ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ နေရာတစ်နေရာ ပုံမှန်ရဖို့ ရုန်းကန်နေရတာဖြစ်သလို ချယ်ဆီးနဲ့ပွဲမှာလဲ သူ့ကိုထည့်မသုံးခဲ့တဲ့အပေါ် အီဗရာက မေးခွန်းထုတ်ခဲ့ပြီး ယူနိုက်တက်က သူ့ကို မလိုအပ်ဘူးလို့ ခနဲ့တဲ့တဲ့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ မန်ဒီရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ချယ်ဆီးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့နောက် အဆင့် ၁၅ကို ကျဆင်းခဲ့သလို သူတို့အနေနဲ့ ဒီပွဲမှာ သရေတစ်မှတ်ထက် ပိုရခဲ့သင့်တယ်လို့ ဂိုးသမား ဒီဂီယာက ဆိုပါတယ်။
ယူနိုက်တက်ဟာ ချယ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအတွက် ကလပ်ရဲ့ ခက်ခဲတဲ့ ပွဲချိန်ဇယားကို ဆိုးလ်ရှားက အပြစ်တင်ဝေဖန်ခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ပရိသတ်တွေသာ ရှိနေခဲ့ရင် အသင်းက အနိုင်ရခဲ့လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးနဲ့ပွဲမှာ ပွဲဦးထွက်ခဲ့တဲ့ ကာဗာနီဟာ ဂိုးရဖို့နီးစပ်ခဲ့သလို အသင်းဖော်ဟောင်း သီယာဂိုဆေးဗားက တားဆီးခဲ့တာကြောင့် လွဲချော်ခဲ့ရပေမယ့် နောက်ကျရင်တော့ ယူနိုက်တက်အတွက် ဂိုးတွေသွင်းပေးလိမ့်မယ်ဆို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။
မားကို့စ်ရိုဂျိုဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်တော့မှာဖြစ်ပေမယ့် ရှက်ဖီးယူနိုက်တက်ဟာ လက်ကျန်ရာသီဝက်အတွက် သူ့ကို အငှားခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
အိုးလ်ထရက်ဖို့ဒ်က ပွဲမှာ နှစ်သင်းလုံး အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကြိုးပမ်းခြိမ်းခြောက်မှုတွေကို မန်ဒီ ကာကွယ်ခဲ့တာနဲ့အတူ သူက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါလို့ ဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက်ဟာ စပို့တင်းကြယ်ပွင့် နူနိုမန်ဒက်စ်ကို ခေါ်ယူလိုနေပြီး ဘရူနို ဖာနန်ဒက်စ်ကို ဗန်းပြကာ ဆွဲဆောင်ဖို့ ကြိုးစားနေပေမယ့် အေစီမီလန်ကလဲ သူ့ကို အလိုရှိနေတာနဲ့အတူ ပြိုင်ဆိုင်မှုတွေတော့ ကြုံတွေ့ရဦးမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသက်ကယ်အင်္ကျီတွေဝတ်ပြီး ကစားခဲ့တာဖြစ်တယ်လို့ဆိုပြီး ကလပ်ရဲ့ ရည်မှန်းချက်ကင်းမဲ့မှုအပေါ် ပက်ထရစ် အီဗရာက ဝေဖန်ပြောဆိုခဲ့ပေမယ့် ဆိုးလ်ရှားကတော့ သူတို့ဟာ ခြိမ်းခြောက်မှုပေးနိုင်ခဲ့တယ်လို့ ကာကွယ်ပေးခဲ့ပါတယ်။
ZAWGYI
ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာ ေနရာတစ္ေနရာ ပုံမွန္ရဖို႔ ႐ုန္းကန္ေနရတာျဖစ္သလို ခ်ယ္ဆီးနဲ႔ပြဲမွာလဲ သူ႔ကိုထည့္မသုံးခဲ့တဲ့အေပၚ အီဗရာက ေမးခြန္းထုတ္ခဲ့ၿပီး ယူႏိုက္တက္က သူ႔ကို မလိုအပ္ဘူးလို႔ ခနဲ႔တဲ့တဲ့ ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ မန္ဒီရဲ႕ လက္စြမ္းျပ ကာကြယ္မႈေတြေၾကာင့္ ခ်ယ္ဆီးနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ေနာက္ အဆင့္ ၁၅ကို က်ဆင္းခဲ့သလို သူတို႔အေနနဲ႔ ဒီပြဲမွာ သေရတစ္မွတ္ထက္ ပိုရခဲ့သင့္တယ္လို႔ ဂိုးသမား ဒီဂီယာက ဆိုပါတယ္။
ယူႏိုက္တက္ဟာ ခ်ယ္ဆီးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအတြက္ ကလပ္ရဲ႕ ခက္ခဲတဲ့ ပြဲခ်ိန္ဇယားကို ဆိုးလ္ရွားက အျပစ္တင္ေဝဖန္ခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္မွာ ပရိသတ္ေတြသာ ရွိေနခဲ့ရင္ အသင္းက အႏိုင္ရခဲ့လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးနဲ႔ပြဲမွာ ပြဲဦးထြက္ခဲ့တဲ့ ကာဗာနီဟာ ဂိုးရဖို႔နီးစပ္ခဲ့သလို အသင္းေဖာ္ေဟာင္း သီယာဂိုေဆးဗားက တားဆီးခဲ့တာေၾကာင့္ လြဲေခ်ာ္ခဲ့ရေပမယ့္ ေနာက္က်ရင္ေတာ့ ယူႏိုက္တက္အတြက္ ဂိုးေတြသြင္းေပးလိမ့္မယ္ဆို႔ ဆိုးလ္ရွားက ယုံၾကည္ေနပါတယ္။
မားကို႔စ္႐ိုဂ်ိဳဟာ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္မွာျဖစ္ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္ေတာ့မွာျဖစ္ေပမယ့္ ရွက္ဖီးယူႏိုက္တက္ဟာ လက္က်န္ရာသီဝက္အတြက္ သူ႔ကို အငွားေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။
အိုးလ္ထရက္ဖို႔ဒ္က ပြဲမွာ ႏွစ္သင္းလုံး အခြင့္အေရးေတြ အမ်ားႀကီး မဖန္တီးႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္ရဲ႕ ႀကိဳးပမ္းၿခိမ္းေျခာက္မႈေတြကို မန္ဒီ ကာကြယ္ခဲ့တာနဲ႔အတူ သူက ဒီပြဲရဲ႕ အေကာင္းဆုံး ကစားသမားပါလို႔ ဆိုးလ္ရွားက ခ်ီးက်ဴးခဲ့ပါတယ္။
ယူႏိုက္တက္ဟာ စပို႔တင္းၾကယ္ပြင့္ ႏူႏိုမန္ဒက္စ္ကို ေခၚယူလိုေနၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို ဗန္းျပကာ ဆြဲေဆာင္ဖို႔ ႀကိဳးစားေနေပမယ့္ ေအစီမီလန္ကလဲ သူ႔ကို အလိုရွိေနတာနဲ႔အတူ ၿပိဳင္ဆိုင္မႈေတြေတာ့ ႀကဳံေတြ႕ရဦးမွာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ အသက္ကယ္အက်ႌေတြဝတ္ၿပီး ကစားခဲ့တာျဖစ္တယ္လို႔ဆိုၿပီး ကလပ္ရဲ႕ ရည္မွန္းခ်က္ကင္းမဲ့မႈအေပၚ ပက္ထရစ္ အီဗရာက ေဝဖန္ေျပာဆိုခဲ့ေပမယ့္ ဆိုးလ္ရွားကေတာ့ သူတို႔ဟာ ၿခိမ္းေျခာက္မႈေပးႏိုင္ခဲ့တယ္လို႔ ကာကြယ္ေပးခဲ့ပါတယ္။