ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (27/10/20)

လမ်းပတ်အနေနဲ့ မနှစ်က အဆင့် ၄ ဝင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဒီနှစ်မှာပရိသတ်တွေက ပိုတိုးတက်လာဖို့ အများကြီး တောင်းဆိုကြမှာဖြစ်သလို မလွယ်ကူပေမယ့် အကောင်းဆုံး လုပ်ရမယ်လို့ အက်ဆီယန်က သတိပေးခဲ့ပါတယ်။

လော့ဖ်တပ်ချိခ်ဟာ ဖူလ်ဟမ်ကို အငှားထွက်ကစားဖို့ တောင်းဆိုမှု လုပ်ခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ခ်ျအနာဂတ်ကိုမျှော်ကြည့်ခဲ့ပြီး မိမိကိုယ်ကို ယုံကြည်မှု ပြန်လည်ရရှိတဲ့အခါ ချယ်ဆီးရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရနိုင်တယ်လို့ ထင်နေပါတယ်။

မန်ဒီဟာ ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ Man of the Match ဖြစ်ခဲ့သလို ပီတာချက်နောက်ပိုင်း ကလပ်အတွက် ပထမဆုံးပွဲထွက်ခဲ့တဲ့၂ပွဲမှာ clean sheet ၂ကြိမ်ရခဲ့တဲ့ ပထမဆုံး ဂိုးသမား ဖြစ်လာခဲ့ပါတယ်။

ချယ်ဆီးရဲ့ ပရီးမီးယားလိဂ် လူစာရင်းမှာ ပီတာချက် ပါဝင်လာခဲ့တဲ့နောက် မိုက်ကယ် အက်ဆီယန်က သူ့အသင်းဖော်ဟောင်းဟာ ကစားနိုင်နေဆဲ ဖြစ်တယ်လို့ ယုံကြည်နေပြီး သူ့အတွေ့အကြုံနဲ့ လူငယ် ဂိုးသမားတွေကို ကူညီပေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘန်လေနဲ့ပွဲမှာ ဟယ်ရီကိန်းက ဆွန်အတွက် ဂိုးဖန်တီးမှုလုပ်ခဲ့တဲ့နောက် ပရီးမီးယားလိဂ်မှာ သူတို့နှစ်ယောက်ပေါင်းရတဲ့ ဂိုးပေါင်း ၂၉ဂိုးရှိလာခဲ့ပြီဖြစ်သလို လမ်းပတ်နဲ့ဒရော့ဘာတို့ရဲ့ ၃၆ဂိုးကို မီဖို့ တဖြည်းဖြည်း နီးစပ်လာပြီဖြစ်ပါတယ်။

ကွီတာကို ယူနိုက်တက် အသင်းခေါင်းဆောင်က ခေါင်းကို ဖမ်းချုပ်ထားခဲ့တဲ့အပေါ် လမ်းပတ်က စောဒက တက်ခဲ့တဲ့နောက် မက်ဂွိုင်းယားက သူ့ကို ရိစ်ဂျိမ်းက အတင်းဖက်ဆွဲထားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဂျရတ်ဟာ ၂၀၁၄ တုန်းက နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ချယ်ဆီးနဲ့ပွဲမှာ သူခြေချော်ခဲ့တာကို အခုထိ စိတ်ထဲရှိနေဆဲဖြစ်ပေမယ့် အဲ့ဒီ့ကျရှုံးမှုကြောင့်ပဲ ၎င်းရဲ့နည်းပြအလုပ်သစ်မှာ ပိုကောင်းလာဖို့ တွန်းအား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရူဒီဂါဟာ အသင်းမှာ ပါဝင်ခွင့်မရပေမယ့်လဲ လမ်းပတ်နဲ့ ဘယ်တော့မှ ပြဿနာမရှိခဲ့သလို နှစ်ဦးကြား ဆွေးနွေးမှုတွေ လုပ်အပြီးမှာတော့ နည်းပြက သူ့ကို လူစာရင်းထဲ ပြန်လည် ထည့်သွင်းဖို့ အဆင်သင့် ဖြစ်နေပြီး ပုံမှန်ကစားချိန် ပြန်ပေးနိုင်ဖွယ်ရှိနေပါတယ်။

Zawgyi – လမ္းပတ္အေနနဲ႔ မႏွစ္က အဆင့္ ၄ ဝင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာေၾကာင့္ ဒီႏွစ္မွာပရိသတ္ေတြက ပိုတိုးတက္လာဖို႔ အမ်ားႀကီး ေတာင္းဆိုၾကမွာျဖစ္သလို မလြယ္ကူေပမယ့္ အေကာင္းဆုံးလုပ္ရမယ္လို႔ အက္ဆီယန္က သတိေပးခဲ့ပါတယ္။

