ပီအက်စ်ဂျီကို နိုင်ခဲ့ခြင်းက ယူနိုက်တက်အတွက် ဘယ်လို သက်ရောက်မှု ရှိစေမလဲ ရပ်ဖိုဒ့် ဖွင့်ပြော

မနက်က ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ရက်ဖို့ဒ်က အဆုံးအဖြတ်ဂိုး သွင်းယူခဲ့ပြီး ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိစေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲမှာ ဒီရာသီ သူ့ရဲ့ ၅ဂိုးမြောက်ဂိုးကို သွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကတော့ နည်းပြအပေါ် ယုံကြည်မှုရှိနေတာပဲ ဖြစ်ပါတယ်။ အသက် ၂၂နှစ်အရွယ် ရက်ဖို့ဒ်က အင်္ဂလန်နဲ့ ယူနိုက်တက် အဓိက ကစားသမားတစ်ယောက် ဖြစ်သလို ဒီရာသီမှာ ကွင်းတွင်း ကွင်းပြင် နာမည်သတင်း ပိုမို တောက်ပလာနေသူလည်း ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ဟီးရိုးအဖြစ် တင်စားခံလာရတဲ့ ရပ်ဖိုဒ့်က “ ကျနေ်ာတို့က စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သလို ဒီနိုင်ပွဲကနေ ရှေ့ဆက်မယ့် အနာဂတ်အတွက် ယုံကြည်မှုတွေ ရရှိစေပါတယ်။

ကျွန်တော့်အသင်းကို ကျွန်တော် အမြဲယုံကြည်တယ်၊ ကစားသမားတွေအနေနဲ့ နည်းပြရဲ့ နည်းစနစ်အပေါ် ယုံကြည်ဖို့က အရေးကြီးပါတယ်၊ ဒါကို ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ခက်ခဲခဲ့ပေမယ့် မြင့်မားတဲ့ အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ခဲ့တယ်၊ တခါတလေတော့ ခံစစ်ကို အားထည့်ဆော့ဖို့တော့ လိုခဲ့တယ်။

သူတို့မှာ အံ့ဩစရာကောင်းတဲ့ ကစားသမားအချို့ ရှိပါတယ်၊ ပိတ်ဆော့ရင် ဒုက္ခတွေနိုင်ပေမယ့် နောက်တန်းကစားသမားတွေက မယုံနိုင်စရာကောင်းအောင် ထိန်းချုပ်နိုင်ခဲ့တယ်၊ တစ်ယောက်ချင်း ခုခံတဲ့အခါ ကျွန်တော်တို့က တကယ်ကိုကောင်းကောင်း လုပ်နိုင်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲ ပြန်ကစားရမှာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ကြီး ၆ ကြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ ချဲလ်ဆီးကို လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ချန်ပီယံလိဂ်ပွဲအဖြစ် ဆီးဗီးလာကို သရေကျထားခဲ့ပါတယ်။

ZAWGYI – မနက်က ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ရက်ဖို့ဒ်က အဆုံးအဖြတ်ဂိုး သွင်းယူခဲ့ပြီး ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိစေခဲ့တာဖြစ်ပါတယ်။


အင်္ဂလန်ရဲ့ ဟီးရိုးအဖြစ် တင်စားခံလာရတဲ့ ရပ်ဖိုဒ့်က “ ကျနော်တို့က စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သလို ဒီနိုင်ပွဲကနေ ရှေ့ဆက်မယ့် အနာဂတ်အတွက် ယုံကြည်မှုတွေ ရရှိစေပါတယ်။


