ဒီတလောမှာ ထွက်ပေါ်နေခဲ့တဲ့ မေဆန် ဂရင်းဝုဒ် တစ်ယောက် ထရိန်နင်ကို နောက်ကျမှ လာရောက်ပြီး စည်းကမ်းမဲ့နေတယ် ဆိုတဲ့ သတင်းတွေက မှားယွင်းကြောင်းနဲ့ အဲဒါကြောင့် ပွဲကစားဖို့ ချန်လှပ်ခဲ့တယ် ဆိုတာတွေလည်း မမှန်ကြောင်း နည်းပြ ဆိုးရှားက ငြင်းဆန်လိုက်ပါတယ်။
ဗဟို နောက်ခံလူ တွမ်ဇီဘီဟာ ပီအက်စ်ဂျီကို ၂-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့တဲ့နောက် ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားဖြစ်လာဖို့ ထိုက်တန်မှုကို သက်သေပြခဲ့တာ ဖြစ်တယ်လို့ ဘာဘာတော့က ယုံကြည်နေပါတယ်။
နယူးကာဆယ်ဟာ မနှစ်က လိဂ်မှာ ၅၈ ဂိုး ပေးခဲ့ရသလို ဒီနှစ်မှာလဲ ခံစစ်ပိုင်းက မေးခွန်းထုတ်စရာ ဖြစ်နေပြီး ယိုပေါက်တွေကို ပြင်ဆင်ဖို့ အတွက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် နောက်ခံလူ ဖီးဂျုံးစ်ကို ယာယီ အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဗြိတိန် အစိုးရက ကျောင်းတွေမှာ ကလေးတွေကို နေ့လည်စာ အခမဲ့ ကျွေးတဲ့ အစီအစဉ် ရပ်ဆိုင်းတော့မှာ ဖြစ်တာကြောင့် ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ်ဟာ လှူဒါန်း ကျွေးမွေးလိုမယ့် စားသောက်ဆိုင်နဲ့ ကဖေးဆိုင် ပိုင်ရှင်တွေကို ချိတ်ဆက် စီစဉ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ့ဘာကို ဆက်ထိန်းထားဖို့ အလိုရှိပေမယ့် အဲဒီ အတွက် အဲလစ်ဆစ် ဆန်းချက်တုန်းကလို ဘဏ်က ရှိသမျှ ထုတ်ကာ လစာမြင့်မြင့် ပေးသွားဖို့ လုပ်တော့မှာ မဟုတ်ကြောင်း ESPN သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။
ယူနိုက်တက်ဟာ အိမ်ကွင်းမှာ စပါးကို ၆-၁ နဲ့ ဆိုးဆိုးဝါးဝါး အရေးနိမ့်ခဲ့တာက ဖျောက်ဖျက်မရတဲ့ မှတ်တမ်း အဖြစ် သမိုင်းထဲမှာ ဝင်သွားပြီ ဖြစ်ပြီး ထိုင်ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်တာကြောင့် လာမယ့် ပွဲတွေမှာ အကောင်းဆုံး တုန့်ပြန်သွားမယ်လို့ ဆိုးရှားက ဆိုပါတယ်။
ပြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ကာဗာနီ၊ မက်ဂွဲရားနဲ့ မေဆန် ဂရင်းဝုဒ်တို့ဟာ ဒီအပတ် ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အသင့် ရှိနေပြီ ဖြစ်ပါတယ်။ ကာဗာနီကို ထည့်သွင်း ကစားဖို့ အတွက်ကိုတော့ ဆိုးရှားက ကစားသမားနဲ့ ဆွေးနွေး ပြောဆိုရဦးမှာ ဖြစ်တယ်လို့ ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။
