ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/10/20)

ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားဟာ အမြင့်ဘော ဖျက်ထုတ်မှုတွေ ကောင်းမွန်ပေမယ့် တစ်ဦးချင်း မှာ ပြိုင်ဘက် တိုက်စစ်သမားတွေရဲ့ ကျော်ဖြတ်ခြင်း ခံနေရတာကြောင့် ဒီညပွဲမှာ ပါဝင်ရရင် ချယ်ဆီး တိုက်စစ်မှူး တီမိုဝါနာက ၎င်းကို အိပ်မက်ဆိုးတွေ ပေးသွားလိမ့်မယ်လို့ အင်္ဂလန် ခံစစ်မှူးဟောင်း ဂလင်း ဂျွန်ဆင်က သုံးသပ်ထားပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဗန်ဒီဘိခ် ပရီးမီးယားလိဂ် ပွဲထွက် လူစာရင်းမှာ မပါဝင်သေးခြင်းဟာ ကစားသမား အထိုင်ကျဖို့ အချိန်တစ်ခု ယူ စောင့်ကြည့်နေဆဲ ကြောင့် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ကွင်းလယ် ကစားသမား ဖရက်ဒ်ကတော့ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ပြိုင်ပွဲတိုင်းက ဆုဖလားတွေကို ရယူဖို့ ရည်မှန်းချက်ထား ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မေဆန်ဂရင်းဝုဒ်ဟာ ချယ်ဆီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ အဖျား ဝေဒနာကနေ ပြန်ကောင်းလာဖို့ ပြင်ဆင်နေသလို ဆယ်ကျော်သက် ကစားသမားရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုနဲ့ ပတ်သက်လို့ ဆိုးလ်ရှားက သံသယ မရှိနေဘဲ ဒီပွဲမှာ သူ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ရဲ့ ကလေးတွေရဲ့ ကျောင်းနေ့လည်စာ အတွက် ကြိုးစား စီစဉ်နေမှုကို ပြည်တွင်းမှာ အားပေးထောက်ခံမှုတွေ များနေပြီး ပြိုင်ဘက် လီဗာပူးအသင်းရဲ့ မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ ရက်ဖို့ဒ်ကို လေးစားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီညမှာ ယူနိုက်တက်ကို ရင်ဆိုင်ဖို့ ဒီနွေမှာ ခေါ်ထားတဲ့ ကစားသမားသစ်တွေ အားလုံး အပါအဝင် အတောင့်တင်းဆုံး လူစာရင်းနဲ့ မန်ချက်စတာ သို့ ရောက်လာခဲ့ကာ ၎င်းတို့ ယခင် ပွဲထွက် ဂိုးသမား ကီပါကိုတော့ ချန်ရစ်ခဲ့ကြောင်း သိရပါတယ်။

ချယ်ဆီးနဲ့ ပွဲ အတွက် မန်ချက်စတာယူနိုက်တက် အသင်း ဟိုတယ် လိုဝီသို့ ရောက်ရှိလာတဲ့ အသင်း လူစာရင်းထဲမှာ ကာဗာနီ၊ မက်ဂွဲရားတို့ ပါဝင်နေပြီး ဓာတ်ပုံမှတ်တမ်းတွေ အရ ပါဝင်တဲ့ ကစားသမားတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

David de Gea, Dean Henderson, Nathan Bishop, Aaron Wan-Bissaka, Timothy Fosu-Mensah, Victor Lindelof, Harry Maguire, Axel Tuanzebe, Luke Shaw, Donny van de Beek, Nemanja Matic, Scott McTominay, Fred, Paul Pogba, Juan Mata, Bruno Fernandes, Daniel James, Mason Greenwood, Edinson Cavani, Marcus Rashford, Odion Ighalo

အဲလက်စ် တဲလက်စ်ကတော့ ဓာတ်ပုံတွေထဲ မပါဝင်ခဲ့ပေမယ့် အသင်းဟိုတယ်မှာ ရောက်နှင့်နေကာ နေထိုင်နေပြီလို့ သိရပါတယ်။

