ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (23/10/20)

ချယ်ဆီးဟာ မန်ဒီကိုပဲ နံပါတ်တစ် နေရာပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ကီပါကို ဇန်နဝါရီမှာ အငှားချဖို့ စိတ်အားထက်သန်နေပြီး ဒီရာသီမှာ လမ်းပတ်အကြိုက်မဖြစ်ခဲ့တဲ့ ဝေဖန်ခံ ဂိုးသမားကို စပိန်ကလပ် ဆီးဗီးလားက ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ချယ်ဆီးအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ တွေ့ဆုံရတဲ့အခါ သူတို့ရဲ့ ခံစစ်ပိုင်း အင်အားတောင့်တင်းမှုမရှိတဲ့ အားနည်းချက်အတွက် ပေးဆပ်ရနိုင်ပြီး ယူနိုက်တက်က ဂိုးတွေသွင်းလိမ့်မယ်လို့ ရိုင်ယန်ဂစ်က ယုံကြည်နေပါတယ်။

အေဂျက်နဲ့အတူရှိစဉ်က ချန်ပီယံလိဂ်မှာ စပါးကိုရှုံးခဲ့ပြီး ၂၀၁၇ ယူရိုပါလိဂ်ဖိုင်နယ်မှာ ယူနိုက်တက်ကို ရှုံးခဲ့ဖူးတဲ့ ဟာကင်ဇီယက်ခ်ျဟာ ယခု ချယ်ဆီးနဲ့အတူ ပြိုင်ဘက်တွေကို အနိုင်ယူပြီး လက်စားချေဖို့ ဆုံးဖြတ်ထားတယ် လို့ ဆိုပါတယ်။

လမ်းပတ်ဟာ ဒီကလန်ရိုက်စ် ကို ဇန်နဝါရီမှာ ခေါ်ယူဖို့အတွက် ထပ်မံကြိုးစားဖို့ အလိုရှိနေပေမယ့် ဝက်စ်ဟမ်းကွင်းလယ်လူဟာ လက်ရှိကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေပြီး ချယ်ဆီးရဲ့ ကွင်းလယ်ခံစစ် မျှော်လင့်ချက်က ပျက်ဆီးရတော့မှာဖြစ်ပါတယ်။

ဟာကင်ဇီယက်ခ်ျဟာ ချယ်ဆီးကို မရောက်ခင် အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး အခုနေ ပြန်ကြည့်ရင် အဲ့ဒီ့အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့လို့ ပျော်ရွှင်နေတယ်လို့လဲ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးကို ၁-ဝနဲ့ ရှုံးခဲ့တဲ့ပွဲမှာ မာလန်ဆားရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ချယ်ဆီး ပရိသတ်တွေက အားရကျေနပ်နေခဲ့ပြီး အသင်းမှာ စိတ်ပျက်စရာ ဖြစ်နေတဲ့ ခံစစ်အတွက် သူ့ကို အားကိုးလို့ ရနိုင်တယ် လို့ လမ်းပတ်ကို တိုက်တွန်းခဲ့ပါတယ်။

သီယာဂိုဆေးဗားက ချယ်ဆီးမှာ ပီအက်စ်ဂျီလို ချန်ပီယံလိဂ်ဖလားအောင်မြင်ဖို့ ဖိအားတွေ သိပ်မများတာကြောင့် စိတ်သက်သာရာရပြီး ဖိအားမရှိတာက နောက်ပိုင်းအဆင့် ပွဲကြီးတွေမှာ အကူအညီ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီရာသီ ဘယ်သူက နံပါတ် တစ် ဂိုးသမားဖြစ်မလဲဆိုတာ လမ်းပတ်က ဖွင့်ဟခဲ့တဲ့နောက် ချယ်ဆီးကြယ်ပွင့် မန်ဒီက သူနဲ့ ကီပါကြား ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှု ရှိပေမယ့်လဲ နှစ်ယောက်သား အတူတူ လေ့ကျင့်ပြီး ပွင့်ပွင့်လင်းလင်းရှိကြတယ်လို့ ပြောပြခဲ့ပါတယ်။

Zawgyi – ချယ်ဆီးဟာ မန်ဒီကိုပဲ နံပါတ်တစ် နေရာပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ကီပါကို ဇန်နဝါရီမှာ အငှားချဖို့ စိတ်အားထက်သန်နေပြီး ဒီရာသီမှာ လမ်းပတ်အကြိုက်မဖြစ်ခဲ့တဲ့ ဝေဖန်ခံ ဂိုးသမားကို စပိန်ကလပ် ဆီးဗီးလားက ခေါ်ယူဖို့ စဉ်းစားနေပါတယ်။






