ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (23/10/20)

ယူနိုက်တက် ကြယ်ပွင့်ဟောင်း ဒါရန်း ဖလက်ချာဟာ ကလပ်ရဲ့ ယူ၁၆ အသင်းနည်းပြအဖြစ် ကူညီပေးဖို့ ပြန်လာခဲ့ပြီး ဒါဟာ သူ့ရဲ့ နည်းပြဘဝ နောက်တစ်ဆင့် စတင်ဖို့အတွက် အထောက်အပံ့ဖြစ်အောင် ယာယီ တာဝန်ယူခြင်းလဲ ဖြစ်ပါတယ်။

ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်အနေနဲ့ စိတ်ပူမနေပဲ အေးဆေးနေဖို့ လိုအပ်ပြီး မကြာခင် သူ့ရဲ့ ထိုက်တက်မှုကို သက်သေပြနိုင်လိမ့်မယ်လို့ အသင်းဖော်ဟောင်း ဇီယက်ခ်ျက ထိပ်တိုက် တွေ့ဆုံမှု မတိုင်ခင် ပြောဆိုခဲ့ပါတယ်။

လူငယ်ကြယ်ပွင့် ဒန်နီရယ်ဂျိမ်းစ်ဟာ ယူနိုက်တက်မှာ အောင်မြင်မှု ရရှိနိုင်တယ်လို့ ရိုင်ယန်ဂစ်က ယုံကြည်နေပေမယ့် တိုက်စစ်ဧရိယာတွေမှာ ဆုံးဖြတ်ချက်ချရတဲ့ စကေးက တိုးတက်ဖို့ လိုအပ်သေးတယ်လို့ အကြံပေးခဲ့ပါတယ်။

ယူနိုက်တက်မှ အငှားထွက် ကစားသမား တာဟစ်ချောင်ဟာ လေ့ကျင့်ရေးမှာ ကောင်းကောင်း လုပ်နိုင်ပေမယ့် ဝါဒါဘရီမင်မှာ ပွဲထွက်ခွင့် ၁ကြိမ်သာ ရထားပြီး ရာသီနှောင်းပိုင်းကျရင်တော့ ကစားချိန် ရလာမှာပါလို့ ဝါဒါဘရီမင် ဥက္ကဌက ဆိုပါတယ်။

အဲလက်စ် တဲလက်စ်ဟာ ၎င်းရဲ့ပွဲဦးထွက်မှာ အလားအလာကောင်းတွေကို ပြသခဲ့သလို လူငယ်ဘယ်နောက်ခံလူဟာ လီဗာပူးရဲ့ အလက်ဇန်းဒါးအာနိုးနဲ့ အန်ဒီ ရောဘတ်ဆန်တို့လိုမျိုး အသင်းကို အကျိုးပြုနိုင် လိမ့်မယ်လို့ ရိုင်ယန်ဂစ်က ဆိုပါတယ်။

ကာဗာနီဟာ ချယ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်အတွက် ပါဝင်ခွင့်ရရင် သူ့ရဲ့ ပီအက်စ်ဂျီ အသင်းဖော်ဟောင်း သီယာဂို ဆေးဗားနဲ့ တွေ့ဆုံရဖို့အတွက် မျှော်လင့်နေပြီး သိပ်တော်တဲ့ ဗဟိုနောက်ခံလူနဲ့ ရင်ဆိုင် ရမှာဟာ ကြီးမားတဲ့ အတွေ့အကြုံ ဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ ၾကယ္ပြင့္ေဟာင္း ဒါရန္း ဖလက္ခ်ာဟာ ကလပ္ရဲ႕ ယူ၁၆ အသင္းနည္းျပအျဖစ္ ကူညီေပးဖို႔ ျပန္လာခဲ့ၿပီး ဒါဟာ သူ႔ရဲ႕ နည္းျပဘဝ ေနာက္တစ္ဆင့္ စတင္ဖို႔အတြက္ အေထာက္အပံ့ျဖစ္ေအာင္ ယာယီ တာဝန္ယူျခင္းလဲ ျဖစ္ပါတယ္။

ယူႏိုက္တက္မွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတဲ့ ဗန္ဒီဘိခ္အေနနဲ႔ စိတ္ပူမေနပဲ ေအးေဆးေနဖို႔ လိုအပ္ၿပီး မၾကာခင္ သူ႔ရဲ႕ ထိုက္တက္မႈကို သက္ေသျပႏိုင္လိမ့္မယ္လို႔ အသင္းေဖာ္ေဟာင္း ဇီယက္ခ္်က ထိပ္တိုက္ ေတြ႕ဆုံမႈ မတိုင္ခင္ ေျပာဆိုခဲ့ပါတယ္။

လူငယ္ၾကယ္ပြင့္ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ယူႏိုက္တက္မွာ ေအာင္ျမင္မႈ ရရွိႏိုင္တယ္လို႔ ႐ိုင္ယန္ဂစ္က ယုံၾကည္ေနေပမယ့္ တိုက္စစ္ဧရိယာေတြမွာ ဆုံးျဖတ္ခ်က္ခ်ရတဲ့ စေကးက တိုးတက္ဖို႔ လိုအပ္ေသးတယ္လို႔ အႀကံေပးခဲ့ပါတယ္။

ယူႏိုက္တက္မွ အငွားထြက္ ကစားသမား တာဟစ္ေခ်ာင္ဟာ ေလ့က်င့္ေရးမွာ ေကာင္းေကာင္း လုပ္ႏိုင္ေပမယ့္ ဝါဒါဘရီမင္မွာ ပြဲထြက္ခြင့္ ၁ႀကိမ္သာ ရထားျပီး ရာသီေႏွာင္းပိုင္းက်ရင္ေတာ့ ကစားခ်ိန္ ရလာမွာပါလို႔ ၀ါဒါဘရီမင္ ဥကၠဌက ဆိုပါတယ္။

အဲလက္စ္ တဲလက္စ္ဟာ ၎ရဲ႕ပြဲဦးထြက္မွာ အလားအလာေကာင္းေတြကို ျပသခဲ့သလို လူငယ္ဘယ္ေနာက္ခံလူဟာ လီဗာပူးရဲ႕ အလက္ဇန္းဒါးအာႏိုးနဲ႔ အန္ဒီ ေရာဘတ္ဆန္တို႔လိုမ်ိဳး အသင္းကို အက်ိဳးျပဳႏိုင္ လိမ့္မယ္လို႔ ႐ိုင္ယန္ဂစ္က ဆိုပါတယ္။

ကာဗာနီဟာ ခ်ယ္ဆီးနဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ပါဝင္ခြင့္ရရင္ သူ႔ရဲ႕ ပီအက္စ္ဂ်ီ အသင္းေဖာ္ေဟာင္း သီယာဂို ေဆးဗားနဲ႔ ေတြ႕ဆုံရဖို႔အတြက္ ေမွ်ာ္လင့္ေနၿပီး သိပ္ေတာ္တဲ့ ဗဟိုေနာက္ခံလူနဲ႔ ရင္ဆိုင္ ရမွာဟာ ႀကီးမားတဲ့ အေတြ႕အႀကဳံ ျဖစ္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။