ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (26/10/20)

အာတီတာရဲ့ အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး အိမ်ကွင်း ၄ပွဲလုံးကို အနိုင်ရခဲ့ပြီး ၂၀၂၀ အတွင်း အိမ်ကွင်း ၁၁ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမယ့် မနေ့က လက်စတာနဲ့ အတွေ့မှာတော့ ဂျေမီဗာဒီက သွင်းဂိုးတစ်ဂိုးနဲ့အတူ ဂန်းနားတွေရဲ့ အိမ်ကွင်းမှတ်တမ်းကောင်းက အဆုံးသတ်ခဲ့ပါပြီ။

အာဆင်နယ်ဟာ လက်စတာစီးတီးကို ၁-ဝနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နောက်တစ်ပတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ရမှာကို အီယန်ရိုက်က စိုးရိမ်နေပြီး သူတို့ကလဲ လက်စတာလိုပဲ အာဆင်နယ်ကို ဒုက္ခရောက်စေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်စတာနဲ့ပွဲမှာ အာဆင်နယ်ဟာ ကိုယ်ပိုင် အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ပြီး ရည်မှန်းချက် ကင်းမဲ့သလို ဖြစ်ခဲ့ကာ အခွင့်အရေးတွေကို မပြောင်းလဲနိုင်ခဲ့သလို အဆုံးသတ်ပိုင်း တိုးတက်ဖို့ လိုသေးတယ်လို့ အာတီတာက ဝန်ခံခဲ့ပါတယ်။

ပွဲအစ ၄မိနစ်မှာ လာကာဇက်က ခေါင်းတိုက်ဂိုး သွင်းခဲ့ပေမယ့် ရှာကာက လူကျွံ အနေအထားမှာ ရှိနေခဲ့တဲ့နောက် အဲ့ဒီ့ဂိုးကို ပယ်ဖျက်ခဲ့တဲ့အပေါ် အာတီတာက စိတ်ပျက်နေပြီး ဘယ်လိုလူကျွံသွားလဲဆိုတာ နားမလည်နိုင်ဘူးလို့ ငြီးတွားခဲ့ပါတယ်။

လာကာဇက်ဟာ အပိုင်အခွင့်အရေး တစ်ကြိမ်ကို လွဲချော်ခဲ့ပြီး ဆိုးရွားတဲ့ကစားပုံကို ပြသခဲ့ပေမယ့် အာတီတာက သူ့ကို ကာကွယ်ပေးခဲ့သလို နောက်ပွဲတွေမှာ သူ့ကို အထောင်တိုက်စစ်နေရာ ကစားခိုင်းမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်ဖို့အတွက် ရုန်းကန်နေရသလို လက်စတာနဲ့ပွဲမှာလဲ ဂိုးမရခဲ့တဲ့နောက် ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ် ၅ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ မှတ်တမ်းဆိုးကို ရရှိခဲ့ပါတယ်။

အာဆင်နယ်ရဲ့ လုပ်ခအမြင့်ဆုံးရ ကစားသမား အိုဇေးဟာ အသင်းလူစာရင်းကနေ ချန်လှပ်ခံထားခဲ့ရတာအတွက် စိတ်မကောင်းဖြစ်ရကြောင်း အီယန်ရိုက်က ဝန်ခံခဲ့ပေမယ့် အာတီတာဟာလဲ ကလပ်အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို လုပ်ရတာပါလို့ ပြောဆိုခဲ့ပါတယ်။

လက်စတာကို ၁-ဝနဲ့ ရှုံးခဲ့တဲ့နောက် ဂိုးရှေ့မှာ အာဆင်နယ်ရဲ့ လျော့တိလျော့ရဲ တိုက်စစ် အခြေအနေကို နည်းပြ အာတီတာက မချိတင်ကဲ ဖြစ်နေခဲ့ပြီး အခွင့်အရေးတွေကို အသုံးချနိုင်ဖို့အတွက် တိုးတက်ဖို့လိုသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI – အာတီတာရဲ႕ အသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး အိမ္ကြင္း ၄ပြဲလုံးကို အႏိုင္ရခဲ့ၿပီး ၂၀၂၀ အတြင္း အိမ္ကြင္း ၁၁ပြဲဆက္ ရႈံးပြဲမရွိခဲ့ေပမယ့္ မေန႔က လက္စတာနဲ႔ အေတြ႕မွာေတာ့ ေဂ်မီဗာဒီက သြင္းဂိုးတစ္ဂိုးနဲ႔အတူ ဂန္းနားေတြရဲ႕ အိမ္ကြင္းမွတ္တမ္းေကာင္းက အဆုံးသတ္ခဲ့ပါျပီ။

