သီယေဂို ဆေးလ်ဗား အတွက် စကားပြန် လုပ်ပေးနေတဲ့ ဂျော်ဂျင်ဟိုနဲ့ အသင်းသားတွေ ဆက်ဆံရေး

ချယ်ဆီးအသင်းရဲ့ ဝါရင့် ခံစစ်မှူးကြီး သီယေဂို ဆေးလ်ဗား ဟာ ၎င်းရဲ့ အတွေ့အကြုံကောင်းတွေနဲ့ အသင်းကို အကူအညီကောင်းတွေ ပေးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ လုပ်နိုင်ခွင့်တွေကို အကန့်အသတ် ဖြစ်နေသေးတာက ဘာသာစကား ဖြစ်ပြီး ချယ်ဆီး ကွင်းလယ်သမား ဂျော်ဂျင်ဟိုက သီယေဂို ကို ကွင်းထဲမှာ လိုအပ်တဲ့ ရှင်းပြမှုတွေနဲ့ ထပ်မံ ကူညီပေးနေကြောင်း သိရပါတယ်။

အီတလီသား ဖြစ်တဲ့ ဂျော်ဂျင်ဟို က ပေါ်တူဂီစကား ကျွမ်းကျင်စွာ ပြောနိုင်သူ ဖြစ်လို့ ဘရာဇီးသားကြီး အတွက် အင်္ဂလန်မှာ ဘောလုံးဆိုင်ရာ ဝေါဟာရတွေ နားလည်ဖို့ ကူညီ ရှင်းပြပေးနေပါတယ်။ သီယေဂို အနေနဲ့ အဲဒါမှသာ အသင်းဖော်တွေနဲ့ ပြောဆိုဆက်သွယ်ရ လွယ်ကူလာစေကြောင်း ဂျော်ဂျင်ဟိုက ဖွင့်ဟခဲ့ပါတယ်။

” သူ (သီယေဂို ဆေးလ်ဗား)က နားမလည်တာ မသေချာတာ ရှိရင် ကျနော့်ကို လာမေးတတ်တယ်။ ကျနော်လည်း တတ်နိုင်သလောက် သူ့ကို ကြိုးစား ကူညီပေးနေပါတယ်။ ကျနော့် အင်္ဂလိပ်စာကလည်း သိပ် အကောင်းကြီး မဟုတ်ဘူးလေ။ ကွင်းထဲမှာ ရှေ့တက် နောက်ဆုတ် ကစားပုံ ပြောင်း စတဲ့ အသုံးတွေ သူ နားလည်းအောင် ရှင်းပြပေးထားတယ်။ ဒါတွေက ကွင်းထဲမှာ လိုကို လိုတာလေ။ ကျနော်တို့ အချင်းချင်း ကူညီဖို့ ကြိုးစားနေကြပါတယ်။ ကွင်းထဲရော ကွင်းပြင်ရော ဒါတွေ လုပ်နေရမှာပါ။

သူက ဒီမှာ ပျော်နေပါပြီ။ တကယ့် လူကြီးလူကောင်း အတွေ့အကြုံတွေ များတဲ့ ကစားသမားကောင်း တစ်ယောက် ဖြစ်တယ်။ သူက အသင်းသားတွေ အားလုံး အုပ်စုလိုက်ရော လူငယ်တွေရော အားလုံးကို ကူညီပေးနေပါပြီ။ ဘယ်လို ဆက်သွယ် ပြောဆိုရမလဲ နည်းလမ်း ရှာ ပြောတယ်။ တခါတလေ ခြေဟန် လက်ဟန်၊ သူ မပြောတတ်တော့ရင် ကျနော့်ကို လာပြောတော့ ကျနော် က ပြန် ဘာသာပြန်ပေးတယ် အဲဒီလိုပေါ့။

သူက အများကြီးလည်း ပြောဆိုတယ် အများကြီးလည်း ကူညီပေးထားပါတယ်။ ခံစစ်ပိုင်းမှာ ဆို သူက တကယ့် အတွေ့အကြုံကောင်းတွေ ရှိထားတယ်။ ဘောလုံးကိုလည်း ဗျူဟာကျကျ နားလည်တယ် ဒီတော့ ဒါတွေနဲ့ ကျနော်တို့ အားလုံးကို အများကြီး ပြန်ကူညီတယ်။ သူက အဆင့်မြင့်တဲ့ လယ်ဗယ် တစ်ခုမှာ အကြာကြီး ကစားခဲ့သူပါ။ ဒါကြောင့်လည်း ကွင်းထဲမှာ သူက ဂရိတ် ကစားသမား တစ်ဦး ဖြစ်နေတာ မြင်သာစေတယ်။ ” လို့ ဂျော်ဂျင်ဟိုက ဖွင့်ဟခဲ့ပါတယ်။

