ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (22/10/20)

လမ်းပတ်ဟာ ကွင်းလယ်ခံစစ် ကစားသမား တစ်ယောက် အသစ်ခေါ်ယူဖို့ အလိုရှိနေပြီး မွန်ချင်ဂလာဘတ် ကွင်းလယ်လူ ဒင်းနစ် ဇာကာရီရာကို စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက်နဲ့ အပြိုင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ချယ်ဆီး လူစာရင်းမှာ ပီတာချက် ပြန်ပါလာခဲ့တဲ့နောက် ကလပ်ဂန္တဝင် ဒရော့ဘာက သူလဲ မကြာခင် လေ့ကျင့်ရေးပြန်ဆင်းတော့မယ်လို့ အရွှန်းဖောက်ခဲ့သလို ဒါရန်းဘန့်ကလဲ ကီပါထက်စာရင် ပီတာချက်ကို နေရာ ပေးတာ ပိုကောင်းမယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ဝက်စ်ဘရွန်း၊ ဆောက်သမ်တန်တို့ကို ၃ဂိုး ပေးခဲ့ရပေမယ့် ဆီးဗီးလားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ သူတို့ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီး ခံစစ် တောင့်တင်းတဲ့ အသင်းဆိုတာ ပြသခဲ့တာ ဖြစ်တယ်လို့ ဘင်ချီဝဲက ဆိုပါတယ်။

အက်စ်တွန်ဗီလာမှာ ရော့စ်ဘာကလေဟာ အကောင်းဆုံး ပုံစံတွေ ရရှိနေပြီး ၂ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် သူ့ကို အပြီးသတ်ခေါ်ယူနိုင်ဖို့နဲ့ ပတ်သက်လို့ ချယ်ဆီးနဲ့ ဘာဆွေးနွေးမှုမှု မလုပ်ရသေးဘူးလို့ နည်းပြဒင်းစမစ်က ဖွင့်ဟခဲ့ပါတယ်။

နွေမှာ ပေါင် သန်း၂၀၀ကျော် သုံးစွဲခဲ့ပြီးတဲ့ ချယ်ဆီးဟာ နည်းပြ လမ်းပတ် အကြိုက်မတွေ့တဲ့ ကီပါ၊ အလွန်ဆို၊ အီမာဆန်၊ ဘာဘာရာမန်တို့ကို လာမယ့် ဇန်နဝါရီမှာ ရောင်းချကာ ရှင်းလင်းရေးလုပ်ဖို့ အလိုရှိနေပြီး သူတို့ကို ရောင်းချရာကနေ ပေါင် သန်း ၅၀ လောက် ရရှိနိုင်ဖွယ် ရှိပါတယ်။

ချယ်ဆီး လူစာရင်းမှာ ပီတာချက် ပါဝင်လာတဲ့နောက် ဂိမ်းထဲမှာသာ သူနဲ့ ကစားခဲ့ဖူးတဲ့ ဂျော်ဂျင်ဟိုက အပြင်မှာ အတူတွဲကစားဖို့ စိတ်လှုပ်ရှားနေပြီး ချက်အနေနဲ့ အသင်းကို အောင်မြင်အောင် ကူညီပေးနိုင်ဆဲ ဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဂန္တဝင် ဂီယန်ဖရန်ကိုဇိုလာက ပီတာချက်ရဲ့ မယုံနိုင်စရာကောင်းတဲ့ အရည်အသွေးနဲ့ အတွေ့အကြုံ ရင့်ကျက်မှုအပေါ် သံသယမရှိနေပေမယ့် အသက် ၃၈နှစ် အရွယ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေကို စိုးရိမ်နေပါတယ်။

