ဘရူနိုလို ယူနိုက်တက်ကို အကြီးအကျယ် အကူအညီဖြစ်စေမယ့် ကစားသမားသစ်ကို ဂစ် ထုတ်ဖော်

ယူနိုက်တက် ပရိသတ်တွေဟာ အတွေ့အကြုံရှိ ဗဟိုတိုက်စစ်မှူးတစ်ယောက်ကို အတော်လေး လိုချင်နေကြတာဖြစ်သလို ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်မှာ ဘရူနိုဖာနန်ဒက်စ်လိုမျိုး အကျိုးပြုနိုင်တယ်လို့ ရိုင်ယန်ဂစ်က ဆိုပါတယ်။

ကာဗာနီအနေနဲ့ ဖိအားများတဲ့ ပရီးမီးယားလိဂ်အတွက် လိုအပ်တဲ့ အထောက်အပံ့ ပေးနိုင်မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေတွေတော့ ရှိနေတယ်။ မာရှယ်က နံပါတ် ကိုးနေရာမှာ ယုံကြည်မှုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာနဲ့အတူ တောင်အမေရိကသားက ဗဟိုတိုက်စစ်မှူးအဖြစ် သူ့ရဲ့ထိုက်တန်မှုကို သက်သေပြလိမ့်မယ်လို့ ဝေလ်းနည်းပြက ဆိုပါတယ်။

ဝေးလ်နည်းပြအနေနဲ့ သူ့ရဲ့ လက်ရှိတာဝန်ကို ထမ်းဆောင်ရင်း ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ဥရုဂွေးသားဟာ အိုးလ်ထရက်ဖို့ဒ်က လိုအပ်ချက်တွေကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်မယ် အကြောင်းကို ဂစ်က

“ကျွန်တော့်ရဲ့ ဝေးလ်နည်းပြဘဝ ဒုတိယပွဲမှာ ကာဗာနီနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်၊ အဲ့ဒီ့ပွဲမှာသူက ဆွာရက်ဇ်ထက် ပိုကောင်းခဲ့တယ်၊ သူ အဲ့လောက် ကောင်းလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး၊ သူက တကယ်ကို ထိန်းသိမ်းရခက်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပါတယ်။

သူမကစားခဲ့ရတာ ကြာပြီဆိုတော့ သူ့အရည်အသွေးက နည်းနည်းတော့ သံချေးတက်နေ နိုင်ပါတယ်၊ ဒါပေမယ့် အရှိန်ရလာတဲ့အခါကျရင် သူက ပရိသတ်တွေ မျှော်လင့်နေခဲ့တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ၊ တိုက်စစ်ကို ဦးဆောင်မယ့် သူတစ်ယောက်ပေါ့။

ကျွန်တော်တို့မှာ ရက်ဖို့ဒ် ရှိတယ်၊ မာရှယ်က တောင်ပံတစ်ဝက်၊ ဗဟိုတိုက်စစ်တစ်ဝက် ကစားတဲ့လူပါ၊ ကာဗာနီက အဓိက အထောင်တိုက်စစ်ပါပဲ၊ သူ့မှာ အတွေ့အကြုံရှိတယ်၊ ဘရူနိုလိုပဲ သူဟာလဲ အသင်းဖော်တွေကို ပိုကောင်းအောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကာဗာနီဟာ အင်္ဂါနေ့က အသင်းဟောင်း ပီအက်စ်ဂျီနဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲဦးထွက် ပါဝင်ပေးဖို့ အခွင့်အရေး မရခဲ့ပေမယ့် ဒီအပတ် ချယ်ဆီးနဲ့ပွဲမှာ ပါဝင်လာဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။

ZAWGYI – ယူႏိုက္တက္ ပရိသတ္ေတြဟာ အေတြ႔အႀကဳံရွိ ဗဟိုတိုက္စစ္မႉးတစ္ေယာက္ကို အေတာ္ေလး လိုခ်င္ေနၾကတာျဖစ္သလို ကာဗာနီဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ဘ႐ူႏိုဖာနန္ဒက္စ္လိုမ်ိဳး အက်ိဳးျပဳႏိုင္တယ္လို႔ ႐ိုင္ယန္ဂစ္က ဆိုပါတယ္။

