ဘောလုံးအစီအစဉ် တင်ဆက်သူ တစ်ဦး ဖြစ်တဲ့ ပီးယာ့ဇ် မော်ဂန် က ချယ်ဆီး တိုက်စစ်သမား ဟက်ဆန် အိုဒွိုင်းဟာ လော့ဒ်ဒေါင်း စည်းမျဉ်း ချိုးဖောက်က အမျိုးသမီး တစ်ဦးကို ခေါ်အိပ်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဘောလုံးကစားခြင်းက်နေ အပြီး ပိတ်လိုက်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။
ဘောလုံးပွဲတွေ ပြန်စဖို့ စည်းမျဥ်းတွေ တင်းတင်းကြပ်ကြပ် ချမှတ် စီစဉ်နေတဲ့ ပရီးမီးယားလိဂ် အတွက် အိုဒွိုင်း လုပ်ရပ်ဟာ ထိတ်လန့်စရာ ဖြစ်ပြီး အသိဉာဏ် မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ မောဂန်က ယုံကြည်နေပါတယ်။
” ဒီငတုံးတွေက ဘောလုံးသမားတွေရဲ့ သိက္ခာကို ဆိုးဆိုးဝါးဝါး ချပစ်နေတာပဲ။ လုံခြုံမှုက အဓိကလို့ စီစဉ်နေတဲ့ ပရီးမီးယားလိဂ်ကို လုံး၀ ဟာသ လုပ်ပစ်လိုက်သလိုပဲ။ သူတို့ဟာ ဒီလို လော့ဒ်ဒေါင်းကာလ စည်းမျဉ်းတွေ ချိုးဖျက်မယ်ဆိုရင် မိလို့ကတော့ ဘောလုံးကစားတာ လုံး၀ ပိတ်ပစ်မယ်လို့ လုပ်သင့်နေတယ်။ ” လို့ မော်ဂန်က တွစ်တာမှာ ရေးသား ထားခဲ့ပါတယ်။
အိုဒွိုင်းရဲ့ ဖြစ်ရပ်ကတော့ ဝေဖန်မှု အငြင်းပွားမှုတွေ ရှိနေဆဲ ဖြစ်ပြီး ရှင်းလင်းတဲ့ သတင်းထုတ်ပြန်ချက်တော့ မရှိသေးပါဘူး။ အိုဒွိုင်းဟာ ပရီးမီးယားလိဂ် ဘောလုံးသမားတွေထဲ ပထမဆုံး ကိုရိုနာ ဗိုင်းရပ်စ် တွေ့ရှိတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ လုပ်ရပ်က ပိုမို ဝေဖန်စရာ ဖြစ်ခဲ့တာပါ။
ကိုရိုနာကြောင့် ဘောလုံးပွဲတွေ မရပ်နားခင်ကတော့ အိုဒွိုင်းဟာ ချယ်ဆီးအသင်း အတွက် ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲ ကစားထားပြီး ဖြစ်ကာ အလားအလာ အကောင်းဆုံး ချယ်ဆီး ကြယ်ပွင့် တစ်ဦးလည်း ဖြစ်ပါတယ်။
Zawgyi – ေဘာလံုးအစီအစဥ္ တင္ဆက္သူ တစ္ဦး ျဖစ္တဲ့ ပီးယာ့ဇ္ ေမာ္ဂန္ က ခ်ယ္ဆီး တုိက္စစ္သမား ဟက္ဆန္ အိုဒြိဳင္းဟာ ေလာ့ဒ္ေဒါင္း စည္းမ်ဥ္း ခ်ိဳးေဖာက္က အမ်ိဳးသမီး တစ္ဦးကို ေခၚအိပ္ခဲ့တဲ့ ျဖစ္ရပ္အေပၚ ျပင္းျပင္းထန္ထန္ ေ၀ဖန္လိုက္ျပီး ေဘာလံုးကစားျခင္းက္ေန အျပီး ပိတ္လိုက္ဖို႔ပါ တိုက္တြန္းလိုက္ပါတယ္။
ေဘာလံုးပြဲေတြ ျပန္စဖို႔ စည္းမ်ဥး္ေတြ တင္းတင္းၾကပ္ၾကပ္ ခ်မွတ္ စီစဥ္ေနတဲ့ ပရီးမီးယားလိဂ္ အတြက္ အိုဒြိဳင္း လုပ္ရပ္ဟာ ထိတ္လန္႔စရာ ျဖစ္ျပီး အသိဥာဏ္ မရွိတဲ့ လုပ္ရပ္ ျဖစ္တယ္လို႔ ေမာဂန္က ယံုၾကည္ေနပါတယ္။
” ဒီငတံုးေတြက ေဘာလံုးသမားေတြရဲ႕ သိကၡာကို ဆိုးဆိုး၀ါး၀ါး ခ်ပစ္ေနတာပဲ။ လံုျခံဳမႈက အဓိကလို႔ စီစဥ္ေနတဲ့ ပရီးမီးယားလိဂ္ကို လံုး၀ ဟာသ လုပ္ပစ္လိုက္သလိုပဲ။ သူတို႔ဟာ ဒီလို ေလာ့ဒ္ေဒါင္းကာလ စည္းမ်ဥ္းေတြ ခ်ိဳးဖ်က္မယ္ဆိုရင္ မိလို႔ကေတာ့ ေဘာလံုးကစားတာ လံုး၀ ပိတ္ပစ္မယ္လို႔ လုပ္သင့္ေနတယ္။ ” လို႔ ေမာ္ဂန္က တြစ္တာမွာ ေရးသား ထားခဲ့ပါတယ္။
အိုဒြိဳင္းရဲ႕ ျဖစ္ရပ္ကေတာ့ ေ၀ဖန္မႈ အျငင္းပြားမႈေတြ ရွိေနဆဲ ျဖစ္ျပီး ရွင္းလင္းတဲ့ သတင္းထုတ္ျပန္ခ်က္ေတာ့ မရွိေသးပါဘူး။ အိုဒြိဳင္းဟာ ပရီးမီးယားလိဂ္ ေဘာလံုးသမားေတြထဲ ပထမဆံုး ကိုရိုနာ ဗိုင္းရပ္စ္ ေတြ႔ရွိတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕ လုပ္ရပ္က ပိုမို ေ၀ဖန္စရာ ျဖစ္ခဲ့တာပါ။
ကိုရိုနာေၾကာင့္ ေဘာလံုးပြဲေတြ မရပ္နားခင္ကေတာ့ အိုဒြိဳင္းဟာ ခ်ယ္ဆီးအသင္း အတြက္ ပရီးမီးယားလိဂ္ပြဲ ၁၇ ပြဲ ကစားထားျပီး ျဖစ္ကာ အလားအလာ အေကာင္းဆံုး ခ်ယ္ဆီး ၾကယ္ပြင့္ တစ္ဦးလည္း ျဖစ္ပါတယ္။