ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (23/10/20)

ကွင်းလယ်လူ တော်ရဲရားဟာ အက်သလက်တီကိုမှာ ဘဝအသစ်ကိုရရှိခဲ့ပြီး အလားအလာတွေ များစွာ မြင်တွေ့ခဲ့ရတဲ့နောက် အာဆင်နယ်ကို မပြန်ချင်တော့ပဲ မက်ဒရစ်ထံ အပြီးသတ် ပြောင်းရွှေ့ချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သောမတ်စ်ပါတေးဟာ မနေ့က ရက်ပစ် ဗီယင်နာနဲ့ ယူရိုပါလိဂ်ပွဲမှာ အာဆင်နယ်အတွက် တောက်ပခဲ့တဲ့နောက် ဂန်းနားဂန္တဝင် မာတင်ကီယွန်က သူ့ကို ပက်ထရစ်ဗီအဲရာနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပြီး သူ့ရဲ့သေသပ်လှပတဲ့ကစားဟန်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ဂိုးသမားလီနိုရဲ့ ဘောလုံးပေးပို့မှု စတင်ရာမှာ မှားယွင်းမှုကြောင့် ရက်ပစ် ဗီယင်နာကို ဦးဆောင်ဂိုး လက်ဆောင်ပေးခဲ့ရပေမယ့် ဒေးဗစ်လုဇ်နဲ့ အူဘာမီးယန်းတို့ရဲ့ ဂိုးတွေကြောင့် ပြန်လာနိုင်ခဲ့တဲ့နောက် ကလပ်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို အာတီတာက ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ရဲ့ လူစာရင်းတွေကနေ အိုဇေးကို ချန်လှပ်ထားခံခဲ့တဲ့အပေါ် အာဆင်နယ်ကို ကာလ်တန်ကိုးလ်က မေးခွန်းထုတ်ခဲ့ပြီး ၁၂လအတွင်း အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ အိုဇေးကို ဝက်စ်ဟမ်းမှာ မြင်တွေ့ချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲဦးထွက်မှာ သောမတ်စ်ပါတေးက အထင်ကြီးစရာ ခြေစွမ်းပြခဲ့တဲ့နောက် တခုတ်တရ ပြောစရာဖြစ်ခဲ့သလို နည်းပြ အာတီတာက သူ့ကစားသမားသစ်ကို ချီးကျူးခဲ့ပေမယ့် ဒါကအစပဲရှိသေးပြီး နောက်ထပ်လာဦးမှာပါလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၁၇ တုန်းက သူတို့စွန့်ပစ်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ဒွန်ယယ် မာလန်အနေနဲ့ ပီအစ်ဗီမှာ တောက်ပနေတာကို မြင်တွေ့ခဲ့ရတဲ့နောက် ပြန်လည်ခေါ်ယူဖို့ အလိုရှိနေပေမယ့် သူကတော့ ယူရိုပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် အသင်းမပြောင်းလိုပါဘူး။

ရက်ပစ် ဗီယင်နာပွဲမှာ ဂိုးသမား လီနိုက ခံစစ်ကနေ ကစားကွက်စဖော်ရာမှာ အမှားလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာလည်း အာဆင်နယ်က ကစားကွက်ကို ခံစစ်ကနေ စတင်တာကိုပဲ ဆက်လုပ်ဦးမှာဖြစ်ကြောင်း အာတီတာက ပွဲပြီးမှာ ပြောပါတယ်။

အိုဇေးဟာ အာဆင်နယ်ပွဲမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် အိမ်ကနေ ပွဲကိုကြည့်ခဲ့ပြီး ပုံမှန် အဆက်အသွယ် ရှိနေသလို မနေ့ကပွဲမှာ သောမတ်စ်ပါတေး၊ ဒေးဗစ်လုဇ်၊ အူဘာမီးယန်းနဲ့ အယ်နီနီတို့က အကောင်းဆုံးကစားသမားတွေဖြစ်ခဲ့တယ်လို့ သူ့အမြင်ကိုပြောပြခဲ့ပါတယ်။

ZAWGYI







