ခုချိန် ယူနိုက်တက်ကို ရင်ဆိုင်ရမှာ စိန်ခေါ်မှုကြီးပဲ လို့ ချယ်ဆီးနည်းပြ လမ်းပတ် ပြောဆို

ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ် အဝေးကွင်းမှာ ပီအက်စ်ဂျီ အသင်းကို အနိုင်ကန်ပြီး အမှတ်ပြည့် ယူလာတဲ့ မန်ချက်စတာ ယူနိုက်တက် ကို ချယ်ဆီးအသင်းက လာမယ့် စနေနေ့မှာ အိုးထရက်ဖို့ဒ် သွားပြီး ရင်ဆိုင်ရမှာက စိန်ခေါ်မှုကြီး တစ်ခု ဖြစ်ကြောင်း ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းကတော့ ညက ဆီဗီလာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးမရှိ သရေနဲ့ပဲ ပြီးဆုံးခဲ့ရပါတယ်။ ယူနိုက်တက်ကတော့ နည်းပြ ဆိုးရှား ထိုင်ခုံလှုပ်လာတဲ့ အနေအထားမှာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၂-၁ နဲ့ နိုင်ပွဲယူထားတာကြောင့် တက်ကြွလို့နေပါတယ်။ ချန်ပီယံလိဂ်ပွဲတွေ အပြီး ပရီးမီးယားလိဂ် မှာတော့ ချယ်ဆီးဟာ ယူနိုက်တက်နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ရမှာ အတွက် ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ယူနိုက်တက်နဲ့ ပွဲဟာ ၎င်းတို့ အတွက် စမ်းသပ်မှု စိန်ခေါ်မှုကြီး ဖြစ်ကြောင်း ဝန်ခံ ပြောဆိုလာပါတယ်။

” မန်ချက်စတာ ယူနိုက်တက်ဟာ ရလဒ်ကောင်း ရထားခဲ့တယ်။ ကျနော်တို့ အနေနဲ့လည်း ဘောလုံးရာသီ ကာလရှည်ကြီးကို ဖြတ်သန်းရမှာပါ အခုက အစောပိုင်းကာလတွေပဲ ရှိပါသေးတယ်။ သိပ်ကောင်းနဲ့ ရလဒ်နဲ့ ပြန်လာတဲ့ ယူနိုက်တက်ကို သွားရင်ဆိုင်ရမှာက တကယ့် စမ်းသပ် စိန်ခေါ်မှုကြီးပါပဲ။ အဲဒီကို ကျနော်တို့ ယုံကြည်မှု အပြည့်နဲ့ သွားရမှာ ဖြစ်တယ်။ ”

” ဒါပေမယ့် ယူနိုက်တက်နဲ့ ပွဲကို ကောင်းစွာ ဖြတ်ကျော်နိုင်ရင် ယုံကြည်မှုကောင်းတွေ ရနိုင်ပါတယ်။ ကျနော်တို့လည်း ပိုပိုပြီး ကောင်းလာနေတယ်။ ကျနော်တို့ အတူလေ့ကျင့်ကြရင်း ကစားသမားတွေချင်း ရလာတဲ့ ဆက်ဆံမှုကောင်းတွေကနေ ဆင့်ပွား အလုပ်လုပ်နေရတာပါ။ ဒါကို ပိုပြီး လုပ်နိုင်လေ ကျနေ်ာတို့ အထိုင်ကျလာလေ ဖြစ်မှာပါ။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

လမ်းပတ်ကတော့ ဆီဗီလာနဲ့ ပွဲမှာ အနိုင်မရခဲ့ပေမယ့် ခါတိုင်း ဂိုးပေးကြမ်းလွန်းတဲ့ ချယ်ဆီး ခံစစ်ဟာ ဒီပွဲမှာတော့ ဂိုး မပေးခဲ့ရတာ အတွက် ကျေနပ်အားရနေပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲစဥ္ အေ၀းကြင္းမွာ ပီအက္စ္ဂ်ီ အသင္းကို အနိုင္ကန္ျပီး အမွတ္ျပည့္ ယူလာတဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကို ခ်ယ္ဆီးအသင္းက လာမယ့္ စေနေန႔မွာ အိုးထရက္ဖို႔ဒ္ သြားျပီး ရင္ဆိုင္ရမွာက စိန္ေခၚမႈၾကီး တစ္ခု ျဖစ္ေၾကာင္း ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ထုတ္ေဖာ္ ေျပာဆိုလုိက္ပါတယ္။

