ေနာက္ဆံုးရ ယူနိုက္တက္နဲ႕ လီဗာပူး သတင္းတိုမ်ား

ညက ကစားခဲ့တဲ့ စီးတီးနဲ႕ မန္ခ်က္စတာဒါဘီမွာ ယူႏုိက္တက္က မာရွယ္၊ ေတာ္မီေနးတို႔ရဲ႕ သြင္းဂိုးေတြျဖင့္ အႏုိင္ရခဲ့ျပီးေနာက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ စိန္ေခၚမႈကို ပိုမို အားေကာင္းေစခဲ့ျပီ ျဖစ္ပါတယ္။

ယူႏုိက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာဒါဘီမွာ ျပိဳင္ဘက္မန္ေနဂ်ာ ဂြာဒီယိုလာနဲ႔ စကားမ်ားမႈ အနည္းငယ္ ျဖစ္ခဲ့သလို ပြဲအျပီးမွာေတာ့ မန္ခ်က္စတာက အနီေရာင္ပါလို႔ ေၾကြးေၾကာ္သြားခဲ့ပါတယ္။

ယူနိုက္တက္ မန္ေနဂ်ာ ဆိုးရွားက ” အသင္းပရိသတ္ေတြ၊ အသင္းသားေတြနဲ႔ အသင္းရဲ႕ ပူးေပါင္းလုပ္ေဆာင္မႈေတြက သိပ္ေကာင္းျပီး က်ေနာ္ကို အရမ္းအားရ ေက်နပ္ေစပါတယ္ ” လို႔ ပြဲအျပီး ေျပာဆိုပါတယ္။

မန္ခ်က္စတာဒါဘီမွာ ယူနိုက္တက္က စီးတီးကို နုိင္လိုက္တာေၾကာင့္ အမွတ္ေပးဇယား ဦးေဆာင္ထားသူ လီဗာပူးဟာ ခ်န္ပီယံဘြဲ႕ကို သိမ္းဖို႔ သံုးပြဲ ေစာင့္စရာ မလိုေတာ့ဘဲ နုိင္ပြဲ ၂ ပြဲ၊ ရမွတ္ ၆ မွတ္ရရင္ပဲ ခ်န္ပီယံျဖစ္ေတာ့မွာပါ။

လီဗာပူးဟာ ေႏြမွာ ဝါနာကို ေခၚယူျပီးရင္ လိုက္ဇစ္ကို အငွားျပန္ခ်ေပးႏုိင္တယ္လို႔ ဂ်ာမနီသတင္းေတြမွာ ေဖာ္ျပေနၾကတယ္။ လီဗာပူး သတင္းေထာက္ေတြဘက္ကေတာ့ လာမယ့္ရာသီ တိုက္စစ္ပိုင္းျဖည့္ဖို႔ အျပီးသတ္ ေခၚယူမႈေတြကိုပဲ လီဗာပူးက စိတ္ဝင္စားတယ္လို႔ ဆိုပါတယ္။

ဂ်ိမ္းမီလ္နာက “ လူေရွ႔ထြက္ျပီး ထင္ေပၚရတာက က်ေနာ္ရဲ႕ စရိုက္မဟုတ္ဘူး။ ျဖစ္ႏုိင္ရင္ ေနာက္ကြယ္မွာပဲ ေနလိုတယ္။ က်ေနာ္ လုပ္ေနတာေတြက အသင္းကို ကူညီေပးဖို႔ပါပဲ။ ကစားရတယ္၊ မကစားရဘူးဆိုတာက အရမ္းၾကီး အေရးၾကီးတာ မဟုတ္ပါဘူး ” လို႔ ေျပာဆိုခဲ့ပါတယ္။

Unicode – ညက ကစားခဲ့တဲ့ စီးတီးနဲ့ မန်ချက်စတာဒါဘီမှာ ယူနိုက်တက်က မာရှယ်၊ တော်မီနေးတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့် စိန်ခေါ်မှုကို ပိုမို အားကောင်းစေခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ချက်စတာဒါဘီမှာ ပြိုင်ဘက်မန်နေဂျာ ဂွာဒီယိုလာနဲ့ စကားများမှု အနည်းငယ် ဖြစ်ခဲ့သလို ပွဲအပြီးမှာတော့ မန်ချက်စတာက အနီရောင်ပါလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ယူနိုက်တက် မန်နေဂျာ ဆိုးရှားက ” အသင်းပရိသတ်တွေ၊ အသင်းသားတွေနဲ့ အသင်းရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေက သိပ်ကောင်းပြီး ကျနော်ကို အရမ်းအားရ ကျေနပ်စေပါတယ် ” လို့ ပွဲအပြီး ပြောဆိုပါတယ်။

မန်ချက်စတာဒါဘီမှာ ယူနိုက်တက်က စီးတီးကို နိုင်လိုက်တာကြောင့် အမှတ်ပေးဇယား ဦးဆောင်ထားသူ လီဗာပူးဟာ ချန်ပီယံဘွဲ့ကို သိမ်းဖို့ သုံးပွဲ စောင့်စရာ မလိုတော့ဘဲ နိုင်ပွဲ ၂ ပွဲ၊ ရမှတ် ၆ မှတ်ရရင်ပဲ ချန်ပီယံဖြစ်တော့မှာပါ။

လီဗာပူးဟာ နွေမှာ ဝါနာကို ခေါ်ယူပြီးရင် လိုက်ဇစ်ကို အငှားပြန်ချပေးနိုင်တယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြနေကြတယ်။ လီဗာပူး သတင်းထောက်တွေဘက်ကတော့ လာမယ့်ရာသီ တိုက်စစ်ပိုင်းဖြည့်ဖို့ အပြီးသတ် ခေါ်ယူမှုတွေကိုပဲ လီဗာပူးက စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

ဂျိမ်းမီလ်နာက “ လူရှေ့ထွက်ပြီး ထင်ပေါ်ရတာက ကျနော်ရဲ့ စရိုက်မဟုတ်ဘူး။ ဖြစ်နိုင်ရင် နောက်ကွယ်မှာပဲ နေလိုတယ်။ ကျနော် လုပ်နေတာတွေက အသင်းကို ကူညီပေးဖို့ပါပဲ။ ကစားရတယ်၊ မကစားရဘူးဆိုတာက အရမ်းကြီး အရေးကြီးတာ မဟုတ်ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။