ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (25/10/20)

ချယ်ဆီးဂိုးသမာ အီဒိုဝပ် မန်ဒီဟာ ယူနိုက်တက်နဲ့ပွဲမှာ clean sheet ရခဲ့တဲ့နောက် ၂၀၁၅ဒီဇင်ဘာတုန်းက ကော်တိုရစ်နောက်ပိုင်း အိုးလ်ထရက်ဖိုဒ်မှာ ဂိုးမပေးခဲ့ရတဲ့ ပထမဆုံး ချယ်ဆီးဂိုးသမား ဖြစ်လာခဲ့ပါတယ်။

မက်ဂွိုင်းယားက ယူနိုက်တက် ဧရိယာအတွင်း နောက်ကနေ အတင်းဆွဲခဲ့ပေမယ့် VAR ပြန်ကြည့်တာတောင် ပင်နယ်တီမပေးခဲ့တာဟာ ယုံကြည်စရာ မရှိဘူးလို့ ချယ်ဆီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက ဝေဖန်ပြောဆိုခဲ့ပါတယ်။

မက်ဂွိုင်းယားက ကွီတာကို နောက်ကဖက်ပြီး ဆွဲချခဲ့တာဟာ ရုပ်သံliveမှာတောင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ငြင်းဆန်ခဲ့တဲ့အပေါ် လမ်းပတ်က ဒေါသဖြစ်နေခဲ့ပြီး ဒါက လုံးဝ ပင်နယ်တီပဲလို့ ကွီတာကိုထောက်ခံခဲ့ပါတယ်။

သီယာဂိုဆေးဗားဟာ ယူနိုက်တက်နဲ့ပွဲမှာ အထင်ကြီးစရာခြေစွမ်းပြသခဲ့သလို မိနစ်၉၀အတွင်း ဘောလုံးရှင်းထုတ်မှု၆ကြိမ်၊ ဖျက်ထုတ်မှု၂ကြိမ်နဲ့ ပေးပို့မှု ၈၂ကြိမ်မှာ တိကျမှု ၉၄% ရခဲ့ကာ ပြိုင်ဘက်ကစားသမားတစ်ယောက်မှ သူ့ကို မလိမ်ခေါက်နိုင်ခဲ့ပါဘူး။

ချယ်ဆီးအတွက် အရေးပါတဲ့ ကာကွယ်မှုတွေလုပ်ခဲ့ပြီး clean sheet နောက်တကြိမ် ရရှိစေခဲ့တဲ့ မန်ဒီကို နည်းပြ လမ်းပတ်က ချီးကျူးခဲ့ပြီး သူဟာ အသင်းလိုအပ်ချိန်မှာ အသင့်ရှိနေတဲ့ စိတ်ချအားကိုးရသူဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ကွီတာနဲ့ မက်ဂွိုင်းယားအဖြစ်မှည ပင်နယ်တီရခဲ့သင့်တာကို ကွင်းလယ်ဒိုင်က လူကွယ်နေလို့မမြင်တာက နားလည်ပေးလို့ရပေမယ့် VARကိုင်တွယ်တဲ့ စတူးဝပ် အတ်ဝဲက မသိဟန်ဆောင်တာဟာ မဖြစ်သင့်ဘူးလို့ မက်ခ်ဟယ်ဆေးက ဝေဖန်ခဲ့ပါတယ်။

ချယ်ဆီးဟာ သူတို့ရဲ့ နွေရာသီမှာ သုံးဖြုန်းမှုတွေကြောင့် ပိုဆိုးလာခဲ့တယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်း ထရီဗာ ဆင်ကလဲယားက ထင်မြင်နေပြီး လူမဝယ်ခဲ့ရတဲ့ မနှစ်က ရာသီမှာ သူတို့ ပိုကောင်းခဲ့တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအနေနဲ့ ဒီတစ်ပတ်မှာ ၂ပွဲဆက် ဂိုးမရှိသရေကျခဲ့ကာ ခံစစ်စွမ်းရည် တိုးတက်လာခဲ့သလို တိုက်စစ်ပိုင်းကလဲ နောက်ပိုင်းမှာ ပိုကောင်းလာမှာဖြစ်ပြီး ဂိုးတွေပိုသွင်းပြလိမ့်မယ်လို့ ယုံကြည်ကြောင်း လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ZAWGYI

