ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (18/05/20)

ဘိုင်ယန်မှာ အငှားထွက်ကစားနေပြီး ဘာစီလိုနာမှာ နေရာ ရဖို့ ခက်နေတဲ့ လီဗာပူး ကွင်းလယ်ဟောင်း ဖိလစ် ကော်တင်ညိုကို ယူနိုက်တက်တို့ ခေါ်ယူဖို့ ကြိုးပမ်းသင့်ကြောင်း အိုဝင်ဟားဂရေ့ဗ်က တိုက်တွန်းသွားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပေါ့ဘာနေရာ အစားထိုးဖို့ ချိတ်ဆက်နေတဲ့ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်သမား ဆောလ် နီဂွက်ဇ်ကို ခေါ်ယူဖို့ ပေါင် သန်း ၇၀ နဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂျူဗပ်တပ်မှာ ကစားနေပြီ ဖြစ်တဲ့ အာဆင်နယ် ကွင်းလယ်ဟောင်း အာရွန်ရမ်ဆေးကိုသာ မန်ချက်စတာ ယူနိုက်တက်အသင်း ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် များစွာ အကျိုးရှိလိမ့်မယ်လို့ ဝေးလ် လက်ရွေးစင်နည်းပြ‌ဟောင်း ခရစ်ကိုးလ်မန်းကတော့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

ဝုဗ်တိုက်စစ်မှူး ရာအူးလ် ဂျီးမီးနက်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဂျူဗင်တပ်အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေတယ်လို့ သိရပါတယ်။ မက္ကဆီကို လက်ရွေးစင်ကစးာသမားကို လာမယ့် အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တာနဲ့ အပြိုင်ခေါ်ယူဖို့ ကလပ်နှစ်သင်းလုံး ပြင်ဆင်နေပါတယ်။

၂၀၁၂ က ပရီးမီးယားလိဂ်ဖလားကို ယူနိုက်တက်ထက် ဂိုးကွာခြားချက် အသာနဲ့ မန်စီးတီးက ဗိုလ်စွဲခဲ့ပေမယ့် တစ်ရာသီလုံး အတိုင်းအတာနဲ့ ကြည့်ရင် စီးတီးထက် ယူနိုက်တက်က ပိုကောင်းခဲ့တယ်လို့ ကွန်ပနီက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှာ တည်ငြိမ်တဲ့ ခြေစွမ်းကောင်း ပြဖို့ ရုန်းကန်နေရတဲ့ ပေါ့ဘာကို လမ်းပတ် ချယ်ဆီးမှာ ကစားသလို တိုက်စစ် ပို လိုက်ပါ ကစားရတဲ့ ကွင်းလယ်သမား အဖြစ် တာဝန်ပေးပါက ပို ခြေစွမ်းပြနိုင်မယ်လို့ ရွန်းနီက သုံးသပ်လိုက်ပါတယ်။

Zawgyi – ဘိုင္ယန္မွာ အငွားထြက္ကစားေနျပီး ဘာစီလိုနာမွာ ေနရာ ရဖို႔ ခက္ေနတဲ့ လီဗာပူး ကြင္းလယ္ေဟာင္း ဖိလစ္ ေကာ္တင္ညိဳကို ယူနိုက္တက္တို႔ ေခၚယူဖို႔ ၾကိဳးပမ္းသင့္ေၾကာင္း အို၀င္ဟားဂေရ႕ဗ္က တိုက္တြန္းသြားပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ ေပါ့ဘာေနရာ အစားထုိးဖို႔ ခ်ိတ္ဆက္ေနတဲ့ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္သမား ေဆာလ္ နီဂြက္ဇ္ကို ေခၚယူဖို႔ ေပါင္ သန္း ၇၀ နဲ႕ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

ဂ်ဴဗပ္တပ္မွာ ကစားေနျပီ ျဖစ္တဲ့ အာဆင္နယ္ ကြင္းလယ္ေဟာင္း အာ႐ြန္ရမ္ေဆးကိုသာ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ေခၚယူႏိုင္ခဲ့မယ္ ဆိုရင္ မ်ားစြာ အက်ိဳးရွိလိမ့္မယ္လို႔ ေဝးလ္ လက္ေ႐ြးစင္နည္းျပ‌ေဟာင္း ခရစ္ကိုးလ္မန္းကေတာ့ တိုက္တြန္းအၾကံျပဳလုိက္ပါတယ္။

၀ုဗ္တိုက္စစ္မွဴး ရာအူးလ္ ဂ်ီးမီးနက္ဇ္ကို ေခၚယူဖို႔ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ဂ်ဴဗင္တပ္အသင္းတို႔ ထိပ္တိုက္ ေတြ႔ဆံုေနတယ္လို႔ သိရပါတယ္။ မကၠဆီကို လက္ေရြးစင္ကစးာသမားကို လာမယ့္ အေျပာင္းအေရႊ႕ ေစ်းကြက္ဖြင့္တာနဲ႔ အျပိဳင္ေခၚယူဖို႔ ကလပ္ႏွစ္သင္းလံုး ျပင္ဆင္ေနပါတယ္။

၂၀၁၂ က ပရီးမီးယားလိဂ္ဖလားကို ယူနုိက္တက္ထက္ ဂိုးကြာျခားခ်က္ အသာနဲ႕ မန္စီးတီးက ဗိုလ္စြဲခဲ့ေပမယ့္ တစ္ရာသီလံုး အတိုင္းအတာနဲ႕ ၾကည့္ရင္ စီးတီးထက္ ယူနိုက္တက္က ပိုေကာင္းခဲ့တယ္လို႔ ကြန္ပနီက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္မွာ တည္ျငိမ္တဲ့ ေျခစြမ္းေကာင္း ျပဖို႔ ရုန္းကန္ေနရတဲ့ ေပါ့ဘာကို လမ္းပတ္ ခ်ယ္ဆီးမွာ ကစားသလို တိုက္စစ္ ပို လိုက္ပါ ကစားရတဲ့ ကြင္းလယ္သမား အျဖစ္ တာ၀န္ေပးပါက ပို ေျခစြမ္းျပနိုင္မယ္လို႔ ရြန္းနီက သံုးသပ္လိုက္ပါတယ္။