ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (21/10/20)

အာဆင်နယ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက ဂန်းနားအသင်းနဲ့ ရခဲ့တဲ့ ရံှူးပွဲမရှိ ရွှေဖလားကို ချန်ပီယံလိဂ်ဖလားနဲ့ လဲလိုရရင် လဲလိုက်ချင်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေတဲ့ အိုဇေးဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် သူ့ကို စိတ်ဝင်စားနေပါတယ်။

ဖာဘရီဂက်စ်ဟာ အမ်းမရိတ်စ်ကွင်းခေတ်အတွင်း အာဆင်နယ်ရဲ့ ထိပ်တန်းကစားသမား ၅ယောက်ကို ရွေးချယ်ရာမှာ အဆင့်၄အဖြစ် ရမ်ဆေး၊ အဆင့်၃နေရာမှာ ကာဇိုလာနဲ့ အိုဇေးတို့ ၂ယောက်လုံးကိုထားခဲ့ပြီး ဗန်ပါစီနဲ့ ဆန်းချက်တို့ကို အဆင့်၁နဲ့၂အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အသင်းလူစာရင်းနေ ပယ်ထားခံခဲ့ရတဲ့နောက် အိုဇေးအနေနဲ့ နောက်ထပ်အသင်းသစ်နဲ့ သူ့အနာဂတ်အတွက် စတင်လေ့ကျင့်ရေးဆင်းပြီး ပြင်ဆင်ထားသင့်တယ်လို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက အကြံပေးခဲ့ပါတယ်။

ဘိုင်ယန်ကွင်းလယ်လူ အန်ဂျလို စတေလာဟာ အသင်းကနေ ထွက်ခွာဖို့ကို အချိန်ယူ စဉ်းစားနေတာဖြစ်သလို သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးတဲ့ အာဆင်နယ်၊ ဝုလ်ဗ်တို့အနေနဲ့ သူ့အတွက် ထပ်မံကြိုးစားဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။

အင်္ဂလန်ယူ၂၀ကြယ်ပွင့် တိုင်ရိစ် ဂျွန်ဂျူးလက်စ်ဟာ နိုင်ငံအသင်းမှာ ဒဏ်ရာရခဲ့တဲ့နောက် အငှားကလပ် ဒွန်ကက်စတာရိုဗားရဲ့ ပွဲတချို့ကို လွဲချော်ရဦးမှာဖြစ်သလို မိခင်ကလပ် အာဆင်နယ်ထံ ပြန်လာခဲ့ပြီး ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေပါတယ်။

လွန်ခဲ့တဲ့၉နှစ်က အာဆင်နယ်ဟာ ယူနိုက်တက်ကို ၈-၂နဲ့ရှုံးခဲ့တဲ့နောက် ချက်ချင်းဆိုသလို ခံစစ်အားဖြည့်ဖို့အတွက် မန်နေဂျာ အာဆင်ဝင်းဂါးဟာ သူနဲ့အတူ အဲဗာတန်က အာတီတာကိုပါ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ခံစစ်မှူးဟောင်း မာတီဆက်ကာက ပြန်ပြောပြခဲ့ပါတယ်။

အီမီလီယာနို မာတီနက်ဇ်ဟာ ဗီလာအတွက် ၄ပွဲကစားပေးခဲ့ရာ ၃ပွဲ clean sheet ရခဲ့ပြီး လီဗာပူးတစ်သင်းကိုသာ ဂိုးပေးခဲ့ရတာဖြစ်သလို သူဟာ လက်ရှိ အာဆင်နယ်ဂိုးသမား လီနိုထက် ပိုကောင်းတယ်လို့ ကလင်တန် မော်ရီဆန်က ပြောဆိုခဲ့ပါတယ်။

သောမတ်စ်ပါတေးက ရောက်လာတာမကြာသေးပေမယ့် သူဟာ အာဆင်နယ်ထံကို စိတ်ဓာတ်ကောင်းနဲ့ ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်တဲ့ အရည်အသွေးတွေ ယူဆောင်လာပေးမှာဖြစ်တယ်လို့ ရှာကာက ချီးကျူးပြောဆိုခဲ့ပါတယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးက ဂန္းနားအသင္းနဲ႔ ရခဲ့တဲ့ ရံွဴးပြဲမရွိ ေရႊဖလားကို ခ်န္ပီယံလိဂ္ဖလားနဲ႔ လဲလိုရရင္ လဲလိုက္ခ်င္ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္ေနတဲ့ အိုေဇးဟာ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာဖို႔ ရွိေနၿပီး ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ သူ႔ကို စိတ္ဝင္စားေနပါတယ္။

