ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26/10/20)

ပေါ့ဘာနဲ့ ဒိုင်ဘားလားတို့ အလဲအလှယ်လုပ်ဖို့ သတင်းတွေ ထွက်လာခဲ့တဲ့နောက် ဂျူဗင်တပ် ဥက္ကဌကတော့ ကလပ်ဟာ သူတို့တိုက်စစ်မှူးကို ဆက်ထိန်းသွားမှာဖြစ်ပြီး စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ လုပ်နေပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ မက်ဂွဲရားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ ခိုင်မာတဲ့ ခံစစ်စွမ်းဆောင်ရည်ကို ပက်ထရစ် အီဗရာက အထင်ကြီးခဲ့ပေမယ့် ပျင်းစရာကောင်းတဲ့ ပွဲပြီးရလဒ်နဲ့ အသင်းလိုက်ကစားပုံကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်က ယူနိုက်တက်ဟာ အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ကလပ်က ပြောင်းရွှေ့ကြေးကို ပေါင် ၅သိန်းသာ ပေးချင်ခဲ့တာဖြစ်ပြီး တောင်းဆိုတဲ့ ပေါင် ၇သိန်းကို မပေးချင်တာကြောင့် နှစ်သိန်း ကွာဟချက်ကြောင်ပဲ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာလို့ သတင်း ထွက်ပေါ်လာပါတယ်။

မနှစ်က ဝုလ်ဗ်အတွက် အထင်ကြီးစရာ စွမ်းဆောင်ရည်ပြသခဲ့တဲ့ အဒမ်မာ ထရာအိုရေးကို ယူနိုက်တက်နဲ့ လီဗာပူးတို့က စိတ်ဝင်စားနေတာနဲ့အတူ ဝုလ်ဗ်ကတော့ သူ့အတွက် ပေါင် သန်း ၉၀ကို တစ်ပြားမှ မလျှော့နိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီနှစ်မှာ အားနည်းတဲ့ ပုံစံတွေကိုပြသခဲ့ပေမယ့် ဆိုးလ်ရှားကတော့ သူ့ကို စိတ်ရှည်ရှည်နဲ့စောင့်နေပြီး နယူးကာဆယ်၊ ချယ်ဆီးတို့နဲ့ပွဲတွေမှာ အခွင့်အရေး ပေးခဲ့တာနဲ့အတူ ယုံကြည်မှု ပြန်လည် ရရှိနေပြီ ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာဟာ ဩဂုတ်လနှောင်းပိုင်းမှာ ကိုဗစ်ပိုးကူးခဲ့ပြီးနောက် စက်တင်ဘာ၁၉ရက် လိဂ်အဖွင့်ပွဲကနေစလို့ ပြန်လည် ကစားခွင့်ရချိန်မှာ သူ့ကို ဖြည်းဖြည်းချင်း ဆွဲခေါ်ရမယ့် အစား ချက်ချင်းပွဲထွက်စေခဲ့တာက မမျှတခဲ့ဘူးလို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်မှာ ဗန်ဒီဘိခ် ကစားခွင့်မရတာနဲ့ ပတ်သက်လို့ နယ်သာလန်နည်းပြဟောင်း ဗန်ဘက်စ်တန်က ဝေဖန်ခဲ့ပြီး သူ့အနေနဲ့ ယူနိုက်တက်ထံ အလျင်စလို မပြောင်းရွှေ့ဘဲ ကစားခွင့် ပိုရနိုင်တဲ့ကလပ်ကို စောင့်ခဲ့သင့်တယ် လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ေပါ့ဘာနဲ႔ ဒိုင္ဘားလားတို႔ အလဲအလွယ္လုပ္ဖို႔ သတင္းေတြ ထြက္လာခဲ့တဲ့ေနာက္ ဂ်ဴဗင္တပ္ ဥကၠဌကေတာ့ ကလပ္ဟာ သူတို႔တိုက္စစ္မႉးကို ဆက္ထိန္းသြားမွာျဖစ္ၿပီး စာခ်ဳပ္ သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈေတြ လုပ္ေနၿပီျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာ မက္ဂြဲရားနဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ ခိုင္မာတဲ့ ခံစစ္စြမ္းေဆာင္ရည္ကို ပက္ထရစ္ အီဗရာက အထင္ႀကီးခဲ့ေပမယ့္ ပ်င္းစရာေကာင္းတဲ့ ပြဲၿပီးရလဒ္နဲ႔ အသင္းလိုက္ကစားပုံေၾကာင့္ စိတ္ပ်က္ခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။
လြန္ခဲ့တဲ့ ၅ႏွစ္က ယူႏိုက္တက္ဟာ အူပါမီကာႏိုကို ေခၚယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ကလပ္က ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၅သိန္းသာ ေပးခ်င္ခဲ့တာျဖစ္ၿပီး ေတာင္းဆိုတဲ့ ေပါင္ ၇သိန္းကို မေပးခ်င္တာေၾကာင့္ နွစ္သိန္း ကြာဟခ်က္ေၾကာင္ပဲ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့တာလို႔ သတင္း ထြက္ေပၚလာပါတယ္။

