချယ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားမှာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ရက်ဖို့ဒ်ကတော့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ နိုင်ပွဲ ရခဲ့ပေမယ့် ဒီပြိုင်ပွဲ နောက်ဆုံး အဆင့်များထိ တက်ရောက်ချင်ရင် ဂိုးရှေ့မှာ ပိုပြီး အဆုံးသတ် ပိုင်နိုင်ဖို့ လိုအပ်ကြောင်း အသင်းဖော်တွေ အား တိုက်တွန်း သတိပေးခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေနာက္ဆံုး ကစားထားတဲ့ ျပိဳင္ပြဲစံု အေ၀းကြင္း ပြဲ ၁၀ ပြဲ ဆက္တိုက္ အနိုင္ရရွိထားျပီး ဒါဟာ အသင္း သမိုင္းမွာ ပထမဆံုး လုပ္ေဆာင္ျပနိုင္တဲ့ နည္းျပ အျဖစ္ ဆိုးရွားက မွတ္တမ္း၀င္ခဲ့ျပီ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ လာမယ့္ သီတင္းပတ္မ်ားထဲမွာ မက္ဂြဲရား၊ ကာဗာနီ၊ လင္ဂတ္၊ ဂရင္း၀ုဒ္၊ ဘိုင္လီတို႔ ပါ၀င္ ကစားနုိင္ျပီး လူစံုတက္စံု ျပန္လာေတာ့မယ္လို႔ နည္းျပ ဆိုးရွားက ျပိဳင္ဘက္ အသင္းေတြအား သတိေပးလိုက္ပါတယ္။

ေနာက္က် သြင္းဂိုးနဲ႔အတူ ယူႏိုက္တက္အတြက္ အဖိုးတန္ႏိုင္ပြဲ ရရွိေစခဲ့တဲ့ မားကပ္ ရက္ရွ္ဖို႔ဒ္ဟာ ႏွိမ့္ခ်တတ္ၿပီး အလုပ္ႀကိဳးစားသလို ဒီပုံစံေကာင္းေတြကို ဆက္ထိန္းသိမ္းႏိုင္ရင္ ကမာၻ႔အဆင့္ ျဖစ္လာႏိုင္တယ္ လို႔ ရီယိုဖာဒီနန္က ဆိုပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ ရိုက္ခတ္မႈကို သိသာေစခဲ့တဲ့ ယူနိုက္တက္ရဲ႕ စတုတၳေျမာက္ ကြာတား ဘ႑ာေရး ရွင္းတမ္းမ်ား ယေန႕ ထြက္ေပၚလာရာ ျပီးခဲ့တဲ့ ကြာတားထက္ ၀င္ေငြ 19% က် ဆင္းသြားျပီး ေပါင္ ၂၃ သန္း အရွံဳးျပခဲ့ပါတယ္။ ဒါ့အျပင္ ယူနိုက္တက္ရဲ႕ ေၾကြးျမီက ေပါင္ ၄၇၄ သန္းထိ ေရာက္ရွိသြားခဲ့တယ္လို႔ သိရပါတယ္။

တရုတ္ အေျခစိုက္ နာမည္ၾကီး ဆိုရွယ္မီဒီယာ တစ္ခု ျဖစ္တဲ့ Weibo မွာ ယူနိုက္တက္ ပရိသတ္ ၁၀ သန္းထိ ေရာက္ရွိသြားျပီ ျဖစ္ျပီး တရုတ္မွာ Follower အမ်ားဆံုး ကလပ္အသင္း ျဖစ္လာပါတယ္။

ပဲရစ္မွာ နုိင္ပြဲ ယူလာတဲ့ မန္ခ်က္စတာ ယူနိုက္တက္ကို အခုခ်ိန္မွာ ရင္ဆိုင္ရမွာက ၾကီးမားတဲ့ စိန္ေခၚမႈ တစ္ခု ျဖစ္ေၾကာင္း ခ်ယ္ဆီးနည္းျပ လမ္းပတ္က ၀န္ခံလိုက္ပါတယ္။ ယူနိုက္တက္ဟာ လာမယ့္ စေနမွာ ခ်ယ္ဆီးကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံကစားမွာ ျဖစ္ပါတယ္။

တိုက္စစ္မွဴး ရက္ဖို႔ဒ္ကေတာ့ ခ်န္ပီယံလိဂ္ အဖြင့္ပြဲမွာ နိုင္ပြဲ ရခဲ့ေပမယ့္ ဒီျပိဳင္ပြဲ ေနာက္ဆံုး အဆင့္မ်ားထိ တက္ေရာက္ခ်င္ရင္ ဂိုးေရွ႕မွာ ပိုျပီး အဆံုးသတ္ ပိုင္နိုင္ဖို႔ လိုအပ္ေၾကာင္း အသင္းေဖာ္ေတြ အား တိုက္တြန္း သတိေပးခဲ့ပါတယ္။