ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (22/10/20)

အာဆင်နယ်ဟာ ယနေ့ည ယူရိုပါလိဂ်မှာ ရက်ပစ်ဗီယင်နာအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဩစတြီးယန်းသားတွေကတော့ ယူရိုပါလိဂ် ချန်ပီယံဖြစ်ချင်နေတဲ့ အာဆင်နယ်ကို လွယ်လွယ်နဲ့ ဖြတ်ကျော်ခွင့်မပေးပဲ ပြန်လည် တိုက်ခိုက်မှာပါလို့ အသင်းနည်းပြက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ လူစာရင်းတွေကနေ ချန်လှပ်ခံခဲ့ရတဲ့နောက် အိုဇေးလ်က သူဟာ အသင်းအပေါ်သစ္စာရှိခဲ့သလောက် အသင်းက သူ့အပေါ် အပြန်အလှန် သစ္စာ မထားခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်း တွစ်တာမှာ ဖွင့်ဟခဲ့ပါတယ်။

ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် လူစာရင်းကနေ အိုဇေးကို ချန်လှပ်ထားခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ပေါလ်မာဆွန်က အံ့အားသင့်ခဲ့ပြီး အရည်အချင်းရှိတဲ့သူကို ပစ်ပယ်ထားတာက ကြီးမားတဲ့ စွန့်စားမှု ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

မတ်လကတည်းက အာဆင်နယ် အတွက် ကစားပေးခွင့် မရခဲ့တဲ့နောက် အိုဇေးဟာ အသင်းနဲ့ အဆင်မပြေဖြစ်နေပေမယ့် သူ့အနာဂတ်ကို ဆုံးဖြတ်ချက်မချင်ခင်အထိ အသင်းဖော်အားလုံးက သူ့ကို ထောက်ခံ အားပေးနေမှာပါလို့ မိတ်လန်နိုင်းစ်က ဆိုပါတယ်။

အိုဇေးက အာဆင်နယ်ကို သစ္စာမရှိဘူးလို့ဆိုပြီး တွစ်တာမှာ သူ့ခံစားချက်တွေကို ဖွင့်ဟခဲ့ပြီးနောက် အာတီတာက မိမိအနေနဲ့ အိုဇေးရဲ့ အကောင်းဆုံးပုံစံ ရရှိအောင် မဆွဲထုတ်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး ဒါကြောင့်ပဲ ချန်လှပ် ထားခဲ့ရတာပါလို့ ရှင်းပြခဲ့ပါတယ်။

ရော်နယ်ဒိုလက်သစ်ဖြစ်လာတဲ့ စပို့တင်းလစ္စဘွန်း ကြယ်ပွင့် ဂျိုဝယ်ဆန် ဖာနန်ဒက်စ်ကို အာဆင်နယ်က စိတ်ဝင်စားနေပေမယ့် အသက်၁ ၇နှစ် အရွယ် ကစားသမားကို ခေါ်ယူနိုင်ရေးမှာ ဂျူဗီ၊ ဘာကာ၊ ဒေါ့မွန်၊ အေဂျက်တို့နဲ့ ပြိုင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ နွေအပြောင်းအရွှေ့မှာ အော်ဝါကို မခေါ်နိုင်ခဲ့တဲ့နောက် ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ကြိုးစားခဲ့ပြီး ဩဂုတ်လအစမှာ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ နီးစပ်ခဲ့ဖူးပေမယ့် ပြင်သစ်သားက ဘာကာမှာ ဆက်လက် တိုက်ပွဲဝင်ဖို့ ရွေးချယ်ခဲ့တာ လို့ သိရပါတယ်။

အူဘာမီးယန်းဟာ စာချုပ်သစ် ချုပ်ဆိုပြီးနောက်ပိုင်း ဂိုးပေါက် ပျောက်နေခဲ့ပေမယ့် နည်းပြ အာတီတာကတော့ တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်နေပြီး ဂိုးမိုးခေါင်မှုအတွက် မစိုးရိမ်ပဲ အချိန်တန်ရင် ဂိုး ရလာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ယေန႔ည ယူ႐ိုပါလိဂ္မွာ ရက္ပစ္ဗီယင္နာအသင္းနဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး ဩစႀတီးယန္းသားေတြကေတာ့ ယူ႐ိုပါလိဂ္ ခ်န္ပီယံျဖစ္ခ်င္ေနတဲ့ အာဆင္နယ္ကို လြယ္လြယ္နဲ႔ ျဖတ္ေက်ာ္ခြင့္မေပးပဲ ျပန္လည္ တိုက္ခိုက္မွာပါလို႔ အသင္းနည္းျပက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ လူစာရင္းေတြကေန ခ်န္လွပ္ခံခဲ့ရတဲ့ေနာက္ အိုေဇးလ္က သူဟာ အသင္းအေပၚသစၥာရွိခဲ့သေလာက္ အသင္းက သူ႔အေပၚ အျပန္အလွန္ သစၥာ မထားခဲ့တဲ့အတြက္ စိတ္မေကာင္း ျဖစ္ရေၾကာင္း တြစ္တာမွာ ဖြင့္ဟခဲ့ပါတယ္။

