ပြိုင်ဘက် ချယ်ဆီးအသင်းသား တစ်ဦးကို ပွဲအပြီးမှာ တသသ ထုတ်ဖော် ချီးကျူးခဲ့တဲ့ လုခ်ရှော

မန်ချက်စတာယူနိုက်တက် အစွန်ခံစစ်မှူး လုခ်ရှောကတော့ ချယ်ဆီးနဲ့ အတူ ပွဲထွက် ကစားသွားတဲ့ ဆီနီဂေါသား ဂိုးသမား မန်ဒီရဲ့ အလန်းစား ကာကွယ်မှုတွေကို အံ့အားသင့်ခဲ့ရပြီး ပွဲ အပြီးမှာ တသသ ချီးကျူးစကား ဆိုခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က အခွင့်ကောင်းတွေ ပိုပြီး ဖန်တီးနိုင်ခဲ့တယ်လို့ ရှောက ယုံကြည်နေပြီး မန်ဒီရဲ့ အံ့အားသင့်ဖွယ် ကာကွယ်မှုတွေက ချယ်ဆီးကို သက်သာရာ ရကာ အမှတ်ခွဲယူစေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ သရေကျသွားခဲ့တဲ့ အတွက် ဇယား အပေါ်ပိုင်းတဝက်ထဲ ပြန်ဝင်ဖို့ အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဟွမ်မာတာရဲ့ ပေးပို့မှုကနေ ရက်ဖို့ဒ်က ဂိုးသွင်းနိုင်ဖို့ အခွင့်ကောင်းကြီး ရခဲ့ပေမယ့် မန်ဒီရဲ့ သန်မာတဲ့ ညာခြေနဲ့ ကာကွယ်မှုကြောင့် ဂိုးဝင်တဲ့ထိ မအောင်မြင်ခဲ့ပါဘူး။ မန်ဒီဟာ ဂိုးသေချာပေါက် အပိုင် အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့တာကြောင့် ချယ်ဆီးအတွက် အားသာချက် ဖြစ်ခဲ့ပါတယ်။

” ကျနော်တို့က ပိုပြီး ကောင်းတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ထင်တယ်။ သူတို့ ဂိုးသမားက ကောင်းချက်ပါပဲ။ အံသြစရာ ကာကွယ်မှုတွေ လုပ်သွားခဲ့တယ်။ ရက်ဖို့ဒ် ကန်သွင်းတုန်းက ကျနော် သူ့နောက်မှာ ရှိနေတော့ မြင်ခဲ့လိုက်တယ်။ သူတို့ ဂိုးသမား ကောင်းလှချည်လားလို့တောင် ပြောမိခဲ့တယ်။ သူက ကာကွယ်မှုကောင်း တချို့ လုပ်နိုင်ခဲ့တာကြောင့် ချယ်ဆီး ပွဲထဲမှာ ဆက်ရှိနေနိုင်ခဲ့တာပါ။

ကျနော်တို့ ခံစစ်ကလည်း ခါတိုင်းထက် ပိုပြီး ကောင်းအောင် ဒီနေ့ စုဖွဲ့နိုင်ခဲ့တယ်။ အထူးသဖြင့် ကွာလတီ ကစားသမားတွေ ရှိထားတဲ့ ချယ်ဆီးလို အသင်းကောင်းနဲ့ ရင်ဆိုင်ရမှာ ပိုပြီး သတိထားခဲ့တယ်။ သူတို့ဘက်က သိပ်ပြီး အခွင့်ရေးတွေ မဖန်တီးနိုင်လှဘူးလို့ ကျနော်ထင်တယ်။ ကျနော်တို့ဘက်က ပိုကောင်းတာတွေ များခဲ့တယ်။ ကျနေ်ာတို့ တစ်ဂိုး နှစ်ဂိုးလောက် ရအောင်သွင်းပြီး သုံးမှတ် ရအောင် ယူနိုင်ခဲ့သင့်တာ။ ” လို့ ရှောက ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ အစြန္ခံစစ္မွဴး လုခ္ေရွာကေတာ့ ခ်ယ္ဆီးနဲ႕ အတူ ပြဲထြက္ ကစားသြားတဲ့ ဆီနီေဂါသား ဂိုးသမား မန္ဒီရဲ႕ အလန္းစား ကာကြယ္မႈေတြကို အံ့အားသင့္ခဲ့ရျပီး ပြဲ အျပီးမွာ တသသ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္မွာ ယူနိုက္တက္က အခြင့္ေကာင္းေတြ ပိုျပီး ဖန္တီးနုိင္ခဲ့တယ္လို႔ ေရွာက ယံုၾကည္ေနျပီး မန္ဒီရဲ႕ အံ့အားသင့္ဖြယ္ ကာကြယ္မႈေတြက ခ်ယ္ဆီးကို သက္သာရာ ရကာ အမွတ္ခြဲယူေစခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ယူနိုက္တက္ဟာ အိမ္ကြင္းမွာ သေရက်သြားခဲ့တဲ့ အတြက္ ဇယား အေပၚပိုင္းတ၀က္ထဲ ျပန္၀င္ဖို႔ အခြင့္အေရး လြဲေခ်ာ္ခဲ့ရပါတယ္။