ကာဗာနီအေနနဲ႔ ဖိအားမ်ားတဲ့ ပရီးမီးယားလိဂ္အတြက္ လိုအပ္တဲ့ အေထာက္အပံ့ ေပးႏိုင္မလားဆိုတဲ့ ေမးခြန္းထုတ္မႈေတြေတြေတာ့ ရွိေနတယ္။ မာရွယ္က နံပါတ္ ကိုးေနရာမွာ ယုံၾကည္မႈရရွိေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့တာနဲ႔အတူ ေတာင္အေမရိကသားက ဗဟိုတိုက္စစ္မႉးအျဖစ္ သူ႔ရဲ႕ထိုက္တန္မႈကို သက္ေသျပလိမ့္မယ္လို႔ ေဝလ္းနည္းျပက ဆိုပါတယ္။

ေဝးလ္နည္းျပအေနနဲ႔ သူ႔ရဲ႕ လက္ရွိတာဝန္ကို ထမ္းေဆာင္ရင္း ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံရင့္ ဥ႐ုေဂြးသားဟာ အိုးလ္ထရက္ဖို႔ဒ္က လိုအပ္ခ်က္ေတြကို ေသခ်ာေပါက္ ျဖည့္ဆည္းေပးႏိုင္မယ္ အေၾကာင္းကို ဂစ္က

“ကြၽန္ေတာ့္ရဲ႕ ေဝးလ္နည္းျပဘဝ ဒုတိယပြဲမွာ ကာဗာနီနဲ႔ ရင္ဆိုင္ခဲ့ဖူးပါတယ္၊ အဲ့ဒီ့ပြဲမွာသူက ဆြာရက္ဇ္ထက္ ပိုေကာင္းခဲ့တယ္၊ သူ အဲ့ေလာက္ ေကာင္းလိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ခဲ့ဘူး၊ သူက တကယ္ကို ထိန္းသိမ္းရခက္ခဲ့တဲ့ တိုက္စစ္မႉးျဖစ္ခဲ့ပါတယ္။

သူမကစားခဲ့ရတာ ၾကာၿပီဆိုေတာ့ သူ႔အရည္အေသြးက နည္းနည္းေတာ့ သံေခ်းတက္ေန ႏိုင္ပါတယ္၊ ဒါေပမယ့္ အရွိန္ရလာတဲ့အခါက်ရင္ သူက ပရိသတ္ေတြ ေမွ်ာ္လင့္ေနခဲ့တဲ့ တိုက္စစ္မႉးတစ္ေယာက္ ျဖစ္လာမွာ အေသအခ်ာပါပဲ၊ တိုက္စစ္ကို ဦးေဆာင္မယ့္ သူတစ္ေယာက္ေပါ့။

ကြၽန္ေတာ္တို႔မွာ ရက္ဖို႔ဒ္ ရွိတယ္၊ မာရွယ္က ေတာင္ပံတစ္ဝက္၊ ဗဟိုတိုက္စစ္တစ္ဝက္ ကစားတဲ့လူပါ၊ ကာဗာနီက အဓိက အေထာင္တိုက္စစ္ပါပဲ၊ သူ႔မွာ အေတြ႕အႀကဳံရွိတယ္၊ ဘ႐ူႏိုလိုပဲ သူဟာလဲ အသင္းေဖာ္ေတြကို ပိုေကာင္းေအာင္ လုပ္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ကာဗာနီဟာ အဂၤါေန႔က အသင္းေဟာင္း ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ပြဲဦးထြက္ ပါဝင္ေပးဖို႔ အခြင့္အေရး မရခဲ့ေပမယ့္ ဒီအပတ္ ခ်ယ္ဆီးနဲ႔ပြဲမွာ ပါဝင္လာဖို႔ အခြင့္အေရး ရွိေနဆဲျဖစ္ပါတယ္။