ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (25/10/20)

ချယ်ဆီးနဲ့ ပွဲမှာ ပွဲထွက်စာရင်းကနေ မပါဝင်ခဲ့ဘဲ လူစားဝင်သာ ကစားခဲ့ရတဲ့ ပေါ့ဘာဟာ ယူနိုက်တက်မှာ အဆင်မပြေတာ သဘောပေါက်ပြီး ထွက်ခွာသင့်ပြီ ဖြစ်ကြောင်းနဲ့ အသင်းကလည်း ရောင်းချသင့်ပြီ လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါအင့် က ပြောဆိုခဲ့ပါတယ်။

ခုချိန်ထိ ပွဲထွက် ကစားခွင့် မယ်မယ်ရရ မရသေးတဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ကို ယူနိုက်တက်က ဘာအတွက် ခေါ်ယူခဲ့သလဲလို့ နဗီးလ်က မေးခွန်းထုတ်လိုက်ပြီး အီဗရာကလည်း အစတည်းက ယူနိုက်တက်ဟာ နယ်သာလန်သားကို မလိုအပ်ခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

ခံစစ်မှူး လုခ်ရှောကတော့ ချယ်ဆီး ဂိုးသမား မန်ဒီရဲ့ ကာကွယ်မှုတွေက အံ့အားသင့်ဖွယ် ကောင်းမွန်ခဲ့ပြီး ဆီနီဂေါသား ကြောင့်သာ ချယ်ဆီးတို့ သရေတစ်မှတ်ရသွားခဲ့ခြင်း ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှာ နေရာပျောက်ဆုံးနေပြီ ဖြစ်တဲ့ ခံစစ်မှူး မားကို့စ် ရိုဂျိုကို ရှက်ဖီးယူနိုက်တက် အသင်းက ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရိုဂျိုက ယူနိုက်တက်ရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့ဘဲ လောလောဆယ် Estudiantes အသင်းမှာ အငှား ၆ လ သွားကစားနေပါတယ်။

အိုးထရက်ဖို့ဒ်က သရေပွဲမှာ ယူနိုက်တက်နဲ့ ချယ်ဆီး နှစ်ဘက်အသင်းသားတွေက လုံခြုံရေး အကာကွယ်တွေ ဝတ်ဆင်ပြီး ကစားနေသလို သတိကြီးကြီးနဲ့ ခပ်ကြောက်ကြောက် ဖြစ်နေကြတယ်လို့ ယူနိုက်တက် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ အီဗရာက ဝေဖန်ခဲ့ပါတယ်။

ဆိုးရှား အဆင်မပြေရင် ထုတ်ပယ်ပြီး အစားထိုး ခန့်အပ်ဖို့ ယူနိုက်တက် လျာထားနေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ရီးရဲလ်မက်ဒရစ်ကလည်း ချိတ်ဆက်နေပြီး ဇီဒန်း နေရာ ဝင်ယူစေဖို့ ရည်ရွယ်နေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြုအမူတွေကို ဒေါသထွက်နေပြီ ဖြစ်တဲ့ အရန် ဂိုးသမား ဆာဂျီယို ရိုမဲရိုးက လက်ရှိ စာချုပ်ကို နှစ်ဘက် သဘောတူ ဖျက်သိမ်းဖို့ လာမယ့် အပတ်ထဲမှာ တောင်းဆို ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးနဲ႕ ပြဲမွာ ပြဲထြက္စာရင္းကေန မပါ၀င္ခဲ့ဘဲ လူစား၀င္သာ ကစားခဲ့ရတဲ့ ေပါ့ဘာဟာ ယူနိုက္တက္မွာ အဆင္မေျပတာ သေဘာေပါက္ျပီး ထြက္ခြာသင့္ျပီ ျဖစ္ေၾကာင္းနဲ႕ အသင္းကလည္း ေရာင္းခ်သင့္ျပီ လို႔ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ေပါအင့္ က ေျပာဆိုခဲ့ပါတယ္။

ခုခ်ိန္ထိ ပြဲထြက္ ကစားခြင့္ မယ္မယ္ရရ မရေသးတဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ကို ယူနိုက္တက္က ဘာအတြက္ ေခၚယူခဲ့သလဲလို႔ နဗီးလ္က ေမးခြန္းထုတ္လိုက္ျပီး အီဗရာကလည္း အစတည္းက ယူနိုက္တက္ဟာ နယ္သာလန္သားကို မလိုအပ္ခဲ့ဘူးလို႔ ေထာက္ျပခဲ့ပါတယ္။

ခံစစ္မွဴး လုခ္ေရွာကေတာ့ ခ်ယ္ဆီး ဂိုးသမား မန္ဒီရဲ႕ ကာကြယ္မႈေတြက အံ့အားသင့္ဖြယ္ ေကာင္းမြန္ခဲ့ျပီး ဆီနီေဂါသား ေၾကာင့္သာ ခ်ယ္ဆီးတို႔ သေရတစ္မွတ္ရသြားခဲ့ျခင္း ျဖစ္ေၾကာင္း ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္မွာ ေနရာေပ်ာက္ဆုံးေနျပီ ျဖစ္တဲ့ ခံစစ္မွဴး မားကို႔စ္ ရိုဂ်ိဳကို ရွက္ဖီးယူနိုက္တက္ အသင္းက ရာသီ၀က္ အငွားနဲ႕ ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ ရိုဂ်ိဳက ယူနုိက္တက္ရဲ႕ အစီအစဥ္ေတြထဲမွာ မပါ၀င္ေတာ့ဘဲ ေလာေလာဆယ္ Estudiantes အသင္းမွာ အငွား ၆ လ သြားကစားေနပါတယ္။

အိုးထရက္ဖို႔ဒ္က သေရပြဲမွာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီး နွစ္ဘက္အသင္းသားေတြက လံုျခံဳေရး အကာကြယ္ေတြ ၀တ္ဆင္ျပီး ကစားေနသလို သတိၾကီးၾကီးနဲ႕ ခပ္ေၾကာက္ေၾကာက္ ျဖစ္ေနၾကတယ္လို႔ ယူနိုက္တက္ ဂႏၱ၀င္ တစ္ဦး ျဖစ္တဲ့ အီဗရာက ေ၀ဖန္ခဲ့ပါတယ္။

ဆိုးရွား အဆင္မေျပရင္ ထုတ္ပယ္ျပီး အစားထိုး ခန္႔အပ္ဖို႔ ယူနိုက္တက္ လ်ာထားေနတဲ့ စပါးနည္းျပေဟာင္း ပိုခ်က္တီနိုကို ရီးရဲလ္မက္ဒရစ္ကလည္း ခ်ိတ္ဆက္ေနျပီး ဇီဒန္း ေနရာ ၀င္ယူေစဖို႔ ရည္ရြယ္ေနၾကပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အျပဳအမူေတြကို ေဒါသထြက္ေနျပီ ျဖစ္တဲ့ အရန္ ဂိုးသမား ဆာဂ်ီယို ရိုမဲရိုးက လက္ရွိ စာခ်ဳပ္ကို နွစ္ဘက္ သေဘာတူ ဖ်က္သိမ္းဖို႕ လာမယ့္ အပတ္ထဲမွာ ေတာင္းဆို ေဆြးေႏြးေတာ့မွာ ျဖစ္ပါတယ္။