အာဆင္နယ္ဟာ လက္စတာစီးတီးကို ၁-၀နဲ႔ ရႈံးနိမ့္ခဲ့တဲ့ေနာက္ ေနာက္တစ္ပတ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ရမွာကို အီယန္႐ိုက္က စိုးရိမ္ေနၿပီး သူတို႔ကလဲ လက္စတာလိုပဲ အာဆင္နယ္ကို ဒုကၡေရာက္ေစလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လက္စတာနဲ႔ပြဲမွာ အာဆင္နယ္ဟာ ကိုယ္ပိုင္ အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့ၿပီး ရည္မွန္းခ်က္ ကင္းမဲ့သလို ျဖစ္ခဲ့ကာ အခြင့္အေရးေတြကို မေျပာင္းလဲႏိုင္ခဲ့သလို အဆုံးသတ္ပိုင္း တိုးတက္ဖို႔ လိုေသးတယ္လို႔ အာတီတာက ဝန္ခံခဲ့ပါတယ္။

ပြဲအစ ၄မိနစ္မွာ လာကာဇက္က ေခါင္းတိုက္ဂိုး သြင္းခဲ့ေပမယ့္ ရွာကာက လူကြၽံ အေနအထားမွာ ရွိေနခဲ့တဲ့ေနာက္ အဲ့ဒီ့ဂိုးကို ပယ္ဖ်က္ခဲ့တဲ့အေပၚ အာတီတာက စိတ္ပ်က္ေနၿပီး ဘယ္လိုလူကြၽံသြားလဲဆိုတာ နားမလည္ႏိုင္ဘူးလို႔ ၿငီးတြားခဲ့ပါတယ္။

လာကာဇက္ဟာ အပိုင္အခြင့္အေရး တစ္ႀကိမ္ကို လြဲေခ်ာ္ခဲ့ၿပီး ဆိုး႐ြားတဲ့ကစားပုံကို ျပသခဲ့ေပမယ့္ အာတီတာက သူ႔ကို ကာကြယ္ေပးခဲ့သလို ေနာက္ပြဲေတြမွာ သူ႔ကို အေထာင္တိုက္စစ္ေနရာ ကစားခိုင္းမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အူဘာမီးယန္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနရသလို လက္စတာနဲ႔ပြဲမွာလဲ ဂိုးမရခဲ့တဲ့ေနာက္ ၂၀၁၄ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ လိဂ္ ၅ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ မွတ္တမ္းဆိုးကို ရရွိခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ လုပ္ခအျမင့္ဆုံးရ ကစားသမား အိုေဇးဟာ အသင္းလူစာရင္းကေန ခ်န္လွပ္ခံထားခဲ့ရတာအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း အီယန္႐ိုက္က ဝန္ခံခဲ့ေပမယ့္ အာတီတာဟာလဲ ကလပ္အတြက္ အေကာင္းဆုံးျဖစ္မယ့္အရာကို လုပ္ရတာပါလို႔ ေျပာဆိုခဲ့ပါတယ္။

လက္စတာကို ၁-၀နဲ႔ ရႈံးခဲ့တဲ့ေနာက္ ဂိုးေရွ႕မွာ အာဆင္နယ္ရဲ႕ ေလ်ာ့တိေလ်ာ့ရဲ တိုက္စစ္ အေျခအေနကို နည္းျပ အာတီတာက မခ်ိတင္ကဲ ျဖစ္ေနခဲ့ၿပီး အခြင့္အေရးေတြကို အသုံးခ်ႏိုင္ဖို႔အတြက္ တိုးတက္ဖို႔လိုေသးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။