ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (27/10/20)

ဒီတစ်ပတ် ချန်ပီယံလိဂ် အုပ်စုပွဲမှာ လိုက်ပ်ဇစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ကစားမှာ ဖြစ်ပေမယ့် အိမ်ရှင်အသင်းဟာ လိုက်ပ်ဇစ်ကို ဘာမှ ထိခိုက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဂျာမန်ကလပ်ရဲ့ ကစားသမားဟောင်း မာသီးယက်စ်က ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကတော့ စပါးနဲ့ ပွဲက အနီကတ် ပြစ်ဒဏ်ကနေ သင်ခန်းစာ ယူသွားမှာ ဖြစ်ပြီး အကောင်းဆုံး ခြေစွမ်း ပြန်ရဖို့ ရှာဖွေသွားမယ်လို့ ယူနိုက်တက် ပရိသတ်တွေထံ ကတိစကား ပါးခဲ့ပါတယ်။

ကွင်းလယ် ကစားသမား တော်မီနေးကတော့ လိုက်ပ်ဇစ်နဲ့ ပွဲမှာ ယူနိုက်တက် ကောင်းကောင်း လုပ်မပြနိုင်ရင် ပြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ပွဲ အဝေးကွင်းမှာ ခက်ခက်ခဲခဲ နိုင်ပွဲ ယူထားတာက အလဟဿ ဖြစ်သွားမယ်လို့ အသင်းဖော်တွေအား သတိပေးလိုက်ပါတယ်။

အဒမ်မာ ထရာအိုရေးဟာ ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ ပစ်မှတ် ဖြစ်ခဲ့ပေမယ့် ဝုလ်ဗ်က သူ့တန်ကြေးကို ပေါင်သန်း၉၀ သတ်မှတ်ထားကြောင်း ဖွင့်ဟခဲ့တဲ့နောက် သူဟာ ယူနိုက်တက်အတွက် ရွေးချယ်စရာမဟုတ်တော့ဘူးလို့ သိရပါတယ်။

အပတ်စဉ် ဘောလုံးပွဲ သုံးသပ်ခန့်မှန်းမှုမှာ မိုက်ကယ်အိုဝင်က ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်က လိုက်ပ်ဇစ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘဲ သရေ ရလဒ်နဲ့ ပြီး ဆုံးသွားမယ်လို့ ၁-၁ ရလဒ် ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

ဘာစီလိုနာ နောက်ခံလူ အမ်တီတီဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုရှိခဲ့ပြီး ယူနိုက်တက်၊ အာဆင်နယ်၊ လိုင်ယွန်တို့ရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပေမယ့် အခုတော့ ကတ်တလန်မှာပဲ ဆက်နေမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ပီအက်စ်ဂျီ ကြယ်ပွင့် ကစားသမား အမ်ဘတ်ပီကတော့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့ရပေမယ့် နောက်တစ်ကျော့မှာ ပြန်လာပြီး ရှုံးကြွေးဆပ်ဖို့ အသင့် ရှိနေပြီ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။

Zawgyi – ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ လိုက္ပ္ဇစ္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ကို အိုးထရက္ဖို႕ဒ္မွာ သြားေရာက္ ကစားမွာ ျဖစ္ေပမယ့္ အိမ္ရွင္အသင္းဟာ လိုက္ပ္ဇစ္ကို ဘာမွ ထိခိုက္ေအာင္ လုပ္ေဆာင္နုိင္မွာ မဟုတ္ဘူးလို႔ ဂ်ာမန္ကလပ္ရဲ႕ ကစားသမားေဟာင္း မာသီးယက္စ္က ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ကေတာ့ စပါးနဲ႕ ပြဲက အနီကတ္ ျပစ္ဒဏ္ကေန သင္ခန္းစာ ယူသြားမွာ ျဖစ္ျပီး အေကာင္းဆံုး ေျခစြမ္း ျပန္ရဖို႔ ရွာေဖြသြားမယ္လုိ႔ ယူနိုက္တက္ ပရိသတ္ေတြထံ ကတိစကား ပါးခဲ့ပါတယ္။

ကြင္းလယ္ ကစားသမား ေတာ္မီေနးကေတာ့ လိုက္ပ္ဇစ္နဲ႕ ပြဲမွာ ယူနုိက္တက္ ေကာင္းေကာင္း လုပ္မျပနုိင္ရင္ ျပီးခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႕ ပြဲ အေ၀းကြင္းမွာ ခက္ခက္ခဲခဲ နုိင္ပြဲ ယူထားတာက အလဟႆ ျဖစ္သြားမယ္လို႔ အသင္းေဖာ္ေတြအား သတိေပးလိုက္ပါတယ္။

အဒမ္မာ ထရာအိုေရးဟာ ယူႏိုက္တက္နဲ႔ မန္စီးတီးတို႔ရဲ႕ ပစ္မွတ္ ျဖစ္ခဲ့ေပမယ့္ ဝုလ္ဗ္က သူ႔တန္ေၾကးကို ေပါင္သန္း၉၀ သတ္မွတ္ထားေၾကာင္း ဖြင့္ဟခဲ့တဲ့ေနာက္ သူဟာ ယူႏိုက္တက္အတြက္ ေ႐ြးခ်ယ္စရာမဟုတ္ေတာ့ဘူးလို႔ သိရပါတယ္။

အပတ္စဥ္ ေဘာလံုးပြဲ သံုးသပ္ခန္႔မွန္းမႈမွာ မိုက္ကယ္အို၀င္က ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ပြဲမွာ ယူနိုက္တက္က လုိက္ပ္ဇစ္ကို အနုိင္ယူနုိင္မွာ မဟုတ္ဘဲ သေရ ရလဒ္နဲ႕ ျပီး ဆံုးသြားမယ္လို႔ ၁-၁ ရလဒ္ ခန္႔မွန္း သံုးသပ္သြားခဲ့ပါတယ္။

ဘာစီလိုနာ ေနာက္ခံလူ အမ္တီတီဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလမွာ အသင္းကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ၿပီး ယူႏိုက္တက္၊ အာဆင္နယ္၊ လိုင္ယြန္တို႔ရဲ႕ စိတ္ဝင္စားမႈကို ရခဲ့ေပမယ့္ အခုေတာ့ ကတ္တလန္မွာပဲ ဆက္ေနမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ပီအက္စ္ဂ်ီ ၾကယ္ပြင့္ ကစားသမား အမ္ဘတ္ပီကေတာ့ ခ်န္ပီယံလိဂ္ အဖြင့္ပြဲမွာ ယူနုိက္တက္ကို အေရးနိမ့္ခဲ့ရေပမယ့္ ေနာက္တစ္ေက်ာ့မွာ ျပန္လာျပီး ရွံဳးေၾကြးဆပ္ဖို႔ အသင့္ ရွိေနျပီ ျဖစ္ေၾကာင္း ေျပာဆို ခဲ့ပါတယ္။