ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/10/20)

အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံး လိဂ်၂ပွဲကို ရှုံးခဲ့တဲ့နောက် ဆိုးလ်ရှားဟာ အိမ်ကွင်းပွဲစဉ်တွေအတွက် ကလပ်ရဲ့ ချဉ်းကပ်ပုံကိုပြောင်းလဲဖို့ စဉ်းစားနေပြီး ချယ်ဆီးနဲ့တွေ့ဆုံရတဲ့အခါ ပထမဆုံးအိမ်ကွင်း နိုင်ပွဲရယူဖို့ မျှော်လင့်နေပါတယ်။

တွမ်ဇီဘီအနေနဲ့ ဒဏ်ရာပြဿနာကို ကျော်ဖြတ်နိုင်ရင် ကစားချိန်အများကြီး ရလိမ့်မယ်လို့ ဆိုးလ်ရှားက ကတိပေးခဲ့ပေမယ့် မက်ဂွိုင်းယားက ပြန်ကောင်းလာတာကြောင့် ချယ်ဆီးနဲ့ပွဲမှာ ဘယ်သူ့ကို ပွဲထုတ်ရမလဲ ဆိုတာ အကြပ်ရိုက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေအနေနဲ့ ပီအက်စ်ဂျီကို နိုင်ခဲ့တဲ့ပွဲကို ခြေကုပ်ယူပြီး နောက်ထပ် နိုင်ပွဲတွေဆက်တိုက်ရယူနိုင်ဖို့၊ ခြေစွမ်းတည်ငြိမ်မှုရဖို့ ကြိုးစားရမယ်လို့ ဆိုးလ်ရှားက တိုက်တွန်း ပြောဆို ခဲ့ပါတယ်။

အသင်းကနေ ထွက်ခွာဖို့ စကားစနေတဲ့ ပေါ့ဘာကို ယူနိုက်တက်က စာချုပ်သစ် ချုပ်ဆိုလိုနေပေမယ့် အက် ဝုဒ်ဝဝပ်ကတော့ ဆန်းချက်တုန်းကလို အမှားမျိုး ထပ်မဖြစ်ချင်တာကြောင့် ၎င်းအတွက် လုပ်ခတိုးပေးဖို့ကို ငြင်းဆန်နေပါတယ်။

ယူနိုက်တက် ယူ၂၃အသင်းဟာ ပထမဆုံးနိုင်ပွဲအဖြစ် မနေ့က အဲဗာတန်ကို ၂-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပယ်လီစထွီနဲ့ ဘရန်ဒန်ဝီလီယံတို့ အထင်ကြီးစရာ ခြေစွမ်းပြခဲ့ပြီး ပရိသတ်တွေကတော့ လူငယ်ကြယ်ပွင့်တွေ အတွက် အားရကျေနပ်နေခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်ခဲ့တဲ့ မက်ဂွိုင်းယား၊ မေဆန်ဂရင်းဝုဒ်တို့နဲ့ ကာဗာနီဟာ ချယ်ဆီးနဲ့တွေ့ဆုံရမယ့် လူစာရင်းမှာ ပါဝင်လာတာနဲ့အတူ မာရှယ် မပါဝင်နိုင်တဲ့အချိန်မှာ ယူနိုက်တက်အတွက် ပွဲဦးထွက် ခြေစွမ်းပြရဖို့ ကာဗာနီက မျှော်လင့်နေပါတယ်။

ယူနိုက်တက်ရဲ့ ထာဝရ အကောင်းဆုံး ပြည်ပ ကစားသမား ၁၁ယောက် အသင်းကို ကိုယ်တိုင် ရွေးချယ်ရာမှာ ဂယ်ရီနဗီးက ကွင်းလယ်နေရာအတွက် ပေါ့ဘာကို ချန်လှပ်ထားခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ အတူ ဟွမ် ဗီရွန်ကို ရွေးချယ်ခဲ့ပါတယ်။

