ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (27/10/20)

ဆိုးလ်ရှားဟာ ပေါ့ဘာကို အံဝင်ခွင်ကျ နေရာပေးဖို့ ရုန်းကန်နေရသလို သူက ပြဿနာကြီး ဖြစ်နေပြီး ဖာနန်ဒက်စ်က နံပါတ် ၁၀ နေရာမှာ ကစားရသူ ဖြစ်တာကြောင့် ပေါ့ဘာနဲ့ ဘယ်တော့မှ တွဲလို့ရမှာ မဟုတ်ဘူးလို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

ရက်ဘူးလိုက်ပ်ဇစ်နဲ့ ပွဲမတိုင်ခင် ဆိုးလ်ရှားအနေနဲ့ လူစာရင်းရွေးချယ်ရာမှာ ကာဗာနီလား မာရှယ်လား၊ ဗန်ဒီဘိခ်နဲ့ ပေါ့ဘာကို ပွဲထွက် ကစားစေမှာလား ဆိုတာအပြင် ခံစစ် ၃ယောက်နဲ့ ကစားမလား၊ ၄ယောက် ကစားမလားဆိုတာကိုလဲ ဆုံးဖြတ်ရမှာပါ။

ပေါ့ဘာဟာ နိုင်ငံလက်ရွေးစင်အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုတဲ့ သတင်းတုတွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ ဒေါသဖြစ်နေခဲ့ပြီး သတင်းဖြန့်တဲ့ The Sun သတင်းစာကို တရားစွဲဖို့ ပြင်နေတယ်လို့ သိရပါတယ်။

ပေါ့ဘာ-ဘရူနို ပြဿနာကို ဖြေရှင်းဖို့အတွက် ဆိုးလ်ရှားအနေနဲ့ ဂွာဒီယိုလာရဲ့ ဆေးဗားနဲ့ ဒီဘရိုင်းကို အတုယူပြီး သူတို့နှစ်ယောက်ကို ကွင်းလယ်မှာ အတူ ပွဲထွက်စေဖို့ ရွေးချယ်နိုင်တယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီဟာ ဥရောပမှာ မနှစ်ကထက် ပိုကောင်းအောင်လုပ်ဖို့ ဖိအားတွေ ရှိနေတဲ့ကြားက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ယူနိုက်တက်ကို ၂-၁နဲ့ ရှုံးခဲ့တဲ့နောက် ဒုတိယအကျော့မှာ လက်စားချေဖို့ အမ်ဘတ်ပီက ယုံကြည်နေပါတယ်။

ဗန်ဒီဘိခ်ကို ခေါ်ယူခဲ့ပြီး ပွဲကစားချိန်မပေးတာကြောင့် ဆိုးလ်ရှားက ဝေဖန်ခဲ့နေရသလို နယ်သာလန် ကွင်းလယ်ကစားသမားကို ဘာကြောင့်ခေါ်ယူရလဲဆိုတာ နားမလည်နိုင်ပဲ သူဘယ်နေရာနဲ့ သင့်တော်မလဲ ဆိုတာလဲ မသိဘူးလို့ ကာရေဂါက ဆိုပါတယ်။

Zawgyi – ဆိုးလ္ရွားဟာ ေပါ့ဘာကို အံဝင္ခြင္က် ေနရာေပးဖို႔ ႐ုန္းကန္ေနရသလို သူက ျပႆနာႀကီး ျဖစ္ေနၿပီး ဖာနန္ဒက္စ္က နံပါတ္ ၁၀ ေနရာမွာ ကစားရသူ ျဖစ္တာေၾကာင့္ ေပါ့ဘာနဲ႔ ဘယ္ေတာ့မွ တြဲလို႔ရမွာ မဟုတ္ဘူးလို႔ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။

ရက္ဘူးလိုက္ပ္ဇစ္နဲ႔ ပြဲမတိုင္ခင္ ဆိုးလ္ရွားအေနနဲ႔ လူစာရင္းေ႐ြးခ်ယ္ရာမွာ ကာဗာနီလား မာရွယ္လား၊ ဗန္ဒီဘိခ္နဲ႔ ေပါ့ဘာကို ပြဲထြက္ ကစားေစမွာလား ဆိုတာအျပင္ ခံစစ္ ၃ေယာက္နဲ႔ ကစားမလား၊ ၄ေယာက္ ကစားမလားဆိုတာကိုလဲ ဆုံးျဖတ္ရမွာပါ။

ေပါ့ဘာဟာ ႏိုင္ငံလက္ေ႐ြးစင္အသင္းကေန ထြက္ခြာခ်င္ေနတယ္ဆိုတဲ့ သတင္းတုေတြ ပ်ံ႕ႏွံ႔ေနတာနဲ႔ ပတ္သက္လို႔ ေဒါသျဖစ္ေနခဲ့ၿပီး သတင္းျဖန္႔တဲ့ The Sun သတင္းစာကို တရားစြဲဖို႔ ျပင္ေနတယ္လို႔ သိရပါတယ္။

ေပါ့ဘာ-ဘ႐ူႏို ျပႆနာကို ေျဖရွင္းဖို႔အတြက္ ဆိုးလ္ရွားအေနနဲ႔ ဂြာဒီယိုလာရဲ႕ ေဆးဗားနဲ႔ ဒီဘ႐ိုင္းကို အတုယူၿပီး သူတို႔ႏွစ္ေယာက္ကို ကြင္းလယ္မွာ အတူ ပြဲထြက္ေစဖို႔ ေ႐ြးခ်ယ္ႏိုင္တယ္လို႔ ဂယ္ရီနဗီးက ယုံၾကည္ေနပါတယ္။

ပီအက္စ္ဂ်ီဟာ ဥေရာပမွာ မႏွစ္ကထက္ ပိုေကာင္းေအာင္လုပ္ဖို႔ ဖိအားေတြ ရွိေနတဲ့ၾကားက ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ယူႏိုက္တက္ကို ၂-၁နဲ႔ ရႈံးခဲ့တဲ့ေနာက္ ဒုတိယအေက်ာ့မွာ လက္စားေခ်ဖို႔ အမ္ဘတ္ပီက ယုံၾကည္ေနပါတယ္။

ဗန္ဒီဘိခ္ကို ေခၚယူခဲ့ၿပီး ပြဲကစားခ်ိန္မေပးတာေၾကာင့္ ဆိုးလ္ရွားက ေဝဖန္ခဲ့ေနရသလို နယ္သာလန္ ကြင္းလယ္ကစားသမားကို ဘာေၾကာင့္ေခၚယူရလဲဆိုတာ နားမလည္ႏိုင္ပဲ သူဘယ္ေနရာနဲ႔ သင့္ေတာ္မလဲ ဆိုတာလဲ မသိဘူးလို႔ ကာေရဂါက ဆိုပါတယ္။