ခ်ယ္ဆီးအသင္းကေတာ့ ညက ဆီဗီလာနဲ႕ ရင္ဆိုင္ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ဂိုးမရွိ သေရနဲ႕ပဲ ျပီးဆံုးခဲ့ရပါတယ္။ ယူနိုက္တက္ကေတာ့ နည္းျပ ဆိုးရွား ထိုင္ခံုလႈပ္လာတဲ့ အေနအထားမွာ ပီအက္စ္ဂ်ီကို အေ၀းကြင္းမွာ ၂-၁ နဲ႕ နိုင္ပြဲယူထားတာေၾကာင့္ တက္ၾကြလို႔ေနပါတယ္။ ခ်န္ပီယံလိဂ္ပြဲေတြ အျပီး ပရီးမီးယားလိဂ္ မွာေတာ့ ခ်ယ္ဆီးဟာ ယူနိုက္တက္နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။

ဒီတစ္ပတ္မွာ ယွဥ္ျပိဳင္ရမွာ အတြက္ ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ယူနိုက္တက္နဲ႕ ပြဲဟာ ၄င္းတို႔ အတြက္ စမ္းသပ္မႈ စိန္ေခၚမႈၾကီး ျဖစ္ေၾကာင္း ၀န္ခံ ေျပာဆိုလာပါတယ္။

” မန္ခ်က္စတာ ယူနိုက္တက္ဟာ ရလဒ္ေကာင္း ရထားခဲ့တယ္။ က်ေနာ္တို႔ အေနနဲ႕လည္း ေဘာလံုးရာသီ ကာလရွည္ၾကီးကို ျဖတ္သန္းရမွာပါ အခုက အေစာပိုင္းကာလေတြပဲ ရွိပါေသးတယ္။ သိပ္ေကာင္းနဲ႕ ရလဒ္နဲ႕ ျပန္လာတဲ့ ယူနိုက္တက္ကို သြားရင္ဆိုင္ရမွာက တကယ့္ စမ္းသပ္ စိန္ေခၚမႈၾကီးပါပဲ။ အဲဒီကို က်ေနာ္တုိ႔ ယံုၾကည္မႈ အျပည့္နဲ႕ သြားရမွာ ျဖစ္တယ္။ ”

” ဒါေပမယ့္ ယူနိုက္တက္နဲ႕ ပြဲကို ေကာင္းစြာ ျဖတ္ေက်ာ္နိုင္ရင္ ယံုၾကည္မႈေကာင္းေတြ ရနိုင္ပါတယ္။ က်ေနာ္တို႔လည္း ပိုပိုျပီး ေကာင္းလာေနတယ္။ က်ေနာ္တို႔ အတူေလ့က်င့္ၾကရင္း ကစားသမားေတြခ်င္း ရလာတဲ့ ဆက္ဆံမႈေကာင္းေတြကေန ဆင့္ပြား အလုပ္လုပ္ေနရတာပါ။ ဒါကို ပိုျပီး လုပ္နုိင္ေလ က်ေန္ာတို႔ အထိုင္က်လာေလ ျဖစ္မွာပါ။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ကေတာ့ ဆီဗီလာနဲ႕ ပြဲမွာ အနိုင္မရခဲ့ေပမယ့္ ခါတိုင္း ဂိုးေပးၾကမ္းလြန္းတဲ့ ခ်ယ္ဆီး ခံစစ္ဟာ ဒီပြဲမွာေတာ့ ဂိုး မေပးခဲ့ရတာ အတြက္ ေက်နပ္အားရေနပါတယ္။