ဝက်စ်ဟမ်းဟာ ဒီကလန်ရိုက်စ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး စာချုပ်သစ် ချုပ်ခဲ့ရင် အသင်းပြောင်းဖို့ ပိုခက်ခဲစေမှာဖြစ်သလို ရိုက်စ်အနေနဲ့ ဆက်နေမလား၊ ချယ်ဆီးထံ ပြောင်းမလားဆိုတဲ့ အနာဂတ် ကိစ္စကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
ချယ်ဆီးကြယ်ပွင့် လော့ဖ်တပ်ချိခ်ဟာ ရာသီအဖွင့်ပွဲ နောက်ပိုင်း ကစားခွင့်မရခဲ့တာနဲ့အတူ ဖူလ်ဟမ်မှာ အငှားကစားတာက သူ့ကစားသမားဘဝကို နောက်တစ်ကြိမ် တောက်ပစေဖို့ အကူအညီဖြစ်လိမ့်မယ်လို့ ထင်နေတာကြောင့် အသင်းပြောင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်နဲ့ပွဲမှာ ဂိုးသမား မန်ဒီဟာ တစ်ဖက်အသင်းရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ခဲ့ပြီး ပေးဂိုး မရှိအောင် ထိန်းသိမ်းနိုင်ခဲ့သလို သူ့ကြောင့်သာ ချယ်ဆီးက သရေတစ်မှတ်ရခဲ့တာဖြစ်တယ်လို့ ကန်တေက ချီးကျူးပြောဆိုခဲ့ပါတယ်။
ချယ်ဆီး ခံစစ်နေရာမှာ ဘင်ချီဝဲ၊ အလွန်ဆိုတို့နောက်ကို ရောက်နေတဲ့ အီမာဆန်ဟာ ကစားချိန်ရဖို့အတွက် အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပြီး ဂျူဗင်တပ်၊ အင်တာ၊ နာပိုလီတို့က စိတ်ဝင်စားနေတာနဲ့ အတူ အီတလီကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။
စွယ်စုံရ နောက်ခံလူ အီသန် အမ်ပဒူဟာ ရှက်ဖီးနဲ့ ရက်ဘူးလိုက်ပ်ဇစ်တို့မှာ အငှားကစားခဲ့ရတာ ဖြစ်သလို သူဟာ ဗဟိုခံစစ်နဲ့ ကွင်းလယ်နေရာကိုပါ ကာကွယ်ပေးနိုင်တာကြောင့် သူ့ကို ပြန်ခေါ်ဖို့ ချယ်ဆီး ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။
ကာဗာနီရဲ့ ယူနိုက်တက်နဲ့ ပွဲဦးထွက်မှာ ဂိုးရနိုင်မယ့် အခွင့်အရေးကို အသင်းဖော်ဟောင်း သီယာဂိုဆေးဗားက တားဆီးခဲ့တာကို ယူနိုက်တက်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ချီးကျူးခဲ့ပြီး အထင်ကြီးစရာ ခုခံကာကွယ်မှုပဲလို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ နောက်ဆုံး ၂ပွဲလုံးမှာ လုံးဝ ဂိုးမသွင်းနိုင်ခဲ့တဲ့နောက် အနည်းငယ် စိုးရိမ်စရာရှိကြောင်း ဖရန့်လမ်းပတ်က ဝန်ခံခဲ့ပေမယ့် တီမိုဗာနာနဲ့ ကိုင်ဟားဗတ်တို့ ဂိုးတွေသွင်းလိမ့်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – ဝက္စ္ဟမ္းဟာ ဒီကလန္႐ိုက္စ္ကို စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ခဲ့ရင္ အသင္းေျပာင္းဖို႔ ပိုခက္ခဲေစမွာျဖစ္သလို ႐ိုက္စ္အေနနဲ႔ ဆက္ေနမလား၊ ခ်ယ္ဆီးထံ ေျပာင္းမလားဆိုတဲ့ အနာဂတ္ ကိစၥကို ဆုံးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။
ခ်ယ္ဆီးၾကယ္ပြင့္ ေလာ့ဖ္တပ္ခ်ိခ္ဟာ ရာသီအဖြင့္ပြဲ ေနာက္ပိုင္း ကစားခြင့္မရခဲ့တာနဲ႔အတူ ဖူလ္ဟမ္မွာ အငွားကစားတာက သူ႔ကစားသမားဘဝကို ေနာက္တစ္ႀကိမ္ ေတာက္ပေစဖို႔ အကူအညီျဖစ္လိမ့္မယ္လို႔ ထင္ေနတာေၾကာင့္ အသင္းေျပာင္းဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္နဲ႔ပြဲမွာ ဂိုးသမား မန္ဒီဟာ တစ္ဖက္အသင္းရဲ႕ ၿခိမ္းေျခာက္မႈေတြကို ကာကြယ္ႏိုင္ခဲ့ၿပီး ေပးဂိုး မရွိေအာင္ ထိန္းသိမ္းႏိုင္ခဲ့သလို သူ႔ေၾကာင့္သာ ခ်ယ္ဆီးက သေရတစ္မွတ္ရခဲ့တာျဖစ္တယ္လို႔ ကန္ေတက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီး ခံစစ္ေနရာမွာ ဘင္ခ်ီဝဲ၊ အလြန္ဆိုတို႔ေနာက္ကို ေရာက္ေနတဲ့ အီမာဆန္ဟာ ကစားခ်ိန္ရဖို႔အတြက္ အသင္းကေန ထြက္ခြာႏိုင္ဖြယ္ ရွိေနၿပီး ဂ်ဴဗင္တပ္၊ အင္တာ၊ နာပိုလီတို႔က စိတ္ဝင္စားေနတာနဲ႔ အတူ အီတလီကို ျပန္သြားေတာ့မွာ ျဖစ္ပါတယ္။
စြယ္စုံရ ေနာက္ခံလူ အီသန္ အမ္ပဒူဟာ ရွက္ဖီးနဲ႔ ရက္ဘူးလိုက္ပ္ဇစ္တို႔မွာ အငွားကစားခဲ့ရတာ ျဖစ္သလို သူဟာ ဗဟိုခံစစ္နဲ႔ ကြင္းလယ္ေနရာကိုပါ ကာကြယ္ေပးႏိုင္တာေၾကာင့္ သူ႔ကို ျပန္ေခၚဖို႔ ခ်ယ္ဆီး ပရိသတ္ေတြက ေတာင္းဆိုေနၾကပါတယ္။
ကာဗာနီရဲ႕ ယူႏိုက္တက္နဲ႔ ပြဲဦးထြက္မွာ ဂိုးရႏိုင္မယ့္ အခြင့္အေရးကို အသင္းေဖာ္ေဟာင္း သီယာဂိုေဆးဗားက တားဆီးခဲ့တာကို ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က ခ်ီးက်ဴးခဲ့ၿပီး အထင္ႀကီးစရာ ခုခံကာကြယ္မႈပဲလို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ေနာက္ဆုံး ၂ပြဲလုံးမွာ လုံးဝ ဂိုးမသြင္းႏိုင္ခဲ့တဲ့ေနာက္ အနည္းငယ္ စိုးရိမ္စရာရွိေၾကာင္း ဖရန႔္လမ္းပတ္က ဝန္ခံခဲ့ေပမယ့္ တီမိုဗာနာနဲ႔ ကိုင္ဟားဗတ္တို႔ ဂိုးေတြသြင္းလိမ့္မယ္ဆိုတာ အျပည့္အဝ ယုံၾကည္ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။