ချယ်ဆီးဟာ အရေးပေါ် ဂိုးသမား အဖြစ် ပီတာချက်ကို အသင်းလူစာရင်းမှာ ထည့်သွင်းခဲ့တာကြောင့် ချယ်ဆီး အတွက် ချက်က ဝင်ကစားဖြစ်လိမ့်မယ်လို့ မန်ဒီက မထင်နေပေမေယ့် ဝါရင့်ဂိုးသမားထံကနေ လေ့လာသင်ယူခွင့်က အပိုဆု တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
လိဂ် ၅ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့ပြီး ၉ဂိုးတောင် ပေးခဲ့ရတဲ့ ချယ်ဆီးအနေနဲ့ ယူနိုက်တက်နဲ့ တွေ့ဆုံရမယ့်ပွဲဟာ အဆင့်၄ဝင်ဖို့ကိစ္စမှာ အရေးပါသလို အဲ့ဒီ့ပွဲမှာ ရှုံးနိမ့်ခဲ့ရင် လမ်းပတ်အတွက် ဖိအားတွေ ရှိလာလိမ့်မယ် လို့ ပေါလ်မာဆွန်က ယုံကြည်နေပါတယ်။
ယူနိုက်တက် အတွက် ပွဲဦးထွက်မယ့် ကာဗာနီဟာ ချယ်ဆီးနဲ့ ပွဲမှာ အသင်းဖော်ဟောင်း သီယာဂို ဆေးဗားနဲ့ ရင်ဆိုင်ရဖို့အရေးကို မျှော်လင့်နေပြီး လေ့ကျင့်ရေးမှာ အလုပ်အရမ်း ကြိုးစားတဲ့ နောက်ခံလူနဲ့ ယှဉ်ပြိုင်ရတာ လွယ်ကူမှာ မဟုတ်ဘူးလို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။
ဘင်ချီဝဲ ရောက်လာတဲ့နောက် ချယ်ဆီးအသင်းကြီးမှာ နေရာ ရဖို့မရှိတော့တဲ့ အီမာဆန်ဟာ ဇန်နဝါရီမှာ အီတလီကို ပြောင်းရွှေ့နိုင်ဖွယ်ရှိနေပြီး စီးရီးအေထိပ်သီး ကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန် တို့က သူ့ကို စိတ်ဝင်စားနေတာပါ။
ချယ်ဆီးမှာ ဗဟိုခံစစ်အတွက် စီနီယာ ကစားသမား ၅ယောက် ရှိနေတာနဲ့အတူ ဖီကာယို တိုမိုရီဟာ အရန်အနေနဲ့ လိဂ်တစ်ပွဲသာ ပါဝင်ခဲ့ရပေမယ့် ယူနိုက်တက်နဲ့ပွဲမှာတော့ သူ့ကို ပွဲထွက်စာရင်းထဲထည့်ပေးဖို့ ချယ်ဆီး ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။
ယူနိုက်တက်နဲ့ တွေ့ရမယ့် ချယ်ဆီးအသင်းမှာ ကီပါ၊ ဘီလီဂေလ်မာ၊ အိုဒွိုင်း၊ အလွန်ဆို၊ ခရစ္စတန်ဆန်တို့ မပါဝင်ပေမယ့် ကျန်တဲ့ အသင်းသားတွေနဲ့အတူ ကစားသမားသစ် အားလုံး ပါဝင်ခဲ့တာကြောင့် လမ်းပတ်အတွက် အင်အားအပြည့် ရှိနေပါတယ်။
မန်ဒီဟာ သူသဘောကျခဲ့တဲ့ ချယ်ဆီးကို ပြောင်းရွှေ့ခွင့်ရခဲ့ရုံနဲ့ ရည်မှန်းချက် အောင်မြင်ခဲ့ပြီလို့ မခံစားရပဲ ဒါဟာ လမ်းကြောင်းမှန်ကိုသွားဖို့ ခြေလှမ်းတစ်လှမ်းအဖြစ် သဘောထားပြီး အသင်းသစ်နဲ့အတူ ဆုဖလားတွေရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
