ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (25/10/20)

အိုဇေးလ်ကို ချန်လှပ်ထားခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ်ကတော့ သူ့ကို ထောက်ခံခဲ့ပြီး နည်းပြ တစ်ယောက် က စိတ်မပါတဲ့ အသင်းသားတွေ ကို ဆွဲခေါ်နေလို့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။

လက်စတာနဲ့ တွေ့ရမယ့်ပွဲမတိုင်ခင် ခြေကျင်းဝတ်ဒဏ်ရာရနေတဲ့ ဆီဘယ်လော့ဟာ ကလန်ချန်ဘားစ်နဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနိုင်ခဲ့ပြီး ရော့ဘ်ဟိုးဒင်းနဲ့ ပက်ဘလို မာရီတို့က မပါဝင်နိုင်သေးပေမယ့် ဝီလီယံကတော့ ပြန်ပါလာနိုင်ဖွယ် ရှိပါတယ်။

နွေရာသီအတွင်း ဂါဘရီရယ် မက်ဂါးလက်စ်ကို စိတ်ဝင်စားတဲ့ ကလပ်များစွာရှိခဲ့ပေမယ့် အာဆင်နယ်က ခေါ်ယူနိုင်ခဲ့တာဖြစ်သလို သူ့ရဲ့ လိုင်လီအသင်းဖော်ဟောင်း နီကိုးလပ် ပီပီရဲ့ အကြံပေးမှုကြောင့် အမ်းမရိတ်စ်ကို ရောက်လာခဲ့တာပါလို့ ၎င်းက ဝန်ခံခဲ့ပါတယ်။

ကာလရှည်ကြာ နားရမယ့် ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ကို အာဆင်နယ်ကြယ်ပွင့် ဒေးဗစ်လူးဝစ်က စာနာသနားနေပေမယ့် ဒီလိုကိစ္စတွေကို ရှောင်လွှဲဖို့အတွက် ဘောလုံးလောက စည်းမျဉ်းတွေကို ပြောင်းလဲဖို့ မလိုဘူးလို့ ယုံကြည်နေပါတယ်။

ရာသီအစ မှတ်တမ်းကောင်းတွေကို ထိန်းသိမ်းလိုနေတဲ့ အာဆင်နယ်ဟာ ဒီနေ့မှာ လက်စတာနဲ့ တွေ့ဆုံရမှာဖြစ်ပေမယ့် နောက်ထပ်နိုင်ပွဲတစ်ပွဲ ထပ်ရရှိလိမ့်မယ်လို့ မက်ခ် လော်ရန်ဆန်နဲ့ စတိဗ်ဝှိုက်တို့က ထောက်ခံပြောဆိုခဲ့ပါတယ်။

အက်သလက်တီကိုနဲ့ ၁၈၈ပွဲ ကစားခဲ့ရာ အဝါကဒ် ၄၅ကဒ် ရရှိခဲ့တဲ့ ပါတေးဟာ မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ် ကစားသမားဘဝ ပထမ အဝါကဒ်ပြသခံခဲ့ရသလို ၂ကြိမ်ထိရင် ပွဲပယ်ခံရမယ့် စည်းမျဉ်းအရ သူ့အတွက် စိုးရိမ်စရာတော့ ရှိနေပါတယ်။

အာဆင်နယ် အငှားကစားသမား ဘောလက်ဟာ ဘလက်ပူးအတွက် လူစားဝင် ကစားခဲ့ရတဲ့ ပထမဆုံးပွဲမှာ Man of the Match ဆုရခဲ့သလို မနေ့က ပွဲထွက်ခွင့် ရခဲ့ရာမှာလဲ နောက်ထပ် ဆုထပ်ရခဲ့ပြီး ဂန်းနားတွေရဲ့အနာဂတ်မျှော်လင့်ချက် ဖြစ်လာခဲ့ပါတယ်။

ရက်ပစ်ဗီယင်နာနဲ့ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ သောမတ်စ်ပါတေးဟာ သန်မာ၊ လျင်မြန်၊ ချောမွေ့သေသပ်ပြီး ဦးဆောင်နိုင်စွမ်းရှိသူဖြစ်တယ်လို့ ပီးယာ့ဇ် မော်ဂန်က ချီးကျူးခဲ့ပြီး အာဆင်နယ်အတွက် ဗီအဲရာ လက်သစ်ကို ရရှိခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – အိုေဇးလ္ကို ခ်န္လွပ္ထားခဲ့တဲ့ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္ဟာ ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ္ကေတာ့ သူ႔ကို ေထာက္ခံခဲ့ၿပီး နည္းျပ တစ္ေယာက္ က စိတ္မပါတဲ့ အသင္းသားေတြ ကို ဆြဲေခၚေနလို႔ မရဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