သီယေဂို ဆေးလ်ဗား အနေနဲ့ ခံစစ်လိုင်းမှာတော့ ပြင်သစ်လို ပြောဆို ဆက်သွယ်ရ အဆင်ပြေနေပြီး အခြား အသင်းဖော်များနဲ့ ပြောဆိုဖို့တော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ၎င်းသာ အင်္ဂလိပ်လို ပိုပြီး ကျွမ်းကျင်လာရင် ချယ်ဆီး တစ်သင်းလုံး အတွက် ပို အကျိုး ဖြစ်ဖို့သာ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ၀ါရင့္ ခံစစ္မွဴးၾကီး သီေယဂို ေဆးလ္ဗား ဟာ ၄င္းရဲ႕ အေတြ႔အၾကံဳေကာင္းေတြနဲ႕ အသင္းကို အကူအညီေကာင္းေတြ ေပးေနျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ၄င္းရဲ႕ လုပ္နုိင္ခြင့္ေတြကို အကန္႔အသတ္ ျဖစ္ေနေသးတာက ဘာသာစကား ျဖစ္ျပီး ခ်ယ္ဆီး ကြင္းလယ္သမား ေဂ်ာ္ဂ်င္ဟိုက သီေယဂို ကို ကြင္းထဲမွာ လိုအပ္တဲ့ ရွင္းျပမႈေတြနဲ႕ ထပ္မံ ကူညီေပးေနေၾကာင္း သိရပါတယ္။

အီတလီသား ျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟို က ေပၚတူဂီစကား ကၽြမ္းက်င္စြာ ေျပာနိုင္သူ ျဖစ္လို႔ ဘရာဇီးသားၾကီး အတြက္ အဂၤလန္မွာ ေဘာလံုးဆိုင္ရာ ေ၀ါဟာရေတြ နားလည္ဖုိ႔ ကူညီ ရွင္းျပေပးေနပါတယ္။ သီေယဂို အေနနဲ႕ အဲဒါမွသာ အသင္းေဖာ္ေတြနဲ႕ ေျပာဆိုဆက္သြယ္ရ လြယ္ကူလာေစေၾကာင္း ေဂ်ာ္ဂ်င္ဟိုက ဖြင့္ဟခဲ့ပါတယ္။

” သူ (သီေယဂို ေဆးလ္ဗား)က နားမလည္တာ မေသခ်ာတာ ရွိရင္ က်ေနာ့္ကို လာေမးတတ္တယ္။ က်ေနာ္လည္း တတ္နုိင္သေလာက္ သူ႔ကို ၾကိဳးစား ကူညီေပးေနပါတယ္။ က်ေနာ့္ အဂၤလိပ္စာကလည္း သိပ္ အေကာင္းၾကီး မဟုတ္ဘူးေလ။ ကြင္းထဲမွာ ေရွ႕တက္ ေနာက္ဆုတ္ ကစားပံု ေျပာင္း စတဲ့ အသံုးေတြ သူ နားလည္းေအာင္ ရွင္းျပေပးထားတယ္။ ဒါေတြက ကြင္းထဲမွာ လိုကို လိုတာေလ။ က်ေနာ္တို႔ အခ်င္းခ်င္း ကူညီဖို႔ ၾကိဳးစားေနၾကပါတယ္။ ကြင္းထဲေရာ ကြင္းျပင္ေရာ ဒါေတြ လုပ္ေနရမွာပါ။

သူက ဒီမွာ ေပ်ာ္ေနပါျပီ။ တကယ့္ လူၾကီးလူေကာင္း အေတြ႔အၾကံဳေတြ မ်ားတဲ့ ကစားသမားေကာင္း တစ္ေယာက္ ျဖစ္တယ္။ သူက အသင္းသားေတြ အားလံုး အုပ္စုလိုက္ေရာ လူငယ္ေတြေရာ အားလံုးကို ကူညီေပးေနပါျပီ။ ဘယ္လို ဆက္သြယ္ ေျပာဆိုရမလဲ နည္းလမ္း ရွာ ေျပာတယ္။ တခါတေလ ေျခဟန္ လက္ဟန္၊ သူ မေျပာတတ္ေတာ့ရင္ က်ေနာ့္ကို လာေျပာေတာ့ က်ေနာ္ က ျပန္ ဘာသာျပန္ေပးတယ္ အဲဒီလိုေပါ့။

သူက အမ်ားၾကီးလည္း ေျပာဆိုတယ္ အမ်ားၾကီးလည္း ကူညီေပးထားပါတယ္။ ခံစစ္ပိုင္းမွာ ဆို သူက တကယ့္ အေတြ႔အၾကံဳေကာင္းေတြ ရွိထားတယ္။ ေဘာလံုးကိုလည္း ဗ်ဴဟာက်က် နားလည္တယ္ ဒီေတာ့ ဒါေတြနဲ႕ က်ေနာ္တို႔ အားလံုးကို အမ်ားၾကီး ျပန္ကူညီတယ္။ သူက အဆင့္ျမင့္တဲ့ လယ္ဗယ္ တစ္ခုမွာ အၾကာၾကီး ကစားခဲ့သူပါ။ ဒါေၾကာင့္လည္း ကြင္းထဲမွာ သူက ဂရိတ္ ကစားသမား တစ္ဦး ျဖစ္ေနတာ ျမင္သာေစတယ္။ ” လို႔ ေဂ်ာ္ဂ်င္ဟိုက ဖြင့္ဟခဲ့ပါတယ္။

သီေယဂို ေဆးလ္ဗား အေနနဲ႕ ခံစစ္လိုင္းမွာေတာ့ ျပင္သစ္လို ေျပာဆို ဆက္သြယ္ရ အဆင္ေျပေနျပီး အျခား အသင္းေဖာ္မ်ားနဲ႕ ေျပာဆိုဖို႔ေတာ့ လိုအပ္ခ်က္ေတြ ရွိေနပါေသးတယ္။ ၄င္းသာ အဂၤလိပ္လို ပိုျပီး ကၽြမး္က်င္လာရင္ ခ်ယ္ဆီး တစ္သင္းလံုး အတြက္ ပို အက်ိဳး ျဖစ္ဖို႔သာ ရွိေနပါတယ္။