ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (22/10/20)

ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လီဟာ နောက်ထပ် ကြွက်သားဒဏ်ရာတစ်ခု ထပ်ရခဲ့တဲ့နောက် နိုဝင်ဘာလလယ် အထိ အနားယူရမှာဖြစ်သလို ချယ်ဆီး၊ လိုက်ပ်ဇစ်၊ အာဆင်နယ်၊ အစ္စတန်ဘူလ်၊ အဲဗာတန်တို့နဲ့ ပွဲတွေကို လွဲချော်ရတော့မှာပါ။

ဖီးဂျုံးစ်ဟာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် လူစာရင်းတွေကနေ ချန်လှပ်ခံခဲ့ရတဲ့နောက် သရဲနီကစားသမားဘဝ အဆုံးသတ်ဖို့ နီးစပ်လာနေပြီဖြစ်ပြီး ယူနိုက်တက်ဟာလဲ သူ့ကို ပေါင်သန်း၂၀နဲ့ ရောင်းချဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ကွင်းလယ်လူ ဖရက်ဟာ ယူနိုက်တက်ရဲ့ အားနည်းတဲ့ အချိတ်အဆက် ဖြစ်နေပြီး ဘောလုံးဘယ်လိုပေးရမလဲဆိုတာ မသိသလို တစ်ပွဲမှာ သုံးလေးကြိမ်လောက် ဘောလုံး ပျက်တတ်တယ်လို့ ဝက်ဖို့ဒ် တိုက်စစ်မှူး ထရွိုင်ဒီးနီက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ တွမ်ဇီဘီဟာ အထင်ကြီးစရာ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့နောက် အိုးလ်ထရက်ဖို့ဒ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်တဲ့ အရည်အသွေးတွေ ရှိနေပြီဆိုတာ သက်သေပြခဲ့တာ ဖြစ်တယ်လို့ ရိုင်ယန်ဂစ်က ယုံကြည်နေပါတယ်။

ရုန်းကန်နေရတဲ့ ဒီဂီယာဟာ ပေးဂိုးမရှိ ကလင်းရှိပွဲ မရသေးပေမယ့်လဲ ဒင်းဟန်ဒါဆန် ရောက်လာတဲ့နောက် နေရာပျောက်မှာကြောက်တာကြောင့် ပုံစံကောင်းတွေ ပြန်လည်ရရှိခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့တာပါလို့ ဒါရန်း ဖလက်ချာက ဆိုပါတယ်။

မိတ်လန်နိုင်းစ်ဟာ နွေအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်၊ ဝုလ်ဗ်တို့ထံ ပြောင်းဖို့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့် အာတီတာရဲ့ ယုံကြည်ပေးမှုကြောင့် အာဆင်နယ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပေါ့ဘာကို လေးငါးနှစ်လောက် စာချုပ်သက်တမ်းတိုးချင်ပြီး ကွင်းလယ်လူကတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အိမ်မက်မက်နေပါတယ်။ ဒါပေမယ့် စပိန်ကလပ်က သူ့ကိုခေါ်ဖို့ စိတ်မဝင်စားဘူးလို့ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Zawgyi – ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လီဟာ နောက်ထပ် ကြွက်သားဒဏ်ရာတစ်ခု ထပ်ရခဲ့တဲ့နောက် နိုဝင်ဘာလလယ် အထိ အနားယူရမှာဖြစ်သလို ချယ်ဆီး၊ လိုက်ပ်ဇစ်၊ အာဆင်နယ်၊ အစ္စတန်ဘူလ်၊ အဲဗာတန်တို့နဲ့ ပွဲတွေကို လွဲချော်ရတော့မှာပါ။