လက္စတာနဲ႔ ေတြ႕ရမယ့္ပြဲမတိုင္ခင္ ေျခက်င္းဝတ္ဒဏ္ရာရေနတဲ့ ဆီဘယ္ေလာ့ဟာ ကလန္ခ်န္ဘားစ္နဲ႔အတူ ေလ့က်င့္ေရးျပန္ဆင္းႏိုင္ခဲ့ၿပီး ေရာ့ဘ္ဟိုးဒင္းနဲ႔ ပက္ဘလို မာရီတို႔က မပါဝင္ႏိုင္ေသးေပမယ့္ ဝီလီယံကေတာ့ ျပန္ပါလာႏိုင္ဖြယ္ ရွိပါတယ္။

ေႏြရာသီအတြင္း ဂါဘရီရယ္ မက္ဂါးလက္စ္ကို စိတ္ဝင္စားတဲ့ ကလပ္မ်ားစြာရွိခဲ့ေပမယ့္ အာဆင္နယ္က ေခၚယူႏိုင္ခဲ့တာျဖစ္သလို သူ႔ရဲ႕ လိုင္လီအသင္းေဖာ္ေဟာင္း နီကိုးလပ္ ပီပီရဲ႕ အႀကံေပးမႈေၾကာင့္ အမ္းမရိတ္စ္ကို ေရာက္လာခဲ့တာပါလို႔ ၎က ဝန္ခံခဲ့ပါတယ္။

ကာလရွည္ၾကာ နားရမယ့္ ဒဏ္ရာရရွိခဲ့တဲ့ လီဗာပူး ခံစစ္မွူး ဗန္ဒိုက္ကို အာဆင္နယ္ၾကယ္ပြင့္ ေဒးဗစ္လူး၀စ္က စာနာသနားေနေပမယ့္ ဒီလိုကိစၥေတြကို ေရွာင္လႊဲဖို႔အတြက္ ေဘာလုံးေလာက စည္းမ်ဥ္းေတြကို ေျပာင္းလဲဖို႔ မလိုဘူးလို႔ ယုံၾကည္ေနပါတယ္။

ရာသီအစ မွတ္တမ္းေကာင္းေတြကို ထိန္းသိမ္းလိုေနတဲ့ အာဆင္နယ္ဟာ ဒီေန႔မွာ လက္စတာနဲ႔ ေတြ႕ဆုံရမွာျဖစ္ေပမယ့္ ေနာက္ထပ္ႏိုင္ပြဲတစ္ပြဲ ထပ္ရရွိလိမ့္မယ္လို႔ မက္ခ္ ေလာ္ရန္ဆန္နဲ႔ စတိဗ္ဝႈိက္တို႔က ေထာက္ခံေျပာဆိုခဲ့ပါတယ္။

အက္သလက္တီကိုနဲ႔ ၁၈၈ပြဲ ကစားခဲ့ရာ အဝါကဒ္ ၄၅ကဒ္ ရရွိခဲ့တဲ့ ပါေတးဟာ မန္စီးတီးနဲ႔ပြဲမွာ အာဆင္နယ္ ကစားသမားဘဝ ပထမ အဝါကဒ္ျပသခံခဲ့ရသလို ၂ႀကိမ္ထိရင္ ပြဲပယ္ခံရမယ့္ စည္းမ်ဥ္းအရ သူ႔အတြက္ စိုးရိမ္စရာေတာ့ ရွိေနပါတယ္။

အာဆင္နယ္ အငွားကစားသမား ေဘာလက္ဟာ ဘလက္ပူးအတြက္ လူစားဝင္ ကစားခဲ့ရတဲ့ ပထမဆုံးပြဲမွာ Man of the Match ဆုရခဲ့သလို မေန႔က ပြဲထြက္ခြင့္ ရခဲ့ရာမွာလဲ ေနာက္ထပ္ ဆုထပ္ရခဲ့ၿပီး ဂန္းနားေတြရဲ႕အနာဂတ္ေမွ်ာ္လင့္ခ်က္ ျဖစ္လာခဲ့ပါတယ္။

ရက္ပစ္ဗီယင္နာနဲ႔ပြဲမွာ ေျခစြမ္းျပသခဲ့တဲ့ ေသာမတ္စ္ပါေတးဟာ သန္မာ၊ လ်င္ျမန္၊ ေခ်ာေမြ႕ေသသပ္ၿပီး ဦးေဆာင္ႏိုင္စြမ္းရွိသူျဖစ္တယ္လို႔ ပီးယာ့ဇ္ ေမာ္ဂန္က ခ်ီးက်ဴးခဲ့ၿပီး အာဆင္နယ္အတြက္ ဗီအဲရာ လက္သစ္ကို ရရွိခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။