ဘာကာ ခံစစ်မှူးလေးကို ခေါ်ဖို့ ချယ်ဆီး အရေးအသာဆုံး ဖြစ်နေပြီလို့ အေးဂျင့် ဆို

ဘာစီလိုနာ အသင်းထံ ပြီးခဲ့တဲ့ နွေကမှ ရောက်ရှိခဲ့တဲ့ ဟော်လန်သား လူငယ် ဗဟိုခံစစ်မှူးလေး ဇာဗီယာ အမ်ဘူရမ်ဘာကို ဥရောပ ထိပ်သီး အသင်းတွေ စိတ်ဝင်စားနေပြီး ချဉ်းကပ်မှုတွေ ရှိထားပါတယ်။ ဒီထဲကမှ ချယ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုက စိတ်ဝင်စားဖို့ ကောင်းပြီး ဇာဗီယာကို ရဖို့ အရေးအသာဆုံး ရှိနေကြောင်း အေးဂျင့် ဖြစ်သူက ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

အသက် ၁၈ နှစ် အရွယ် ခံစစ်မှူးလေးဟာ မနှစ်က သြဂုတ်မှာ ဘာစီလိုနာ ရောက်ခဲ့ပေမယ့် သူ့ အနာဂတ် အတွက် ပြန်လည် သုံးသပ် စဉ်းစားနေပြီး အသင်းသစ်များ လေ့လာနေပါတယ်။

ဟော်လန် U19 လက်ရွေးစင် ကစားသမားလေးကို ခေါ်ချင်တဲ့ ဥရောပကလပ်တွေ တော်တော်များများ ရှိနေကြောင်းနဲ့ ဆွေးနွေးမှုများ အကြောင်း အေးဂျင့် ကားလို့စ်က ပြောဆိုလာခဲ့ပါတယ်။

” ဇာဗီယာကို အလိုရှိတဲ့ အသင်းတွေထဲ ဥရောပ ထိပ်သီးဆိုတဲ့ အသင်းတွေ အားလုံးနီးပါး ပါနေတယ်။ ရီးရဲလ်မက်ဒရစ်လည်း ပါတယ် သူတို့က လူငယ် ကစားသမားတွေ ပျိုးထောင်တာကို အသေအချာ လုပ်နေတယ်။ ဂျူဗင်တပ်နဲ့ အင်တာမီလန်ကလည်း စိတ်ဝင်စားနေတယ် နောက်ပြီး ဂျာမနီနဲ့ အင်္ဂလန်က ထိပ်သီးကလပ်တွေလည်း ပါတယ်။

ဆွေးနွေးထားတဲ့ထဲမှာ ချယ်ဆီးကတော့ အကောင်းဆုံး ဆွဲဆောင်ထားတယ်။ ဒါက မနှစ်တည်းက ပြောထားတာပါ။ ချယ်ဆီးက တင်ဆက်ပုံ ကောင်းကောင်းနဲ့ သေချာ ရှင်းပြထားတယ်။ အဲဒီမှာလည်း ထူးခြားတဲ့ ဘောလုံး ပတ်ဝန်းကျင်က ရှိနေတယ်။ ပထမအသင်းကြီးက ကစားသမားတွေနဲ့ အတူ နေ့လည်စာ စားတာ ဘာညာ တခါတည်း တန်းရမှာ။ ဇာဗီယာ အတွက် လုံး၀ ကြီးကြီး မှန်းပြီး သူတို့က ပြင်ဆင်ပေးထားတယ်။

တစ်နှစ် နှစ်နှစ်လောက် အတွင်းပဲ သူက စီနီယာ အသင်းကြီးထဲ ရောက်လာနိုင်တယ်လို့ ချယ်ဆီးက မျှော်လင့်ထားတယ်။ လမ်းပတ် ကလည်း လူငယ်တွေကို နေရာပေးဖို့ တွန့်ဆုတ်သူ မဟုတ်တာ မြင်ကြရပြီးပြီ။ ချယ်ဆီးအသင်းကြီးမှာ အသက် ၂၀ ဝန်းကျင်တည်းက ပွဲထွက် ကစားခွင့် ဆိုတာ မက်မောလောက်စရာပါ။ ” လို့ အေးဂျင့် ဖြစ်သူက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ဇာဗီယာ အမ်ဘူရမ်ဘာ က ဘာစီလိုနာ အသင်းနဲ့ လေးနှစ် စာချုပ် ချုပ်ဆိုထားတာပါ။ ဒါပေမယ့် ဟော်လန်သားကတော့ အသင်းပြောင်းဖို့ အစီအစဉ် ရှိနေပြီ ဖြစ်ပြီး ချယ်ဆီးအသင်းက ၎င်းကို ရဖို့ အခွင့်အရေး အကောင်းဆုံး ရှိနေပါတယ်။