Zawgyi – ယူနိုက္တက္ ခံစစ္မွဴး မက္ဂြဲရားဟာ အျမင့္ေဘာ ဖ်က္ထုတ္မႈေတြ ေကာင္းမြန္ေပမယ့္ တစ္ဦးခ်င္း မွာ ျပိဳင္ဘက္ တိုက္စစ္သမားေတြရဲ႕ ေက်ာ္ျဖတ္ျခင္း ခံေနရတာေၾကာင့္ ဒီညပြဲမွာ ပါ၀င္ရရင္ ခ်ယ္ဆီး တိုက္စစ္မွဴး တီမို၀ါနာက ၄င္းကို အိပ္မက္ဆိုးေတြ ေပးသြားလိမ့္မယ္လို႔ အဂၤလန္ ခံစစ္မွဴးေဟာင္း ဂလင္း ဂၽြန္ဆင္က သံုးသပ္ထားပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ဗန္ဒီဘိခ္ ပရီးမီးယားလိဂ္ ပြဲထြက္ လူစာရင္းမွာ မပါ၀င္ေသးျခင္းဟာ ကစားသမား အထိုင္က်ဖို႔ အခ်ိန္တစ္ခု ယူ ေစာင့္ၾကည့္ေနဆဲ ေၾကာင့္ ျဖစ္ေၾကာင္း ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္ ကစားသမား ဖရက္ဒ္ကေတာ့ ဒီရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အတူ ျပိဳင္ပြဲတိုင္းက ဆုဖလားေတြကို ရယူဖို႔ ရည္မွန္းခ်က္ထား ယွဥ္ျပိဳင္မွာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ေမဆန္ဂရင္းဝုဒ္ဟာ ခ်ယ္ဆီးနဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔ အဖ်ား ေဝဒနာကေန ျပန္ေကာင္းလာဖို႔ ျပင္ဆင္ေနသလို ဆယ္ေက်ာ္သက္ ကစားသမားရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈနဲ႔ ပတ္သက္လို႔ ဆိုးလ္ရွားက သံသယ မရွိေနဘဲ ဒီပြဲမွာ သူ ပါဝင္နိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ရဲ႕ ကေလးေတြရဲ႕ ေက်ာင္းေန႔လည္စာ အတြက္ ၾကိဳးစား စီစဥ္ေနမႈကို ျပည္တြင္းမွာ အားေပးေထာက္ခံမႈေတြ မ်ားေနျပီး ျပိဳင္ဘက္ လီဗာပူးအသင္းရဲ႕ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ ရက္ဖို႔ဒ္ကို ေလးစားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီညမွာ ယူနိုက္တက္ကို ရင္ဆိုင္ဖို႔ ဒီေႏြမွာ ေခၚထားတဲ့ ကစားသမားသစ္ေတြ အားလံုး အပါအ၀င္ အေတာင့္တင္းဆံုး လူစာရင္းနဲ႕ မန္ခ်က္စတာ သို႔ ေရာက္လာခဲ့ကာ ၄င္းတို႔ ယခင္ ပြဲထြက္ ဂိုးသမား ကီပါကိုေတာ့ ခ်န္ရစ္ခဲ့ေၾကာင္း သိရပါတယ္။

ခ်ယ္ဆီးနဲ႕ ပြဲ အတြက္ မန္ခ်က္စတာယူနိုက္တက္ အသင္း ဟိုတယ္ လို၀ီသို႔ ေရာက္ရွိလာတဲ့ အသင္း လူစာရင္းထဲမွာ ကာဗာနီ၊ မက္ဂြဲရားတို႔ ပါ၀င္ေနျပီး ဓာတ္ပံုမွတ္တမ္းေတြ အရ ပါ၀င္တဲ့ ကစားသမားေတြက ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

David de Gea, Dean Henderson, Nathan Bishop, Aaron Wan-Bissaka, Timothy Fosu-Mensah, Victor Lindelof, Harry Maguire, Axel Tuanzebe, Luke Shaw, Donny van de Beek, Nemanja Matic, Scott McTominay, Fred, Paul Pogba, Juan Mata, Bruno Fernandes, Daniel James, Mason Greenwood, Edinson Cavani, Marcus Rashford, Odion Ighalo

အဲလက္စ္ တဲလက္စ္ကေတာ့ ဓာတ္ပံုေတြထဲ မပါ၀င္ခဲ့ေပမယ့္ အသင္းဟိုတယ္မွာ ေရာက္နွင့္ေနကာ ေနထိုင္ေနျပီလို႔ သိရပါတယ္။