ယူ႐ိုပါလိဂ္နဲ႔ ပရီးမီးယားလိဂ္ လူစာရင္းကေန အိုေဇးကို ခ်န္လွပ္ထားခဲ့တဲ့ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္ကို ေပါလ္မာဆြန္က အံ့အားသင့္ခဲ့ၿပီး အရည္အခ်င္းရွိတဲ့သူကို ပစ္ပယ္ထားတာက ႀကီးမားတဲ့ စြန႔္စားမႈ ျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

မတ္လကတည္းက အာဆင္နယ္ အတြက္ ကစားေပးခြင့္ မရခဲ့တဲ့ေနာက္ အိုေဇးဟာ အသင္းနဲ႔ အဆင္မေျပျဖစ္ေနေပမယ့္ သူ႔အနာဂတ္ကို ဆုံးျဖတ္ခ်က္မခ်င္ခင္အထိ အသင္းေဖာ္အားလုံးက သူ႔ကို ေထာက္ခံ အားေပးေနမွာပါလို႔ မိတ္လန္ႏိုင္းစ္က ဆိုပါတယ္။

အိုေဇးက အာဆင္နယ္ကို သစၥာမရွိဘူးလို႔ဆိုၿပီး တြစ္တာမွာ သူ႔ခံစားခ်က္ေတြကို ဖြင့္ဟခဲ့ၿပီးေနာက္ အာတီတာက မိမိအေနနဲ႔ အိုေဇးရဲ႕ အေကာင္းဆုံးပုံစံ ရရွိေအာင္ မဆြဲထုတ္ႏိုင္ခဲ့ဘူးလို႔ ဝန္ခံခဲ့ၿပီး ဒါေၾကာင့္ပဲ ခ်န္လွပ္ ထားခဲ့ရတာပါလို႔ ရွင္းျပခဲ့ပါတယ္။

ေရာ္နယ္ဒိုလက္သစ္ျဖစ္လာတဲ့ စပို႔တင္းလစၥဘြန္း ၾကယ္ပြင့္ ဂ်ိဳဝယ္ဆန္ ဖာနန္ဒက္စ္ကို အာဆင္နယ္က စိတ္ဝင္စားေနေပမယ့္ အသက္ ၁၇ႏွစ္ အ႐ြယ္ ကစားသမားကို ေခၚယူႏိုင္ေရးမွာ ဂ်ဴဗီ၊ ဘာကာ၊ ေဒါ့မြန္၊ ေအဂ်က္တို႔နဲ႔ ၿပိဳင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေႏြအေျပာင္းအေ႐ႊ႕မွာ ေအာ္ဝါကို မေခၚႏိုင္ခဲ့တဲ့ေနာက္ ဂရစ္ဇ္မန္းကို ေခၚယူဖို႔ႀကိဳးစားခဲ့ၿပီး ဩဂုတ္လအစမွာ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔ နီးစပ္ခဲ့ဖူးေပမယ့္ ျပင္သစ္သားက ဘာကာမွာ ဆက္လက္ တိုက္ပြဲဝင္ဖို႔ ေ႐ြးခ်ယ္ခဲ့တာ လို႔ သိရပါတယ္။

အူဘာမီးယန္းဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီးေနာက္ပိုင္း ဂိုးေပါက္ ေပ်ာက္ေနခဲ့ေပမယ့္ နည္းျပ အာတီတာကေတာ့ တိုက္စစ္မႉးရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္ေနၿပီး ဂိုးမိုးေခါင္မႈအတြက္ မစိုးရိမ္ပဲ အခ်ိန္တန္ရင္ ဂိုး ရလာလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။