ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26/10/20)

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ်ထဲမှာ မြို့ခံ ကျောင်းတွေ ဆီကို ကျောင်းနေ့လည်စာ ဗူး ၅၀၀၀ ထိ မျှဝေပေးဖို့ စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အစားအစာတွေကို FareShare ရဲ့ စီစဉ်မှုနဲ့ ဖြန့်ဝေမှာဖြစ်ပြီး အိုးထရက်ဖို့ဒ်ရဲ့ မီးဖိုချောင်မှာ အသင်းဝန်ထမ်းတွေက ချက်ပြုုတ်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ နိုင်ငံအသင်း ပြင်သစ်လက်ရွေးစင်ကနေ နှုတ်ထွက်ပြီး အနားယူတော့မယ် ဆိုတဲ့ ကောလဟာလများကို ပယ်ချလိုက်ပြီး လက်ခံနိုင်စရာ မရှိတဲ့ သတင်းမှား တစ်ရပ် ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးနဲ့ ပွဲမှာ အရန်ခုံမှာသာ ရှိနေပြီး ကစားခွင့် မရခဲ့တဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ကို ယူနိုက်တက်က ဘာအတွက်နဲ့ ခေါ်ယူခဲ့တာလဲလို့ နယ်သာလန် လက်ရွေးဟင်ဟောင်းကြီး ဒန်နီဘလင်းက မေးခွန်းထုတ်လိုက်ပါတယ်။

လက်စတာ တိုက်စစ်မှူး ဗာဒီရဲ့ အရေးပါတဲ့ သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ နောက်တစ်ပွဲက တိုက်စစ်အား ပိုကောင်းတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ စိုးရိမ်မိကြောင်း ဂန်းနားဟောင်း အီယန် ရိုက်က ဖွင့်ဟခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ လူစာရင်းမှာ ကွင်းလယ်အတွက် ပေါ့ဘာနဲ့ ဗန်ဒီဘိခ်ကြား ရွေးချယ်ရဖို့ ရှိနေပြီး ဗဟိုခံစစ်မှာလဲ တွမ်ဇီဘီက ကစားခွင့်ရဖို့ ထိုက်တန်နေသလို ခံစစ်ကို ၃ယောက် ဒါမှမဟုတ် ၄ယောက် ကစားမလားဆိုတာ ဆုံးဖြတ်ရမယ်လို့ အီဗရာက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ဝတ်ဆင်တဲ့ တိုက်စစ်မှူးသစ် ကာဗာနီဟာ ပွဲထဲမှာ အကောင်းဆုံး လှုပ်ရှားနိုင်သူ ဖြစ်ပြီး ကလပ်အတွက် အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်လိမ့်မယ်လို့ အိုဝင်က ထောက်ခံခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီအပတ္ထဲမွာ ျမိဳ႕ခံ ေက်ာင္းေတြ ဆီကို ေက်ာင္းေန႔လည္စာ ဗူး ၅၀၀၀ ထိ မွ်ေ၀ေပးဖို႔ စီစဥ္ ေဆာင္ရြက္ေနျပီ ျဖစ္ပါတယ္။ အစားအစာေတြကို FareShare ရဲ႕ စီစဥ္မႈနဲ႕ ျဖန္႕ေ၀မွာျဖစ္ျပီး အိုးထရက္ဖို႔ဒ္ရဲ႕ မီးဖိုေခ်ာင္မွာ အသင္း၀န္ထမ္းေတြက ခ်က္ျပဳဳတ္ၾကမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ နုိင္ငံအသင္း ျပင္သစ္လက္ေရြးစင္ကေန ႏႈတ္ထြက္ျပီး အနားယူေတာ့မယ္ ဆိုတဲ့ ေကာလဟာလမ်ားကို ပယ္ခ်လိုက္ျပီး လက္ခံနိုင္စရာ မရွိတဲ့ သတင္းမွား တစ္ရပ္ ျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးနဲ႕ ပြဲမွာ အရန္ခုံမွာသာ ရွိေနျပီး ကစားခြင့္ မရခဲ့တဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ကို ယူနိုက္တက္က ဘာအတြက္နဲ႕ ေခၚယူခဲ့တာလဲလို႔ နယ္သာလန္ လက္ေရြးဟင္ေဟာင္းၾကီး ဒန္နီဘလင္းက ေမးခြန္းထုတ္လိုက္ပါတယ္။

လက္စတာ တိုက္စစ္မွဴး ဗာဒီရဲ႕ အေရးပါတဲ့ သြင္းဂိုးေၾကာင့္ အေရးနိမ့္ခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ ေနာက္တစ္ပြဲက တိုက္စစ္အား ပိုေကာင္းတဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ရင္ဆိုင္ရမွာ ျဖစ္လို႔ စိုးရိမ္မိေၾကာင္း ဂန္းနားေဟာင္း အီယန္ ရိုက္က ဖြင့္ဟခဲ့ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ လူစာရင္းမွာ ကြင္းလယ္အတြက္ ေပါ့ဘာနဲ႔ ဗန္ဒီဘိခ္ၾကား ေ႐ြးခ်ယ္ရဖို႔ ရွိေနၿပီး ဗဟိုခံစစ္မွာလဲ တြမ္ဇီဘီက ကစားခြင့္ရဖို႔ ထိုက္တန္ေနသလို ခံစစ္ကို ၃ေယာက္ ဒါမွမဟုတ္ ၄ေယာက္ ကစားမလားဆိုတာ ဆုံးျဖတ္ရမယ္လို႔ အီဗရာက ဆိုပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ ၀တ္ဆင္တဲ့ တိုက္စစ္မွဴးသစ္ ကာဗာနီဟာ ပြဲထဲမွာ အေကာင္းဆံုး လႈပ္ရွားနိုင္သူ ျဖစ္ျပီး ကလပ္အတြက္ ေအာင္ျမင္မႈေတြ ယူေဆာင္ေပးနိုင္လိမ့္မယ္လုိ႕ အို၀င္က ေထာက္ခံခဲ့ပါတယ္။