ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (24/10/20)

ပရိသတ်တွေဟာ အူဘာမီးယန်းကို ပွဲတိုင်း တစ်ဂိုး သွင်းနိုင်ဖို့ မျှော်လင့်နေကြတာကြောင့် သူ ဂိုးပေါက်ပျောက်နေတဲ့အချိန် ဝေဖန်နေကြတာကို အာတီတာက အံ့ဩမနေဘဲ အသင်းကတော့ သူ့ကို အမြဲ ထောက်ခံ အားပေးနေမှာပါလို့ ပြောဆိုခဲ့ပါတယ်။

အိုဇေးကို ချန်လှပ်ထားခဲ့တာနဲ့ ပတ်သက်လို့ အာတီတာဟာ တိတိကျကျ ဖြေရှင်းချက် မပေးဘဲ သူ့ရဲ့ အကောင်းဆုံး ပုံစံ ရအောင်မလုပ်နိုင်ခဲ့ဘူးလို့ ဖြေတာဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလို့ အေးဂျင့် ဆိုဂတ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

ရက်ပစ်ဗီယင်နာနဲ့ပွဲမှာ အာဆင်နယ် ဂိုးသမား လီနိုဟာ အနောက်ကနေ စတင်ကစားဖို့အတွက် ဘောလုံး စပေးရာမှာ အမှားလုပ်မိခဲ့ပြီး ပြိုင်ဘက်ကို ဂိုးပေးခဲ့ရပေမယ့် ဒါက အသင်းရဲ့ကစားပုံပဲဖြစ်တယ်လို့ ဒေးဗစ်လူးဝစ်က ကာကွယ်ပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ လက်စတာနဲ့ တွေ့ဆုံရဖို့ရှိနေပြီး ဒီရာသီ ကာရာဘောင်း ဖလားမှာတုန်းက ၂-ဝနဲ့ အနိုင်ရခဲ့ပေမယ့် လက်စတာက အဲ့ဒီ့တုန်းကလို အမှားတွေ ထပ်လုပ်မှာ မဟုတ်ဘဲ ပြောင်းလဲလာလိမ့်မယ် လို့ အာတီတာက အသင်းသားတွေအား သတိပေးခဲ့ပါတယ်။

အနာဂတ်မှာ အာဆင်နယ်နဲ့ တွေ့ရမယ့် ပြိုင်ဘက်တွေဟာ လီနိုကို အာဆင်နယ်ရဲ့ အားနည်းချက်အဖြစ် သတ်မှတ်ပြီး သူ အမှားတွေလုပ်မိအောင် ဖိအားပေးမှာ ဖြစ်တာကြောင့် လီနိုအနေနဲ့ အမှားတွေကို သင်ယူဖို့လိုတယ်လို့ ကီယွန်က အကြံပေးခဲ့ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်အတွက် မကစားပေးရပေမယ့် တွစ်တာပေါ်ကနေ အသင်းကို အားပေးခဲ့တဲ့အတွက် နည်းပြ အာတီတာက ချီးကျူးခဲ့ပြီး ဒါဟာ ကစားသမားတွေထံကနေ သူ လိုချင်တဲ့ အသင်း စိတ်ဓာတ်ပဲလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီမှာ အသုံးစရိတ်များစွာ သုံးစွဲမှာမဟုတ်ပေမယ့် နောက်ထပ် ခေါ်ယူမှုတွေတော့ လုပ်ဦးမှာဖြစ်ပြီး ဖန်တီးရှင်ကွင်းလယ်လူ၊ ဘယ်နောက်ခံလူနဲ့ တိုက်စစ်ကစားသမားတွေ ထပ်ခေါ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အာဆင်နယ်မှာ နေရာမရပေမယ့် အိုဇေးလ်အနေနဲ့ စာချုပ်ပြည့်လို့ အသင်းက ထွက်ခွာရင် ရွေးချယ်စရာ ရှားပါး မနေသလို ဘရာဇီး၊ ပေါ်တူဂီ၊ ကာတာနဲ့ မေဂျာလိဂ်ကလပ်တွေက သူ့ကို ခေါ်ယူလိုနေကြကာ အိုဇေးလ် တစ်ယောက် ဘယ်ကိုပြောင်းရွှေ့မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Zawgyi – ပရိသတ္ေတြဟာ အူဘာမီးယန္းကို ပြဲတိုင္း တစ္ဂိုး သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာေၾကာင့္ သူ ဂိုးေပါက္ေပ်ာက္ေနတဲ့အခ်ိန္ ေဝဖန္ေနၾကတာကို အာတီတာက အံ့ဩမေနဘဲ အသင္းကေတာ့ သူ႔ကို အၿမဲ ေထာက္ခံ အားေပးေနမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