ဖာဘရီဂက္စ္ဟာ အမ္းမရိတ္စ္ကြင္းေခတ္အတြင္း အာဆင္နယ္ရဲ႕ ထိပ္တန္းကစားသမား ၅ေယာက္ကို ေ႐ြးခ်ယ္ရာမွာ အဆင့္၄အျဖစ္ ရမ္ေဆး၊ အဆင့္၃ေနရာမွာ ကာဇိုလာနဲ႔ အိုေဇးတို႔ ၂ေယာက္လုံးကိုထားခဲ့ၿပီး ဗန္ပါစီနဲ႔ ဆန္းခ်က္တို႔ကို အဆင့္၁နဲ႔၂အျဖစ္ သတ္မွတ္ခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ အသင္းလူစာရင္းေန ပယ္ထားခံခဲ့ရတဲ့ေနာက္ အိုေဇးအေနနဲ႔ ေနာက္ထပ္အသင္းသစ္နဲ႔ သူ႔အနာဂတ္အတြက္ စတင္ေလ့က်င့္ေရးဆင္းၿပီး ျပင္ဆင္ထားသင့္တယ္လို႔ နည္းျပေဟာင္း အာဆင္ဝင္းဂါးက အႀကံေပးခဲ့ပါတယ္။

ဘိုင္ယန္ကြင္းလယ္လူ အန္ဂ်လို စေတလာဟာ အသင္းကေန ထြက္ခြာဖို႔ကို အခ်ိန္ယူ စဥ္းစားေနတာျဖစ္သလို သူ႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ဖူးတဲ့ အာဆင္နယ္၊ ဝုလ္ဗ္တို႔အေနနဲ႔ သူ႔အတြက္ ထပ္မံႀကိဳးစားဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာခဲ့ပါတယ္။

အဂၤလန္ယူ၂၀ၾကယ္ပြင့္ တိုင္ရိစ္ ဂြၽန္ဂ်ဴးလက္စ္ဟာ ႏိုင္ငံအသင္းမွာ ဒဏ္ရာရခဲ့တဲ့ေနာက္ အငွားကလပ္ ဒြန္ကက္စတာ႐ိုဗားရဲ႕ ပြဲတခ်ိဳ႕ကို လြဲေခ်ာ္ရဦးမွာျဖစ္သလို မိခင္ကလပ္ အာဆင္နယ္ထံ ျပန္လာခဲ့ၿပီး ျပန္လည္ေကာင္းမြန္လာဖို႔ လုပ္ေဆာင္ေနပါတယ္။

လြန္ခဲ့တဲ့၉ႏွစ္က အာဆင္နယ္ဟာ ယူႏိုက္တက္ကို ၈-၂နဲ႔ရႈံးခဲ့တဲ့ေနာက္ ခ်က္ခ်င္းဆိုသလို ခံစစ္အားျဖည့္ဖို႔အတြက္ မန္ေနဂ်ာ အာဆင္ဝင္းဂါးဟာ သူနဲ႔အတူ အဲဗာတန္က အာတီတာကိုပါ ဝယ္ယူခဲ့တာျဖစ္တယ္လို႔ ခံစစ္မွဴးေဟာင္း မာတီဆက္ကာက ျပန္ေျပာျပခဲ့ပါတယ္။

အီမီလီယာႏို မာတီနက္ဇ္ဟာ ဗီလာအတြက္ ၄ပြဲကစားေပးခဲ့ရာ ၃ပြဲ clean sheet ရခဲ့ၿပီး လီဗာပူးတစ္သင္းကိုသာ ဂိုးေပးခဲ့ရတာျဖစ္သလို သူဟာ လက္ရွိ အာဆင္နယ္ဂိုးသမား လီႏိုထက္ ပိုေကာင္းတယ္လို႔ ကလင္တန္ ေမာ္ရီဆန္က ေျပာဆိုခဲ့ပါတယ္။

ေသာမတ္စ္ပါေတးက ေရာက္လာတာမၾကာေသးေပမယ့္ သူဟာ အာဆင္နယ္ထံကို စိတ္ဓာတ္ေကာင္းနဲ႔ ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းႏိုင္တဲ့ အရည္အေသြးေတြ ယူေဆာင္လာေပးမွာျဖစ္တယ္လို႔ ရွာကာက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။