ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (22/10/20)

အသင်း ထရိန်နင်ကို နောက်ကျ ရောက်လာပြီး စည်းကမ်းပိုင်း လျော့ရဲမှုတွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် လူငယ်တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်ကို ယူနိုက်တက် အသင်း အကြီးအကဲတွေက စိတ်ပျက်နေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

အရန် ဂိုးသမား ဆာဂျီယို ရိုမဲရိုးဟာ လာမယ့် သီတင်းပတ်ထဲမှာ အသင်း အကြီးအကဲ အက်ဝုဒ်ဝပ်နဲ့ ၎င်း အနာဂတ် ကိစ္စ အကျေအလည် ထိပ်တိုက် ဆွေးနွေး လိုနေတယ် လို့ သိရပါတယ်။ ရိုမဲရိုးဟာ ပြီးခဲ့တဲ့ နွေက အသင်းပြောင်းလိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မွန်ချင်ဂလာဘတ် ကွင်းလယ်ခံစစ်သမား ဒင်းနစ် ဇာကာရီရာ ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ပရီးမီးယားလိဂ်မှ ယူနိုက်တက်နဲ့ ချယ်ဆီး တို့ အပြင် ဘိုင်ယန်မြူးနစ် အသင်းကပါ ပါဝင်လာပါတယ်။ ဂျာမန်ကလပ်ကတော့ ဇာကာရီရာ အတွက် ပေါင် ၄၅ သန်း အလိုရှိနေပါတယ်။

မှတ်တမ်းကောင်းတွေ ရှိထားတဲ့ လိုင်လီအသင်းရဲ့ အားကစား ဒါရိုက်တာ လူးဝစ်ကမ်ပို့စ် က ရာထူးကနေ နှုတ်ထွက်ဖို့ ရှိနေတာကြောင့် ယူနိုက်တက်က ခေါ်ယူဖို့ စောင့်ကြည့်လေ့လာနေပါတယ်။

ချယ်ဆီး အားထားရတဲ့ တောင်ပံ တိုက်စစ်သမား ပူလီဆစ်ဟာ ဒဏ်ရာ လုံး၀ အရှင်း ပျောက်ကင်းပြီ ဖြစ်တဲ့ အပြင် ယူနိုက်တက်နဲ့ ပွဲမှာ မိနစ် ၉၀ ပြည့် ပါဝင် ကစားဖို့ပါ အသင့် ရှိနေပြီ ဖြစ်ကြောင်း ကြံ့ခိုင်မှု အခြေအနေကို အသိပေးထားပါတယ်။

ဗန်ဒိုက် ဒဏ်ရာရခဲ့ပြီး လော်ဗရန်ကိုလဲ ထွက်ခွာခွင့်ပေးခဲ့တဲ့ လီဗာပူးဟာ ဗဟိုခံစစ်မှာ အားနည်းသွားခဲ့ပြီဖြစ်တာကြောင့် ယူနိုက်တက် ပစ်မှတ်ဖြစ်နေတဲ့ လိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အငှားလွှတ်ထားတဲ့ ဒင်းဟန်ဒါဆန်ကို အသင်းထံ ပြန်လည် ခေါ်ယူလိုက်တာက ယူနိုက်တက် ပွဲထွက် ဂိုးသမား ဒီဂီယာကို တွန်းအားဖြစ်စေခဲ့ပြီး လက်စွမ်းကောင်းများ ပြန်ပြသနိုင်လာတာ ဖြစ်တယ်လို့ ဖလက်ချာက သုံးသပ် ခဲ့ပါတယ်။

Zawgyi – အသင္း ထရိန္နင္ကို ေနာက္က် ေရာက္လာျပီး စည္းကမ္းပိုင္း ေလ်ာ့ရဲမႈေတြ ရွိေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ လူငယ္တိုက္စစ္သမား ေမဆန္ ဂရင္း၀ုဒ္ကို ယူနိုက္တက္ အသင္း အၾကီးအကဲေတြက စိတ္ပ်က္ေနေၾကာင္း သတင္း ထြက္ေပၚေနပါတယ္။

အရန္ ဂိုးသမား ဆာဂ်ီယို ရိုမဲရိုးဟာ လာမယ့္ သီတင္းပတ္ထဲမွာ အသင္း အၾကီးအကဲ အက္၀ုဒ္၀ပ္နဲ႕ ၄င္း အနာဂတ္ ကိစၥ အေက်အလည္ ထိပ္တိုက္ ေဆြးေႏြး လိုေနတယ္ လို႔ သိရပါတယ္။ ရိုမဲရိုးဟာ ျပီးခဲ့တဲ့ ေႏြက အသင္းေျပာင္းလိုခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

မြန္ခ်င္ဂလာဘတ္ ကြင္းလယ္ခံစစ္သမား ဒင္းနစ္ ဇာကာရီရာ ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲ ပရီးမီးယားလိဂ္မွ ယူနိုက္တက္နဲ႕ ခ်ယ္ဆီး တို႔ အျပင္ ဘိုင္ယန္ျမဴးနစ္ အသင္းကပါ ပါ၀င္လာပါတယ္။ ဂ်ာမန္ကလပ္ကေတာ့ ဇာကာရီရာ အတြက္ ေပါင္ ၄၅ သန္း အလိုရွိေနပါတယ္။

မွတ္တမ္းေကာင္းေတြ ရွိထားတဲ့ လိုင္လီအသင္းရဲ႕ အားကစား ဒါရိုက္တာ လူး၀စ္ကမ္ပို႔စ္ က ရာထူးကေန ႏႈတ္ထြက္ဖို႔ ရွိေနတာေၾကာင့္ ယူနိုက္တက္က ေခၚယူဖို႔ ေစာင့္ၾကည့္ေလ့လာေနပါတယ္။

ခ်ယ္ဆီး အားထားရတဲ့ ေတာင္ပံ တိုက္စစ္သမား ပူလီဆစ္ဟာ ဒဏ္ရာ လံုး၀ အရွင္း ေပ်ာက္ကင္းျပီ ျဖစ္တဲ့ အျပင္ ယူနိုက္တက္နဲ႕ ပြဲမွာ မိနစ္ ၉၀ ျပည့္ ပါ၀င္ ကစားဖို႔ပါ အသင့္ ရွိေနျပီ ျဖစ္ေၾကာင္း ၾကံ႕ခိုင္မႈ အေျခအေနကို အသိေပးထားပါတယ္။

ဗန္ဒိုက္ ဒဏ္ရာ ရခဲ့ၿပီး ေလာ္ဗရန္ကိုလဲ ထြက္ခြာခြင့္ေပးခဲ့တဲ့ လီဗာပူးဟာ ဗဟိုခံစစ္မွာ အားနည္းသြားခဲ့ၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္ ပစ္မွတ္ျဖစ္ေနတဲ့ လိုက္ပ္ဇစ္ရဲ႕ အူပါမီကာႏိုကို ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ ၾကိဳးစားေတာ့မွာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ရာသီက အငွားလႊတ္ထားတဲ့ ဒင္းဟန္ဒါဆန္ကို အသင္းထံ ျပန္လည္ ေခၚယူလိုက္တာက ယူနိုက္တက္ ပြဲထြက္ ဂိုးသမား ဒီဂီယာကို တြန္းအားျဖစ္ေစခဲ့ျပီး လက္စြမ္းေကာင္းမ်ား ျပန္ျပသနိုင္လာတာ ျဖစ္တယ္လို႔ ဖလက္ခ်ာက သံုးသပ္ ခဲ့ပါတယ္။