ယူနိုက်တက်နဲ့အတူ တောက်ပခွင့်ရလာဖို့ တွမ်ဇီဘီ ဘာလုပ်ပြဖို့လိုမလဲ ဂစ် ထုတ်ပြော

ယူနိုက်တက်ဟာ ဥရောပအဖွင့်ပွဲအတွင်း အပြောင်းအလဲများစွာ လုပ်ခဲ့ပေမယ့် နည်းဗျူဟာအရ အောင်မြင်မှုရခဲ့ပြီး မနှစ်က ဖိုင်နယ်တက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီကို ၎င်းတို့ အိမ်ကွင်းမှာပဲ ရှုံးပွဲတွေ့စေခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာ ဒဏ်ရာကနေ သက်သာလာပြီးနောက် ၂၀၂၀ အတွက် ပထမဆုံး ပွဲထွက် ပါဝင်ခွင့်ရခဲ့တဲ့ တွမ်ဇီဘီက ခြေစွမ်းပြခဲ့တယ်။ အသက်၂၂နှစ်အရွယ် ကစားသမားဟာ ဆိုးရှားအတွက် နေရာများစွာမှာ အသုံးပြုနိုင်တဲ့ ရွေးချယ်စရာ ဖြစ်လာနိုင်တယ်လို့ ယူနိုက်တက်ကစားသမားဟောင်း ဂစ်က အကြံပေးခဲ့ပါသေးတယ်။

ဂစ်က ပြောရာမှာ “ပထမဆုံးအနေနဲ့ သူက စိတ်ဓာတ်ကောင်းရှိတဲ့ လူတော်လေး တစ်ယောက်ပါ၊ အခု သူလုပ်ဖို့လိုတာက ကြံ့ခိုင်မှု ပြည့်ဝအောင်နေဖို့နဲ့ ပွဲတွေ ပုံမှန်ကစားရဖို့ပါပဲ၊ ဘာကြောင့်လဲဆိုတော့ သူ့မှာ အရည်အသွေး အားလုံးရှိတယ်၊ သူက ဘောလုံးကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်၊ ကွင်းလယ်မှာတောင် ကစားနိုင်ပါတယ်၊

ဗန်ဟား လက်ထက်တုန်းက သူကြံ့ခိုင်မှုရှိခဲ့တဲ့ အချိန်မှာ ကွင်းလယ်မှာ ကစားခိုင်းဖို့ ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်၊ သူက ပွဲကိုကောင်းကောင်း ဖတ်တတ်တယ်၊ ဖျတ်လတ်တယ်၊ ပီအက်စ်ဂျီနဲ့ပွဲမှာ ဒါကို သူပြသခဲ့တယ်လို့ ထင်ပါတယ်၊

သူ့အနေနဲ့ ပွဲတွေကစားဖို့ လိုပါတယ်၊ ပုံမှန်ကစားရရင် သူ့ယုံကြည်မှုတွေ တိုးလာမှာပါ၊ ဘာကြောင့်လဲဆိုတော့ သူက ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်း အားလုံးရှိပါတယ်။ အခု ကျွန်တော်ပြောသလိုပဲ သူပုံမှန်ကစားရဖို့ လိုတယ်။

‘အိုလီရေ၊ ကျွန်တော် ကောင်းကောင်း ကစားနိုင်နေတယ်ဆိုတော့ ကျွန်တော့်ကို အသင်းလူစာရင်းထဲကနေ ထုတ်လို့ မရဘူးနော်’လို့ နည်းပြကို သူပြောရမှာပါ၊ တည်ငြိမ်မှုရှိပြီး ပုံမှန် ခြေစွမ်းကောင်း ပြသနိုင်ဖို့တော့ လိုပါတယ်၊ သူကြံ့ခိုင်မှုရှိရင် အသင်းကြီးမှာ ပုံမှန်ကစားသမား ဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါတယ် ” လို့ ဖြစ်ပါတယ်။