Zawgyi – ဒီတေလာမွာ ထြက္ေပၚေနခဲ့တဲ့ ေမဆန္ ဂရင္း၀ုဒ္ တစ္ေယာက္ ထရိန္နင္ကို ေနာက္က်မွ လာေရာက္ျပီး စည္းကမ္းမဲ့ေနတယ္ ဆိုတဲ့ သတင္းေတြက မွားယြင္းေၾကာင္းနဲ႕ အဲဒါေၾကာင့္ ပြဲကစားဖို႔ ခ်န္လွပ္ခဲ့တယ္ ဆိုတာေတြလည္း မမွန္ေၾကာင္း နည္းျပ ဆိုးရွားက ျငင္းဆန္လိုက္ပါတယ္။
ဗဟို ေနာက္ခံလူ တြမ္ဇီဘီဟာ ပီအက္စ္ဂ်ီကို ၂-၁နဲ႔ နိုင္ခဲ့တဲ့ပြဲမွာ အထင္ႀကီးစရာ လုပ္ျပႏိုင္ခဲ့တဲ့ေနာက္ ယူႏိုက္တက္မွာ ပုံမွန္ ပြဲထြက္ခြင့္ရ ကစားသမားျဖစ္လာဖို႔ ထိုက္တန္မႈကို သက္ေသျပခဲ့တာ ျဖစ္တယ္လို႔ ဘာဘာေတာ့က ယုံၾကည္ေနပါတယ္။
နယူးကာဆယ္ဟာ မႏွစ္က လိဂ္မွာ ၅၈ ဂိုး ေပးခဲ့ရသလို ဒီႏွစ္မွာလဲ ခံစစ္ပိုင္းက ေမးခြန္းထုတ္စရာ ျဖစ္ေနၿပီး ယိုေပါက္ေတြကို ျပင္ဆင္ဖို႔ အတြက္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ယူႏိုက္တက္ ေနာက္ခံလူ ဖီးဂ်ဳံးစ္ကို ယာယီ အငွားနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။
ျဗိတိန္ အစိုးရက ေက်ာင္းေတြမွာ ကေလးေတြကို ေန႔လည္စာ အခမဲ့ ေကၽြးတဲ့ အစီအစဥ္ ရပ္ဆိုင္းေတာ့မွာ ျဖစ္တာေၾကာင့္ ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္စ္ ရက္ဖို႔ဒ္ဟာ လွဴဒါန္း ေကၽြးေမြးလိုမယ့္ စားေသာက္ဆိုင္နဲ႕ ကေဖးဆိုင္ ပိုင္ရွင္ေတြကို ခ်ိတ္ဆက္ စီစဥ္ေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ေပါ့ဘာကို ဆက္ထိန္းထားဖို႔ အလိုရွိေပမယ့္ အဲဒီ အတြက္ အဲလစ္ဆစ္ ဆန္းခ်က္တုန္းကလို ဘဏ္က ရွိသမွ် ထုတ္ကာ လစာျမင့္ျမင့္ ေပးသြားဖို႔ လုပ္ေတာ့မွာ မဟုတ္ေၾကာင္း ESPN သတင္းဌာနက ေဖာ္ထုတ္လိုက္ပါတယ္။
ယူနိုက္တက္ဟာ အိမ္ကြင္းမွာ စပါးကို ၆-၁ နဲ႕ ဆိုးဆိုး၀ါး၀ါး အေရးနိမ့္ခဲ့တာက ေဖ်ာက္ဖ်က္မရတဲ့ မွတ္တမ္း အျဖစ္ သမိုင္းထဲမွာ ၀င္သြားျပီ ျဖစ္ျပီး ထိုင္ၾကည့္ေနရံုကလြဲလို႔ ဘာမွ မတတ္နုိင္တာေၾကာင့္ လာမယ့္ ပြဲေတြမွာ အေကာင္းဆံုး တုန္႔ျပန္သြားမယ္လို႔ ဆိုးရွားက ဆိုပါတယ္။
ျပီးခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႕ ပြဲမွာ မပါ၀င္နုိင္ခဲ့တဲ့ ကာဗာနီ၊ မက္ဂြဲရားနဲ႕ ေမဆန္ ဂရင္း၀ုဒ္တို႔ဟာ ဒီအပတ္ ခ်ယ္ဆီးအသင္းနဲ႕ ပြဲစဥ္မွာ ပါ၀င္နုိင္ဖို႔ အသင့္ ရွိေနျပီ ျဖစ္ပါတယ္။ ကာဗာနီကို ထည့္သြင္း ကစားဖို႔ အတြက္ကိုေတာ့ ဆိုးရွားက ကစားသမားနဲ႕ ေဆြးေႏြး ေျပာဆိုရဦးမွာ ျဖစ္တယ္လို႔ ပြဲၾကိဳမွာ ေျပာဆိုခဲ့ပါတယ္။