ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အသင်းကို အနိုင်ယူအပြီး ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ ဆိုးရှား

ချန်ပီယံလိဂ်ပွဲအဖြစ် ပီအက်စ်ဂျီအသင်း အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရာမှာ ယူနိုက်တက်က ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပွဲအစောမှာတင် ဖာနန်ဒက်စ်က ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ရပ်ဖိုဒ့်ရဲ့ တောက်ပမှုနဲ့အတူ မန်ချက်စတာကလပ်က ပြင်သစ်ချန်ပီယံတွေကို အနိုင်ယူခဲ့ပြန်တာပါ။ မက်ဂွဲရား မပါနိုင်ပေမယ့် ခံစစ်ကလည်း မာကျောမှုတွေကို ပြသနိုင်ခဲ့တယ်။

ဆိုးရှားကပဲ ” ကောင်လေးတွေ ကစားနိုင်တယ်။ ဒါကို သူတို့လည်း ပျော်ပါတယ်။ စိတ်ဓါတ်ပိုင်း၊ လုပ်အားနှုန်းနဲ့အတူ နိုင်ငံတကာသီတင်းပတ်ကနေ ပြန်လာပြီးကတည်းက အသင်းသားတွေရဲ့ စိတ်အားတက်ကြွမှုတွေက အမြင့်ဆုံးမှာ ရှိနေခဲ့တယ်။

သူတို့အတွက် ပျော်မိပါတယ်။ ပီအက်စ်ဂျီလိုအသင်းရဲ့ ကစားပုံကို ကြည့်မယ်ဆိုရင် ကျနေ်ာတို့ ကစားတဲ့ နည်းလမ်းနဲ့က အခွင့်အရေး နည်းမယ်ဆိုတာ သိပါတယ်။ ကျနေ်ာတို့ ကစားလိုတဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့တာအတွက် ကောင်လေးတွေကို အသိအမှတ် ပြုရပါမယ်။

ဒီပွဲအတွက် ဖြစ်နိုင်ချေတွေကို ကျနေ်ာတို့ လေ့လာခဲ့ရတယ်။ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်အတွင်း နောက်ဆုံးအဆင့်ထိ ရောက်ခဲ့တဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်တယ်။ ပုံစံကောင်းတွေကို ရရှိဖို့ အချိန် အနည်းငယ် ယူခဲ့ရတယ်ဆိုပေမယ့် ကျနေ်ာတို့ ပုံစံကောင်းတွေ သေချာပေါက် ပြန်ရလာပါပြီ ” လို့ ကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်တယ်။ မန်နေဂျာလမ်းပတ်ရဲ့ အသင်းဟာ တိုက်စစ်ကောင်းပေမယ့် ခံစစ်ပိုင်း ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် ရလဒ်တွေ ထိခိုက်မှုရှိနေတယ်။ ပုံစံကောင်းတွေ ပြန်ရလာတဲ့ ယူနိုက်တက်နဲ့ ချယ်ဆီးပွဲက စောင့်ကြည့်ရမယ့် ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။

ZAWGYI

ခ်န္ပီယံလိဂ္ပြဲအျဖစ္ ပီအက္စ္ဂ်ီအသင္း အိမ္ကြင္းကို သြားေရာက္ ယွဥ္ျပိဳင္ရာမွာ ယူႏိုက္တက္က ၂-၁ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ရသြားခဲ့ပါတယ္။

ပြဲအေစာမွာတင္ ဖာနန္ဒက္စ္က ပင္နယ္တီကေန ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ျပီး ဒီတစ္ၾကိမ္မွာလည္း ရပ္ဖိုဒ့္ရဲ႕ ေတာက္ပမႈနဲ႔အတူ မန္ခ်က္စတာကလပ္က ျပင္သစ္ခ်န္ပီယံေတြကို အႏုိင္ယူခဲ့ျပန္တာပါ။ မက္ဂြဲရား မပါႏုိင္ေပမယ့္ ခံစစ္ကလည္း မာေက်ာမႈေတြကို ျပသႏုိင္ခဲ့တယ္။

ဆိုးရွားကပဲ ” ေကာင္ေလးေတြ ကစားႏုိင္တယ္။ ဒါကို သူတို႔လည္း ေပ်ာ္ပါတယ္။ စိတ္ဓါတ္ပိုင္း၊ လုပ္အားႏႈန္းနဲ႔အတူ နိုင္ငံတကာသီတင္းပတ္ကေန ျပန္လာျပီးကတည္းက အသင္းသားေတြရဲ႕ စိတ္အားတက္ၾကြမႈေတြက အျမင့္ဆံုးမွာ ရွိေနခဲ့တယ္။

သူတို႔အတြက္ ေပ်ာ္မိပါတယ္။ ပီအက္စ္ဂ်ီလိုအသင္းရဲ႕ ကစားပံုကို ၾကည့္မယ္ဆိုရင္ က်ေန္ာတို႔ ကစားတဲ့ နည္းလမ္းနဲ႔က အခြင့္အေရး နည္းမယ္ဆိုတာ သိပါတယ္။ က်ေန္ာတို႔ ကစားလိုတဲ့ ပံုစံအတိုင္း ကစားႏုိင္ခဲ့တာအတြက္ ေကာင္ေလးေတြကို အသိအမွတ္ ျပဳရပါမယ္။

ဒီပြဲအတြက္ ျဖစ္ႏုိင္ေခ်ေတြကို က်ေန္ာတို႔ ေလ့လာခဲ့ရတယ္။ မႏွစ္ကရာသီမွာ ခ်န္ပီယံလိဂ္အတြင္း ေနာက္ဆံုးအဆင့္ထိ ေရာက္ခဲ့တဲ့ အသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ့ရတာျဖစ္တယ္။ ပံုစံေကာင္းေတြကို ရရွိဖို႔ အခ်ိန္ အနည္းငယ္ ယူခဲ့ရတယ္ဆိုေပမယ့္ က်ေန္ာတို႔ ပံုစံေကာင္းေတြ ေသခ်ာေပါက္ ျပန္ရလာပါျပီ ” လို႔ ေၾကြးေၾကာ္ခဲ့တာ ျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ခ်ယ္ဆီးအသင္းနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္တယ္။ မန္ေနဂ်ာလမ္းပတ္ရဲ႕ အသင္းဟာ တိုက္စစ္ေကာင္းေပမယ့္ ခံစစ္ပိုင္း ေျခစြမ္းမတည္ျငိမ္မႈေတြေၾကာင့္ ရလဒ္ေတြ ထိခိုက္မႈရွိေနတယ္။ ပံုစံေကာင္းေတြ ျပန္ရလာတဲ့ ယူႏိုက္တက္နဲ႔ ခ်ယ္ဆီးပြဲက ေစာင့္ၾကည့္ရမယ့္ ပြဲစဥ္ ျဖစ္လာပါလိမ့္မယ္။