ေလာ့ဖ္တပ္ခ်ိခ္ဟာ ဖူလ္ဟမ္ကို အငွားထြက္ကစားဖို႔ ေတာင္းဆိုမႈ လုပ္ခဲ့ေပမယ့္ စတန္းဖို႔ဒ္ဘရစ္ခ္်အနာဂတ္ကိုေမွ်ာ္ၾကည့္ခဲ့ၿပီး မိမိကိုယ္ကို ယုံၾကည္မႈ ျပန္လည္ရရွိတဲ့အခါ ခ်ယ္ဆီးရဲ႕ လူစာရင္းမွာ ပါဝင္ခြင့္ရႏိုင္တယ္လို႔ ထင္ေနပါတယ္။

မန္ဒီဟာ ယူႏိုက္တက္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ Man of the Match ျဖစ္ခဲ့သလို ပီတာခ်က္ေနာက္ပိုင္း ကလပ္အတြက္ ပထမဆုံးပြဲထြက္ခဲ့တဲ့၂ပြဲမွာ clean sheet ၂ႀကိမ္ရခဲ့တဲ့ ပထမဆုံး ဂိုးသမား ျဖစ္လာခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ ပရီးမီးယားလိဂ္ လူစာရင္းမွာ ပီတာခ်က္ ပါဝင္လာခဲ့တဲ့ေနာက္ မိုက္ကယ္ အက္ဆီယန္က သူ႔အသင္းေဖာ္ေဟာင္းဟာ ကစားႏိုင္ေနဆဲ ျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး သူ႔အေတြ႕အႀကဳံနဲ႔ လူငယ္ ဂိုးသမားေတြကို ကူညီေပးႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဘန္ေလနဲ႔ပြဲမွာ ဟယ္ရီကိန္းက ဆြန္အတြက္ ဂိုးဖန္တီးမႈလုပ္ခဲ့တဲ့ေနာက္ ပရီးမီးယားလိဂ္မွာ သူတို႔ႏွစ္ေယာက္ေပါင္းရတဲ့ ဂိုးေပါင္း ၂၉ဂိုးရွိလာခဲ့ၿပီျဖစ္သလို လမ္းပတ္နဲ႔ဒေရာ့ဘာတို႔ရဲ႕ ၃၆ဂိုးကို မီဖို႔ တျဖည္းျဖည္း နီးစပ္လာၿပီျဖစ္ပါတယ္။

ကြီတာကို ယူႏိုက္တက္ အသင္းေခါင္းေဆာင္က ေခါင္းကို ဖမ္းခ်ဳပ္ထားခဲ့တဲ့အေပၚ လမ္းပတ္က ေစာဒက တက္ခဲ့တဲ့ေနာက္ မက္ဂြိဳင္းယားက သူ႔ကို ရိစ္ဂ်ိမ္းက အတင္းဖက္ဆြဲထားတဲ့ပုံကို အင္စတာဂရမ္မွာ တင္ခဲ့ၿပီး ျပန္တုံ႔ျပန္ခဲ့ပါတယ္။

ဂ်ရတ္ဟာ ၂၀၁၄ တုန္းက နာမည္ဆိုးနဲ႔ေက်ာ္ၾကားခဲ့တဲ့ ခ်ယ္ဆီးနဲ႔ပြဲမွာ သူေျခေခ်ာ္ခဲ့တာကို အခုထိ စိတ္ထဲရွိေနဆဲျဖစ္ေပမယ့္ အဲ့ဒီ့က်ရႈံးမႈေၾကာင့္ပဲ ၎ရဲ႕နည္းျပအလုပ္သစ္မွာ ပိုေကာင္းလာဖို႔ တြန္းအား ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

႐ူဒီဂါဟာ အသင္းမွာ ပါဝင္ခြင့္မရေပမယ့္လဲ လမ္းပတ္နဲ႔ ဘယ္ေတာ့မွ ျပႆနာမရွိခဲ့သလို ႏွစ္ဦးၾကား ေဆြးေႏြးမႈေတြ လုပ္အၿပီးမွာေတာ့ နည္းျပက သူ႔ကို လူစာရင္းထဲ ျပန္လည္ ထည့္သြင္းဖို႔ အဆင္သင့္ ျဖစ္ေနၿပီး ပုံမွန္ကစားခ်ိန္ ျပန္ေပးႏိုင္ဖြယ္ရွိေနပါတယ္။