နွေရာသီမှာ အာဆင်နယ်ဟာ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သို ချယ်ဆီးနဲ့ ဆွေးနွေးမှု လုပ်ခဲ့ကြောင်း အီတလီ ကွင်းလယ်လူက အတည်ပြုခဲ့ပြီး အဆုံးသတ်မှာတော့ ချယ်ဆီးမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးဟာ အေရးေပၚ ဂိုးသမား အျဖစ္ ပီတာခ်က္ကို အသင္းလူစာရင္းမွာ ထည့္သြင္းခဲ့တာေၾကာင့္ ခ်ယ္ဆီး အတြက္ ခ်က္က ၀င္ကစားျဖစ္လိမ့္မယ္လို႔ မန္ဒီက မထင္ေနေပေမယ့္ ဝါရင့္ဂိုးသမားထံကေန ေလ့လာသင္ယူခြင့္က အပိုဆု တစ္ခု ျဖစ္တယ္လို႔ ဆိုပါတယ္။
လိဂ္ ၅ပြဲမွာ ၂ပြဲသာ အႏိုင္ရခဲ့ၿပီး ၉ဂိုးေတာင္ ေပးခဲ့ရတဲ့ ခ်ယ္ဆီးအေနနဲ႔ ယူႏိုက္တက္နဲ႔ ေတြ႕ဆုံရမယ့္ပြဲဟာ အဆင့္၄ဝင္ဖို႔ကိစၥမွာ အေရးပါသလို အဲ့ဒီ့ပြဲမွာ ရႈံးနိမ့္ခဲ့ရင္ လမ္းပတ္အတြက္ ဖိအားေတြ ရွိလာလိမ့္မယ္ လို႔ ေပါလ္မာဆြန္က ယုံၾကည္ေနပါတယ္။
ယူႏိုက္တက္ အတြက္ ပြဲဦးထြက္မယ့္ ကာဗာနီဟာ ခ်ယ္ဆီးနဲ႔ ပြဲမွာ အသင္းေဖာ္ေဟာင္း သီယာဂို ေဆးဗားနဲ႔ ရင္ဆိုင္ရဖို႔အေရးကို ေမွ်ာ္လင့္ေနၿပီး ေလ့က်င့္ေရးမွာ အလုပ္အရမ္း ႀကိဳးစားတဲ့ ေနာက္ခံလူနဲ႔ ယွဥ္ၿပိဳင္ရတာ လြယ္ကူမွာ မဟုတ္ဘူးလို႔ ၀န္ခံ ေျပာဆိုခဲ့ပါတယ္။
ဘင္ခ်ီဝဲ ေရာက္လာတဲ့ေနာက္ ခ်ယ္ဆီးအသင္းႀကီးမွာ ေနရာ ရဖို႔မရွိေတာ့တဲ့ အီမာဆန္ဟာ ဇန္နဝါရီမွာ အီတလီကို ေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ရွိေနၿပီး စီးရီးေအထိပ္သီး ကလပ္ေတြျဖစ္တဲ့ ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္ တို႔က သူ႔ကို စိတ္ဝင္စားေနတာပါ။
ခ်ယ္ဆီးမွာ ဗဟိုခံစစ္အတြက္ စီနီယာ ကစားသမား ၅ေယာက္ ရွိေနတာနဲ႔အတူ ဖီကာယို တိုမိုရီဟာ အရန္အေနနဲ႔ လိဂ္တစ္ပြဲသာ ပါဝင္ခဲ့ရေပမယ့္ ယူႏိုက္တက္နဲ႔ပြဲမွာေတာ့ သူ႔ကို ပြဲထြက္စာရင္းထဲထည့္ေပးဖို႔ ခ်ယ္ဆီး ပရိသတ္ေတြက ေတာင္းဆိုေနၾကပါတယ္။
ယူႏိုက္တက္နဲ႔ ေတြ႕ရမယ့္ ခ်ယ္ဆီးအသင္းမွာ ကီပါ၊ ဘီလီေဂလ္မာ၊ အိုဒြိဳင္း၊ အလြန္ဆို၊ ခရစၥတန္ဆန္တို႔ မပါဝင္ေပမယ့္ က်န္တဲ့ အသင္းသားေတြနဲ႔အတူ ကစားသမားသစ္ အားလုံး ပါဝင္ခဲ့တာေၾကာင့္ လမ္းပတ္အတြက္ အင္အားအျပည့္ ရွိေနပါတယ္။
မန္ဒီဟာ သူသေဘာက်ခဲ့တဲ့ ခ်ယ္ဆီးကို ေျပာင္းေ႐ႊ႕ခြင့္ရခဲ့႐ုံနဲ႔ ရည္မွန္းခ်က္ ေအာင္ျမင္ခဲ့ၿပီလို႔ မခံစားရပဲ ဒါဟာ လမ္းေၾကာင္းမွန္ကိုသြားဖို႔ ေျခလွမ္းတစ္လွမ္းအျဖစ္ သေဘာထားၿပီး အသင္းသစ္နဲ႔အတူ ဆုဖလားေတြရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ေႏြရာသီမွာ အာဆင္နယ္ဟာ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့သို ခ်ယ္ဆီးနဲ႔ ေဆြးေႏြးမႈ လုပ္ခဲ့ေၾကာင္း အီတလီ ကြင္းလယ္လူက အတည္ျပဳခဲ့ၿပီး အဆုံးသတ္မွာေတာ့ ခ်ယ္ဆီးမွာ ဆက္ေနဖို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္။