ခ်ယ္ဆီးဂိုးသမာ အီဒိုဝပ္ မန္ဒီဟာ ယူႏိုက္တက္နဲ႔ပြဲမွာ clean sheet ရခဲ့တဲ့ေနာက္ ၂၀၁၅ဒီဇင္ဘာတုန္းက ေကာ္တိုရစ္ေနာက္ပိုင္း အိုးလ္ထရက္ဖိုဒ္မွာ ဂိုးမေပးခဲ့ရတဲ့ ပထမဆုံး ခ်ယ္ဆီးဂိုးသမား ျဖစ္လာခဲ့ပါတယ္။

မက္ဂြိဳင္းယားက ယူႏိုက္တက္ ဧရိယာအတြင္း ေနာက္ကေန အတင္းဆြဲခဲ့ေပမယ့္ VAR ျပန္ၾကည့္တာေတာင္ ပင္နယ္တီမေပးခဲ့တာဟာ ယုံၾကည္စရာ မရွိဘူးလို႔ ခ်ယ္ဆီး အသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာက ေဝဖန္ေျပာဆိုခဲ့ပါတယ္။

မက္ဂြိဳင္းယားက ကြီတာကို ေနာက္ကဖက္ၿပီး ဆြဲခ်ခဲ့တာဟာ ႐ုပ္သံliveမွာေတာင္ ရွင္းရွင္းလင္းလင္း ျမင္ခဲ့ရေပမယ့္ ကြင္းလယ္ဒိုင္က ပင္နယ္တီေပးဖို႔ျငင္းဆန္ခဲ့တဲ့အေပၚ လမ္းပတ္က ေဒါသျဖစ္ေနခဲ့ၿပီး ဒါက လုံးဝ ပင္နယ္တီပဲလို႔ ကြီတာကိုေထာက္ခံခဲ့ပါတယ္။

သီယာဂိုေဆးဗားဟာ ယူႏိုက္တက္နဲ႔ပြဲမွာ အထင္ႀကီးစရာေျခစြမ္းျပသခဲ့သလို မိနစ္၉၀အတြင္း ေဘာလုံးရွင္းထုတ္မႈ၆ႀကိမ္၊ ဖ်က္ထုတ္မႈ၂ႀကိမ္နဲ႔ ေပးပို႔မႈ ၈၂ႀကိမ္မွာ တိက်မႈ ၉၄% ရခဲ့ကာ ၿပိဳင္ဘက္ကစားသမားတစ္ေယာက္မွ သူ႔ကို မလိမ္ေခါက္ႏိုင္ခဲ့ပါဘူး။

ခ်ယ္ဆီးအတြက္ အေရးပါတဲ့ ကာကြယ္မႈေတြလုပ္ခဲ့ၿပီး clean sheet ေနာက္တႀကိမ္ ရရွိေစခဲ့တဲ့ မန္ဒီကို နည္းျပ လမ္းပတ္က ခ်ီးက်ဴးခဲ့ၿပီး သူဟာ အသင္းလိုအပ္ခ်ိန္မွာ အသင့္ရွိေနတဲ့ စိတ္ခ်အားကိုးရသူျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ကြီတာနဲ႔ မက္ဂြိဳင္းယားအျဖစ္မွည ပင္နယ္တီရခဲ့သင့္တာကို ကြင္းလယ္ဒိုင္က လူကြယ္ေနလို႔မျမင္တာက နားလည္ေပးလို႔ရေပမယ့္ VARကိုင္တြယ္တဲ့ စတူးဝပ္ အတ္ဝဲက မသိဟန္ေဆာင္တာဟာ မျဖစ္သင့္ဘူးလို႔ မက္ခ္ဟယ္ေဆးက ေဝဖန္ခဲ့ပါတယ္။

ခ်ယ္ဆီးဟာ သူတို႔ရဲ႕ ေႏြရာသီမွာ သုံးျဖဳန္းမႈေတြေၾကာင့္ ပိုဆိုးလာခဲ့တယ္လို႔ အဂၤလန္လက္ေ႐ြးစင္ေဟာင္း ထရီဗာ ဆင္ကလဲယားက ထင္ျမင္ေနၿပီး လူမဝယ္ခဲ့ရတဲ့ မႏွစ္က ရာသီမွာ သူတို႔ ပိုေကာင္းခဲ့တယ္လို႔ ေထာက္ျပေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအေနနဲ႔ ဒီတစ္ပတ္မွာ ၂ပြဲဆက္ ဂိုးမရွိသေရက်ခဲ့ကာ ခံစစ္စြမ္းရည္ တိုးတက္လာခဲ့သလို တိုက္စစ္ပိုင္းကလဲ ေနာက္ပိုင္းမွာ ပိုေကာင္းလာမွာျဖစ္ၿပီး ဂိုးေတြပိုသြင္းျပလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။