Zawgyi – လမ္းပတ္ဟာ ကြင္းလယ္ခံစစ္ ကစားသမား တစ္ေယာက္ အသစ္ေခၚယူဖို႔ အလိုရွိေနၿပီး မြန္ခ်င္ဂလာဘတ္ ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီရာကို စိတ္ဝင္စားေနသလို ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ယူႏိုက္တက္နဲ႔ အၿပိဳင္ ၾကိဳးစားရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး လူစာရင္းမွာ ပီတာခ်က္ ျပန္ပါလာခဲ့တဲ့ေနာက္ ကလပ္ဂႏၲဝင္ ဒေရာ့ဘာက သူလဲ မၾကာခင္ ေလ့က်င့္ေရးျပန္ဆင္းေတာ့မယ္လို႔ အ႐ႊန္းေဖာက္ခဲ့သလို ဒါရန္းဘန႔္ကလဲ ကီပါထက္စာရင္ ပီတာခ်က္ကို ေနရာ ေပးတာ ပိုေကာင္းမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဝက္စ္ဘ႐ြန္း၊ ေဆာက္သမ္တန္တို႔ကို ၃ဂိုး ေပးခဲ့ရေပမယ့္ ဆီးဗီးလားနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲမွာ သူတို႔ဟာ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေနၿပီး ခံစစ္ ေတာင့္တင္းတဲ့ အသင္းဆိုတာ ျပသခဲ့တာ ျဖစ္တယ္လို႔ ဘင္ခ်ီဝဲက ဆိုပါတယ္။

အက္စ္တြန္ဗီလာမွာ ေရာ့စ္ဘာကေလဟာ အေကာင္းဆုံး ပုံစံေတြ ရရွိေနၿပီး ၂ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္ သူ႔ကို အၿပီးသတ္ေခၚယူႏိုင္ဖို႔နဲ႔ ပတ္သက္လို႔ ခ်ယ္ဆီးနဲ႔ ဘာေဆြးေႏြးမႈမႈ မလုပ္ရေသးဘူးလို႔ နည္းျပဒင္းစမစ္က ဖြင့္ဟခဲ့ပါတယ္။

ေႏြမွာ ေပါင္ သန္း၂၀၀ေက်ာ္ သုံးစြဲခဲ့ၿပီးတဲ့ ခ်ယ္ဆီးဟာ နည္းျပ လမ္းပတ္ အႀကိဳက္မေတြ႕တဲ့ ကီပါ၊ အလြန္ဆို၊ အီမာဆန္၊ ဘာဘာရာမန္တို႔ကို လာမယ့္ ဇန္နဝါရီမွာ ေရာင္းခ်ကာ ရွင္းလင္းေရးလုပ္ဖို႔ အလိုရွိေနၿပီး သူတို႔ကို ေရာင္းခ်ရာကေန ေပါင္ သန္း ၅၀ ေလာက္ ရရွိႏိုင္ဖြယ္ ရွိပါတယ္။

ခ်ယ္ဆီး လူစာရင္းမွာ ပီတာခ်က္ ပါဝင္လာတဲ့ေနာက္ ဂိမ္းထဲမွာသာ သူနဲ႔ ကစားခဲ့ဖူးတဲ့ ေဂ်ာ္ဂ်င္ဟိုက အျပင္မွာ အတူတြဲကစားဖို႔ စိတ္လႈပ္ရွားေနၿပီး ခ်က္အေနနဲ႔ အသင္းကို ေအာင္ျမင္ေအာင္ ကူညီေပးႏိုင္ဆဲ ျဖစ္တယ္လို႔ ယုံၾကည္ေၾကာင္းေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဂႏၲဝင္ ဂီယန္ဖရန္ကိုဇိုလာက ပီတာခ်က္ရဲ႕ မယုံႏိုင္စရာေကာင္းတဲ့ အရည္အေသြးနဲ႔ အေတြ႕အႀကဳံ ရင့္က်က္မႈအေပၚ သံသယမရွိေနေပမယ့္ အသက္ ၃၈ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ သူ႔ရဲ႕ႀကံ့ခိုင္မႈ အေျခအေနကို စိုးရိမ္ေနပါတယ္။