ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့တဲ့ ဒီအပတ်ပွဲရဲ့ ခက်ခဲမယ့် အခြေအနေကို လမ်းပတ် ထုတ်ပြော

ပရီးမီးယားလိဂ် ပွဲစဉ် ၆ ကို ယှဉ်ပြိုင်မယ့် ဒီအပတ်မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် အိုထရတ်ဖိုဒ့်ကွင်းမှာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

ဒီဘက်နှစ်တွေမှာတော့ လီဗာပူး၊ မန်စီးတီးတို့ရဲ့ လွှမ်းမိုးမှုနဲ့အတူ ပရီးမီးယားလိဂ်ဟာ နှစ်ကောင်တည်းပြေးတဲ့ လိဂ်ပြိုင်ပွဲ ဖြစ်လာခဲ့တယ်။ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကိုပဲ ပြိုင်ဆိုင်တဲ့ အသင်းတွေဖြစ်လာခဲ့ကာ အခြားသော နှစ်သင်းဖြစ်တဲ့ စပါး၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်လာခဲ့ရတယ်။

ဒါပေမယ့်လို့ ယူနိုက်တက်နဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အအောင်မြင်ဆုံး ကလပ်တွေဖြစ်ပြီး အတိတ်က ပြိုင်ဆိုင်မှုတွေက ပြင်းထန်ခဲ့ကြတယ်။ ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုမှာလည်း ကစားသမားဟောင်းတွေက မန်နေဂျာတွေအဖြစ် တာဝန်ယူမှုနဲ့အတူ ရမှတ်အတွက် ပြိုင်ဆိုင်ကြဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီး ထိပ်တိုက်တွေ့မှုကို ပွဲကြီးပွဲကောင်းအဖြစ် ခံစားနေရဆဲလားဆိုတဲ့ အမေးကို လမ်းပတ်က ” ဟုတ်ပါတယ်။ ပွဲကြီးပွဲကောင်းပါပဲ။ ဒီပွဲက ပွဲကောင်းလည်း ဖြစ်သင့်ပါတယ် ” လို့ ဖြေပါတယ်။

ချယ်ဆီးမန်နေဂျာက ” သူတို့နဲ့ အကြိမ်တွေ အများကြီး ရင်ဆိုင်ကစားဖူးပါတယ်။ မနှစ်တုန်းက ဖလားပွဲ နှစ်ခုမှာ သူတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတယ်။ သူတို့က တစ်ဦးချင်း အရည်အချင်းကော အသင်းလိုက် စုဖွဲ့မှုမှာပါ ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ကြားရက်က ပဲရစ်မှာ သူတို့ အရမ်းကောင်းတဲ့ ရလဒ်ကို ရယူနိုင်ခဲ့တာကိုလည်း မြင်ကြရမှာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ လူတိုင်းက အမှတ်ပေးဇယားနဲ့ နီးကပ်နေဆဲဖြစ်ပါတယ်။ ခက်ခဲတဲ့ ရမှတ်တွေ ရဖို့အတွက် အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။ ဒီပွဲက တကယ်ကို ခက်ခဲမယ့်ပွဲ ဖြစ်လာမယ်ဆိုတာ သေချာပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ ကို ယွဥ္ျပိဳင္မယ့္ ဒီအပတ္မွာေတာ့ ပြဲၾကီးပြဲေကာင္းအျဖစ္ အိုထရတ္ဖိုဒ့္ကြင္းမွာ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးတို႔ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။

ဒီဘက္ႏွစ္ေတြမွာေတာ့ လီဗာပူး၊ မန္စီးတီးတို႔ရဲ႕ လႊမ္းမိုးမႈနဲ႔အတူ ပရီးမီးယားလိဂ္ဟာ ႏွစ္ေကာင္တည္းေျပးတဲ့ လိဂ္ျပိဳင္ပြဲ ျဖစ္လာခဲ့တယ္။ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကိုပဲ ျပိဳင္ဆုိင္တဲ့ အသင္းေတြျဖစ္လာခဲ့ကာ အျခားေသာ ႏွစ္သင္းျဖစ္တဲ့ စပါး၊ အာဆင္နယ္တို႔နဲ႔ ယွဥ္ျပိဳင္လာခဲ့ရတယ္။

ဒါေပမယ့္လို႔ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္ သမိုင္းမွာ အေအာင္ျမင္ဆံုး ကလပ္ေတြျဖစ္ျပီး အတိတ္က ျပိဳင္ဆုိင္မႈေတြက ျပင္းထန္ခဲ့ၾကတယ္။ ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြ႔မႈမွာလည္း ကစားသမားေဟာင္းေတြက မန္ေနဂ်ာေတြအျဖစ္ တာဝန္ယူမႈနဲ႔အတူ ရမွတ္အတြက္ ျပိဳင္ဆုိင္ၾကဦးမွာ ျဖစ္ပါတယ္။

ယူႏုိက္တက္နဲ႔ ခ်ယ္ဆီး ထိပ္တိုက္ေတြ႔မႈကို ပြဲၾကီးပြဲေကာင္းအျဖစ္ ခံစားေနရဆဲလားဆိုတဲ့ အေမးကို လမး္ပတ္က ” ဟုတ္ပါတယ္။ ပြဲၾကီးပြဲေကာင္းပါပဲ။ ဒီပြဲက ပြဲေကာင္းလည္း ျဖစ္သင့္ပါတယ္ ” လို႔ ေျဖပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာက ” သူတို႔နဲ႔ အၾကိမ္ေတြ အမ်ားၾကီး ရင္ဆိုင္ကစားဖူးပါတယ္။ မႏွစ္တုန္းက ဖလားပြဲ ႏွစ္ခုမွာ သူတို႔နဲ႔ ယွဥ္ျပိဳင္ကစားခဲ့ရတယ္။ သူတို႔က တစ္ဦးခ်င္း အရည္အခ်င္းေကာ အသင္းလိုက္ စုဖြဲ႔မႈမွာပါ ေကာင္းမြန္တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ ၾကားရက္က ပဲရစ္မွာ သူတို႔ အရမ္းေကာင္းတဲ့ ရလဒ္ကို ရယူႏုိင္ခဲ့တာကိုလည္း ျမင္ၾကရမွာ ျဖစ္ပါတယ္။

ဒီအေျခအေနမွာ လူတိုင္းက အမွတ္ေပးဇယားနဲ႔ နီးကပ္ေနဆဲျဖစ္ပါတယ္။ ခက္ခဲတဲ့ ရမွတ္ေတြ ရဖို႔အတြက္ အခြင့္အေရး ရွိေနဆဲျဖစ္ပါတယ္။ ဒီပြဲက တကယ္ကို ခက္ခဲမယ့္ပြဲ ျဖစ္လာမယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။