Zawgyi – ဘာစီလိုနာ အသင္းထံ ျပီးခဲ့တဲ့ ေႏြကမွ ေရာက္ရွိခဲ့တဲ့ ေဟာ္လန္သား လူငယ္ ဗဟိုခံစစ္မွဴးေလး ဇာဗီယာ အမ္ဘူရမ္ဘာကို ဥေရာပ ထိပ္သီး အသင္းေတြ စိတ္၀င္စားေနျပီး ခ်ဥ္းကပ္မႈေတြ ရွိထားပါတယ္။ ဒီထဲကမွ ခ်ယ္ဆီးအသင္းရဲ႕ ကမ္းလွမ္းမႈက စိတ္၀င္စားဖို႔ ေကာင္းျပီး ဇာဗီယာကို ရဖို႔ အေရးအသာဆံုး ရွိေနေၾကာင္း ေအးဂ်င့္ ျဖစ္သူက ထုတ္ေဖာ္ ၀န္ခံလိုက္ပါတယ္။

အသက္ ၁၈ နွစ္ အရြယ္ ခံစစ္မွဴးေလးဟာ မနွစ္က ၾသဂုတ္မွာ ဘာစီလိုနာ ေရာက္ခဲ့ေပမယ့္ သူ႔ အနာဂတ္ အတြက္ ျပန္လည္ သံုးသပ္ စဥ္းစားေနျပီး အသင္းသစ္မ်ား ေလ့လာေနပါတယ္။

ေဟာ္လန္ U19 လက္ေရြးစင္ ကစားသမားေလးကို ေခၚခ်င္တဲ့ ဥေရာပကလပ္ေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနေၾကာင္းနဲ႕ ေဆြးေႏြးမႈမ်ား အေၾကာင္း ေအးဂ်င့္ ကားလို႔စ္က ေျပာဆိုလာခဲ့ပါတယ္။

” ဇာဗီယာကို အလိုရွိတဲ့ အသင္းေတြထဲ ဥေရာပ ထိပ္သီးဆိုတဲ့ အသင္းေတြ အားလံုးနီးပါး ပါေနတယ္။ ရီးရဲလ္မက္ဒရစ္လည္း ပါတယ္ သူတို႔က လူငယ္ ကစားသမားေတြ ပ်ိဳးေထာင္တာကို အေသအခ်ာ လုပ္ေနတယ္။ ဂ်ဴဗင္တပ္နဲ႕ အင္တာမီလန္ကလည္း စိတ္၀င္စားေနတယ္ ေနာက္ျပီး ဂ်ာမနီနဲ႕ အဂၤလန္က ထိပ္သီးကလပ္ေတြလည္း ပါတယ္။

ေဆြးေႏြးထားတဲ့ထဲမွာ ခ်ယ္ဆီးကေတာ့ အေကာင္းဆံုး ဆြဲေဆာင္ထားတယ္။ ဒါက မနွစ္တည္းက ေျပာထားတာပါ။ ခ်ယ္ဆီးက တင္ဆက္ပံု ေကာင္းေကာင္းနဲ႕ ေသခ်ာ ရွင္းျပထားတယ္။ အဲဒီမွာလည္း ထူးျခားတဲ့ ေဘာလံုး ပတ္၀န္းက်င္က ရွိေနတယ္။ ပထမအသင္းၾကီးက ကစားသမားေတြနဲ႕ အတူ ေန႔လည္စာ စားတာ ဘာညာ တခါတည္း တန္းရမွာ။ ဇာဗီယာ အတြက္ လံုး၀ ၾကီးၾကီး မွန္းျပီး သူတို႔က ျပင္ဆင္ေပးထားတယ္။

တစ္နွစ္ နွစ္နွစ္ေလာက္ အတြင္းပဲ သူက စီနီယာ အသင္းၾကီးထဲ ေရာက္လာနုိင္တယ္လို႔ ခ်ယ္ဆီးက ေမွ်ာ္လင့္ထားတယ္။ လမ္းပတ္ ကလည္း လူငယ္ေတြကို ေနရာေပးဖို႔ တြန္႔ဆုတ္သူ မဟုတ္တာ ျမင္ၾကရျပီးျပီ။ ခ်ယ္ဆီးအသင္းၾကီးမွာ အသက္ ၂၀ ၀န္းက်င္တည္းက ပြဲထြက္ ကစားခြင့္ ဆိုတာ မက္ေမာေလာက္စရာပါ။ ” လို႔ ေအးဂ်င့္ ျဖစ္သူက ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

ဇာဗီယာ အမ္ဘူရမ္ဘာ က ဘာစီလိုနာ အသင္းနဲ႕ ေလးနွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုထားတာပါ။ ဒါေပမယ့္ ေဟာ္လန္သားကေတာ့ အသင္းေျပာင္းဖို႔ အစီအစဥ္ ရွိေနျပီ ျဖစ္ျပီး ခ်ယ္ဆီးအသင္းက ၄င္းကို ရဖို႔ အခြင့္အေရး အေကာင္းဆံုး ရွိေနပါတယ္။