Zawgyi – အိုးလ္ထရက္ဖို႔ဒ္မွာ ပထမဆုံး လိဂ္၂ပြဲကို ရႈံးခဲ့တဲ့ေနာက္ ဆိုးလ္ရွားဟာ အိမ္ကြင္းပြဲစဥ္ေတြအတြက္ ကလပ္ရဲ႕ ခ်ဥ္းကပ္ပုံကိုေျပာင္းလဲဖို႔ စဥ္းစားေနၿပီး ခ်ယ္ဆီးနဲ႔ေတြ႕ဆုံရတဲ့အခါ ပထမဆုံးအိမ္ကြင္းႏိုင္ပြဲရယူဖို႔ ေမွ်ာ္လင့္ေနပါတယ္။

တြမ္ဇီဘီအေနနဲ႔ ဒဏ္ရာျပႆနာကို ေက်ာ္ျဖတ္ႏိုင္ရင္ ကစားခ်ိန္အမ်ားႀကီး ရလိမ့္မယ္လို႔ ဆိုးလ္ရွားက ကတိေပးခဲ့ေပမယ့္ မက္ဂြိဳင္းယားက ျပန္ေကာင္းလာတာေၾကာင့္ ခ်ယ္ဆီးနဲ႕ပြဲမွာ ဘယ္သူ႔ကို ပြဲထုတ္ရမလဲ ဆိုတာ အၾကပ္႐ိုက္ေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားေတြအေနနဲ႔ ပီအက္စ္ဂ်ီကို နိုင္ခဲ့တဲ့ပြဲကို ေျခကုပ္ယူၿပီး ေနာက္ထပ္ ႏိုင္ပြဲေတြဆက္တိုက္ရယူႏိုင္ဖို႔၊ ေျခစြမ္းတည္ၿငိမ္မႈရဖို႔ ႀကိဳးစားရမယ္လို႔ ဆိုးလ္ရွားက တိုက္တြန္း ေျပာဆို ခဲ့ပါတယ္။

အသင္းကေန ထြက္ခြာဖို႔ စကားစေနတဲ့ ေပါ့ဘာကို ယူႏိုက္တက္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုေနေပမယ့္ အက္ ဝုဒ္ဝ၀ပ္ကေတာ့ ဆန္းခ်က္တုန္းကလို အမွားမ်ိဳး ထပ္မျဖစ္ခ်င္တာေၾကာင့္ ၎အတြက္ လုပ္ခတိုးေပးဖို႔ကို ျငင္းဆန္ေနပါတယ္။

ယူႏိုက္တက္ ယူ၂၃အသင္းဟာ ပထမဆုံးႏိုင္ပြဲအျဖစ္ မေန႔က အဲဗာတန္ကို ၂-၁နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပယ္လီစထြီနဲ႔ ဘရန္ဒန္ဝီလီယံတို႔ အထင္ႀကီးစရာ ေျခစြမ္းျပခဲ့ၿပီး ပရိသတ္ေတြကေတာ့ လူငယ္ၾကယ္ပြင့္ေတြ အတြက္ အားရေက်နပ္ေနခဲ့ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ပြဲကို လြဲေခ်ာ္ခဲ့တဲ့ မက္ဂြိဳင္းယား၊ ေမဆန္ဂရင္းဝုဒ္တို႔နဲ႔ ကာဗာနီဟာ ခ်ယ္ဆီးနဲ႔ေတြ႕ဆုံရမယ့္ လူစာရင္းမွာ ပါဝင္လာတာနဲ႔အတူ မာရွယ္ မပါဝင္ႏိုင္တဲ့အခ်ိန္မွာ ယူႏိုက္တက္အတြက္ ပြဲဦးထြက္ ေျခစြမ္းျပရဖို႔ ကာဗာနီက ေမွ်ာ္လင့္ေနပါတယ္။

ယူႏိုက္တက္ရဲ႕ ထာဝရ အေကာင္းဆုံး ျပည္ပ ကစားသမား ၁၁ေယာက္ အသင္းကို ကိုယ္တိုင္ ေ႐ြးခ်ယ္ရာမွာ ဂယ္ရီနဗီးက ကြင္းလယ္ေနရာအတြက္ ေပါ့ဘာကို ခ်န္လွပ္ထားခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ အတူ ဟြမ္ ဗီ႐ြန္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။