မႏွစ္က ဝုလ္ဗ္အတြက္ အထင္ႀကီးစရာ စြမ္းေဆာင္ရည္ျပသခဲ့တဲ့ အဒမ္မာ ထရာအိုေရးကို ယူႏိုက္တက္နဲ႔ လီဗာပူးတို႔က စိတ္ဝင္စားေနတာနဲ႔အတူ ဝုလ္ဗ္ကေတာ့ သူ႔အတြက္ ေပါင္ သန္း ၉၀ကို တစ္ျပားမွ မေလွ်ာ့ႏိုင္ဘူးလို႔ အေၾကာင္းျပန္ခဲ့ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဒီႏွစ္မွာ အားနည္းတဲ့ ပုံစံေတြကိုျပသခဲ့ေပမယ့္ ဆိုးလ္ရွားကေတာ့ သူ႔ကို စိတ္ရွည္ရွည္နဲ႔ေစာင့္ေနၿပီး နယူးကာဆယ္၊ ခ်ယ္ဆီးတို႔နဲ႔ပြဲေတြမွာ အခြင့္အေရး ေပးခဲ့တာနဲ႔အတူ ယုံၾကည္မႈ ျပန္လည္ ရရွိေနၿပီ ျဖစ္ေၾကာင္း ကာကြယ္ေျပာဆိုခဲ့ပါတယ္။

ေပါ့ဘာဟာ ဩဂုတ္လေႏွာင္းပိုင္းမွာ ကိုဗစ္ပိုးကူးခဲ့ၿပီးေနာက္ စက္တင္ဘာ၁၉ရက္ လိဂ္အဖြင့္ပြဲကေနစလို႔ ျပန္လည္ ကစားခြင့္ရခ်ိန္မွာ သူ႔ကို ျဖည္းျဖည္းခ်င္း ဆြဲေခၚရမယ့္ အစား ခ်က္ခ်င္းပြဲထြက္ေစခဲ့တာက မမွ်တခဲ့ဘူးလို႔ ဆိုးလ္ရွားက ဝန္ခံခဲ့ပါတယ္။

ယူႏိုက္တက္မွာ ဗန္ဒီဘိခ္ ကစားခြင့္မရတာနဲ႔ ပတ္သက္လို႔ နယ္သာလန္နည္းျပေဟာင္း ဗန္ဘက္စ္တန္က ေဝဖန္ခဲ့ၿပီး သူ႔အေနနဲ႔ ယူႏိုက္တက္ထံ အလ်င္စလို မေျပာင္းေ႐ႊ႕ဘဲ ကစားခြင့္ ပိုရႏိုင္တဲ့ကလပ္ကို ေစာင့္ခဲ့သင့္တယ္ လို႔ ေျပာဆိုခဲ့ပါတယ္။