ပထမပိုင္းမွာ ဟြမ္မာတာရဲ႕ ေပးပို႔မႈကေန ရက္ဖို႔ဒ္က ဂိုးသြင္းနုိင္ဖို႔ အခြင့္ေကာင္းၾကီး ရခဲ့ေပမယ့္ မန္ဒီရဲ႕ သန္မာတဲ့ ညာေျခနဲ႕ ကာကြယ္မႈေၾကာင့္ ဂိုး၀င္တဲ့ထိ မေအာင္ျမင္ခဲ့ပါဘူး။ မန္ဒီဟာ ဂိုးေသခ်ာေပါက္ အပိုင္ အခြင့္အေရးေတြကို ကာကြယ္နုိင္ခဲ့တာေၾကာင့္ ခ်ယ္ဆီးအတြက္ အားသာခ်က္ ျဖစ္ခဲ့ပါတယ္။

” က်ေနာ္တို႔က ပိုျပီး ေကာင္းတဲ့ အခြင့္အေရးေတြ ဖန္တီးနုိင္ခဲ့တယ္လို႔ ထင္တယ္။ သူတို႔ ဂိုးသမားက ေကာင္းခ်က္ပါပဲ။ အံၾသစရာ ကာကြယ္မႈေတြ လုပ္သြားခဲ့တယ္။ ရက္ဖို႔ဒ္ ကန္သြင္းတုန္းက က်ေနာ္ သူ႔ေနာက္မွာ ရွိေနေတာ့ ျမင္ခဲ့လိုက္တယ္။ သူတို႔ ဂိုးသမား ေကာင္းလွခ်ည္လားလို႔ေတာင္ ေျပာမိခဲ့တယ္။ သူက ကာကြယ္မႈေကာင္း တခ်ိဳ႔ လုပ္နုိင္ခဲ့တာေၾကာင့္ ခ်ယ္ဆီး ပြဲထဲမွာ ဆက္ရွိေနနုိင္ခဲ့တာပါ။

က်ေနာ္တို႔ ခံစစ္ကလည္း ခါတိုင္းထက္ ပိုျပီး ေကာင္းေအာင္ ဒီေန႔ စုဖြဲ႕နုိင္ခဲ့တယ္။ အထူးသျဖင့္ ကြာလတီ ကစားသမားေတြ ရွိထားတဲ့ ခ်ယ္ဆီးလို အသင္းေကာင္းနဲ႕ ရင္ဆိုင္ရမွာ ပိုျပီး သတိထားခဲ့တယ္။ သူတို႔ဘက္က သိပ္ျပီး အခြင့္ေရးေတြ မဖန္တီးနိုင္လွဘူးလို႔ က်ေနာ္ထင္တယ္။ က်ေနာ္တို႔ဘက္က ပိုေကာင္းတာေတြ မ်ားခဲ့တယ္။ က်ေန္ာတို႔ တစ္ဂိုး နွစ္ဂိုးေလာက္ ရေအာင္သြင္းျပီး သံုးမွတ္ ရေအာင္ ယူနုိင္ခဲ့သင့္တာ။ ” လို႔ ေရွာက ေျပာဆိုခဲ့ပါတယ္။