အိုေဇးကို ခ်န္လွပ္ထားခဲ့တာနဲ႔ ပတ္သက္လို႔ အာတီတာဟာ တိတိက်က် ေျဖရွင္းခ်က္ မေပးဘဲ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံ ရေအာင္မလုပ္ႏိုင္ခဲ့ဘူးလို႔ ေျဖတာဟာ လုံေလာက္တဲ့ အေၾကာင္းျပခ်က္ မဟုတ္ဘူးလို႔ ေအးဂ်င့္ ဆိုဂတ္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ရက္ပစ္ဗီယင္နာနဲ႔ပြဲမွာ အာဆင္နယ္ ဂိုးသမား လီႏိုဟာ အေနာက္ကေန စတင္ကစားဖို႔အတြက္ ေဘာလုံး စေပးရာမွာ အမွားလုပ္မိခဲ့ၿပီး ၿပိဳင္ဘက္ကို ဂိုးေပးခဲ့ရေပမယ့္ ဒါက အသင္းရဲ႕ကစားပုံပဲျဖစ္တယ္လို႔ ေဒးဗစ္လူး၀စ္က ကာကြယ္ေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ လက္စတာနဲ႔ ေတြ႕ဆုံရဖို႔ရွိေနၿပီး ဒီရာသီ ကာရာေဘာင္း ဖလားမွာတုန္းက ၂-၀နဲ႔ အႏိုင္ရခဲ့ေပမယ့္ လက္စတာက အဲ့ဒီ့တုန္းကလို အမွားေတြ ထပ္လုပ္မွာ မဟုတ္ဘဲ ေျပာင္းလဲလာလိမ့္မယ္ လို႔ အာတီတာက အသင္းသားေတြအား သတိေပးခဲ့ပါတယ္။

အနာဂတ္မွာ အာဆင္နယ္နဲ႔ ေတြ႕ရမယ့္ ၿပိဳင္ဘက္ေတြဟာ လီႏိုကို အာဆင္နယ္ရဲ႕ အားနည္းခ်က္အျဖစ္ သတ္မွတ္ၿပီး သူ အမွားေတြလုပ္မိေအာင္ ဖိအားေပးမွာ ျဖစ္တာေၾကာင့္ လီႏိုအေနနဲ႔ အမွားေတြကို သင္ယူဖို႔လိုတယ္လို႔ ကီယြန္က အႀကံေပးခဲ့ပါတယ္။

အိုေဇးလ္ဟာ အာဆင္နယ္အတြက္ မကစားေပးရေပမယ့္ တြစ္တာေပၚကေန အသင္းကို အားေပးခဲ့တဲ့အတြက္ နည္းျပ အာတီတာက ခ်ီးက်ဴးခဲ့ၿပီး ဒါဟာ ကစားသမားေတြထံကေန သူ လိုခ်င္တဲ့ အသင္း စိတ္ဓာတ္ပဲလို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ဇန္နဝါရီမွာ အသုံးစရိတ္မ်ားစြာ သုံးစြဲမွာမဟုတ္ေပမယ့္ ေနာက္ထပ္ ေခၚယူမႈေတြေတာ့ လုပ္ဦးမွာျဖစ္ၿပီး ဖန္တီးရွင္ကြင္းလယ္လူ၊ ဘယ္ေနာက္ခံလူနဲ႔ တိုက္စစ္ကစားသမားေတြ ထပ္ေခၚဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

အာဆင္နယ္မွာ ေနရာမရေပမယ့္ အိုေဇးလ္အေနနဲ႔ စာခ်ဳပ္ျပည့္လို႔ အသင္းက ထြက္ခြာရင္ ေ႐ြးခ်ယ္စရာ ရွားပါး မေနသလို ဘရာဇီး၊ ေပၚတူဂီ၊ ကာတာနဲ႔ ေမဂ်ာလိဂ္ကလပ္ေတြက သူ႔ကို ေခၚယူလိုေနၾကကာ အိုေဇးလ္ တစ္ေယာက္ ဘယ္ကိုေျပာင္းေ႐ႊ႕မလဲဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။