ZAWGYI – ယူႏိုက္တက္ဟာ ဥေရာပအဖြင့္ပြဲအတြင္း အေျပာင္းအလဲမ်ားစြာ လုပ္ခဲ့ေပမယ့္ နည္းဗ်ဴဟာအရ ေအာင္ျမင္မႈရခဲ့ၿပီး မႏွစ္က ဖိုင္နယ္တက္ႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီကို ၄င္းတို႔ အိမ္ကြင္းမွာပဲ ရႈံးပြဲေတြ႕ေစခဲ့တာျဖစ္ပါတယ္။

အဆိုပါပြဲမွာ ဒဏ္ရာကေန သက္သာလာျပီးေနာက္ ၂၀၂၀ အတြက္ ပထမဆုံး ပြဲထြက္ ပါဝင္ခြင့္ရခဲ့တဲ့ တြမ္ဇီဘီက ေျခစြမ္းျပခဲ့တယ္။ အသက္၂၂ႏွစ္အ႐ြယ္ ကစားသမားဟာ ဆိုးရွားအတြက္ ေနရာမ်ားစြာမွာ အသုံးျပဳႏိုင္တဲ့ ေ႐ြးခ်ယ္စရာ ျဖစ္လာႏိုင္တယ္လို႔ ယူႏုိက္တက္ကစားသမားေဟာင္း ဂစ္က အႀကံေပးခဲ့ပါေသးတယ္။

ဂစ္က ေျပာရာမွာ “ပထမဆုံးအေနနဲ႔ သူက စိတ္ဓာတ္ေကာင္းရွိတဲ့ လူေတာ္ေလး တစ္ေယာက္ပါ၊ အခု သူလုပ္ဖို႔လိုတာက ႀကံ့ခိုင္မႈ ျပည့္ဝေအာင္ေနဖို႔နဲ႔ ပြဲေတြ ပုံမွန္ကစားရဖို႔ပါပဲ၊ ဘာေၾကာင့္လဲဆိုေတာ့ သူ႔မွာ အရည္အေသြး အားလုံးရွိတယ္၊ သူက ေဘာလုံးကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္တယ္၊ ကြင္းလယ္မွာေတာင္ ကစားႏိုင္ပါတယ္၊

ဗန္ဟား လက္ထက္တုန္းက သူႀကံ့ခိုင္မႈရွိခဲ့တဲ့ အခ်ိန္မွာ ကြင္းလယ္မွာ ကစားခိုင္းဖို႔ ကြၽန္ေတာ္တို႔ စဥ္းစားခဲ့ပါတယ္၊ သူက ပြဲကိုေကာင္းေကာင္း ဖတ္တတ္တယ္၊ ဖ်တ္လတ္တယ္၊ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ဒါကို သူျပသခဲ့တယ္လို႔ ထင္ပါတယ္၊

သူ႔အေနနဲ႔ ပြဲေတြကစားဖို႔ လိုပါတယ္၊ ပုံမွန္ကစားရရင္ သူ႔ယုံၾကည္မႈေတြ တိုးလာမွာပါ၊ ဘာေၾကာင့္လဲဆိုေတာ့ သူက ယူႏိုက္တက္ရဲ႕ ဗဟိုေနာက္ခံလူျဖစ္ဖို႔ လိုအပ္တဲ့ အရည္အခ်င္း အားလုံးရွိပါတယ္။ အခု ကြၽန္ေတာ္ေျပာသလိုပဲ သူပုံမွန္ကစားရဖို႔ လိုတယ္။

‘အိုလီေရ၊ ကြၽန္ေတာ္ ေကာင္းေကာင္း ကစားႏိုင္ေနတယ္ဆိုေတာ့ ကြၽန္ေတာ့္ကို အသင္းလူစာရင္းထဲကေန ထုတ္လို႔ မရဘူးေနာ္’လို႔ နည္းျပကို သူေျပာရမွာပါ၊ တည္ၿငိမ္မႈရွိၿပီး ပုံမွန္ ေျခစြမ္းေကာင္း ျပသႏိုင္ဖို႔ေတာ့ လိုပါတယ္၊ သူႀကံ့ခိုင္မႈရွိရင္ အသင္းႀကီးမွာ ပုံမွန္ကစားသမား ျဖစ္လာလိမ့္မယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ျဖစ္ပါတယ္။