ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (27/10/20)

မူစတာဖီဟာ အာတီတာရဲ့အစီအစဉ်တွေမှာ ဝီလီယံ ဆလီဘာထက် နေရာရထားပေမယ့် အာဆင်နယ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး နောက်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။

ဒေးဗစ်လုဇ်ဟာ လက်စတာကို ၁-၀နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့နောက် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်ပါ့မလားဆိုတာကို သိရဖို့အတွက် ဒီတစ်ပတ်ထဲမှာ ဆေးစစ်မှု လုပ်ရမှာဖြစ်ပြီး ရလဒ်ကောင်းရဖို့ မျှော်လင့်ထားကြောင်း အာတီတာက ပြောဆိုခဲ့ပါတယ်။

အာတီတာရဲ့ လူစာရင်းမှာ အိုဇေးမပါဝင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေဆဲဖြစ်သလို နောက်ခံလူဟောင်း ကိုစီရယ်နီကလဲ ထောက်ခံခဲ့ပြီး အိုဇေးဟာ သိပ်တော်တဲ့ လူဖြစ်တာကြောင့်ကွင်းထဲမှာသူ့ကိုပြန်မြင်တွေ့ချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာတီတာအနေနဲ့ အာဆင်နယ်မှာ အောင်မြင်ချင်ရင် ယခင်က လုပ်ခဲ့တဲ့ အမှားမျိုး ထပ်မဖြစ်အောင် ပြင်ဆင်ရမှာဖြစ်ပြီး နည်းစနစ်၊ ကစားကွက်နဲ့ တွဲဖက်မှု၊ လှုပ်ရှားမှုတွေကို အမျိုးမျိုး မပြောင်းလဲဖို့ ကီယွန်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

သောမတ်စ်ပါတေးကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် အီယန်ရိုက်က ပျော်နေပေမယ့် သူဟာ အာဆင်နယ်လိုအပ်တဲ့ ကစားသမားမျိုး အတိအကျမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး လိုင်ယွန်ကွင်းလယ်လူ အာဝါကို ခေါ်ဖို့ လိုအပ်နေဆဲပါလို့ သတိပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲအပြီး တနင်္ဂနွေနေ့ လိဂ်ပွဲမှာ ရုန်းကန်ခဲ့ရကာ လက်စတာကို ရှုံးနိမ့်ခဲ့သလို ဒီရာသီမှာ ၉ပွဲသာ ကစားရသေးတာကို ပွဲပန်းနေရင် နောက်ပွဲတွေမှာပိုဒုက္ခရောက်လိမ့်မယ်လို့ အာတီတာက ဆိုပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ လိဂ်၆ပွဲမှာ ၃ပွဲရှုံးခဲ့သလို အာတီတာလက်အောက် စုစုပေါင်း လိဂ်၂၆ပွဲမှာ၁၂ပွဲသာ အနိုင်ရခဲ့ပြီး ၄၃ဂိုးရခဲ့ပေမယ့် နည်းပြဟောင်း အမ်မရီတောင် ၂၆ပွဲမှာ ၁၅ပွဲနိုင်ခဲ့ကာ ၅၃ဂိုးရခဲ့တာကြောင့် အနည်းငယ်တော့စိုးရိမ်စရာရှိနေပါတယ်။

ဗီအဲရာနောက်ပိုင်း ကွင်းလယ်ခံစစ်မှာ ရုန်းကန်ခဲ့ရတဲ့ အာဆင်နယ်အတွက် ပါတေးက အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ့်သူအဖြစ် သတ်မှတ်ခံခဲ့ရသလို သူက ဗီအဲရာထက်တောင် ပိုပြီးစကေးရှိတယ်လို့ ၎င်းရဲ့နည်းပြဟောင်း တိုနီလော့ကိုက ဆိုပါတယ်။

ZAWGYI

မူစတာဖီဟာ အာတီတာရဲ႕အစီအစဥ္ေတြမွာ ဝီလီယံ ဆလီဘာထက္ ေနရာရထားေပမယ့္ အာဆင္နယ္ရဲ႕ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး ေနာက္ႏွစ္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ ဆႏၵရွိေနတယ္လို႔သိရပါတယ္။

ေဒးဗစ္လုဇ္ဟာ လက္စတာကို ၁-၀နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ဒဏ္ရာရခဲ့တဲ့ေနာက္ ယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္ႏိုင္ပါ့မလားဆိုတာကို သိရဖို႔အတြက္ ဒီတစ္ပတ္ထဲမွာ ေဆးစစ္မႈ လုပ္ရမွာျဖစ္ၿပီး ရလဒ္ေကာင္းရဖို႔ ေမွ်ာ္လင့္ထားေၾကာင္း အာတီတာက ေျပာဆိုခဲ့ပါတယ္။

အာတီတာရဲ႕ လူစာရင္းမွာ အိုေဇးမပါဝင္ခဲ့တဲ့အေပၚ ေဝဖန္မႈေတြ ရွိေနဆဲျဖစ္သလို ေနာက္ခံလူေဟာင္း ကိုစီရယ္နီကလဲ ေထာက္ခံခဲ့ၿပီး အိုေဇးဟာ သိပ္ေတာ္တဲ့ လူျဖစ္တာေၾကာင့္ကြင္းထဲမွာသူ႔ကိုျပန္ျမင္ေတြ႕ခ်င္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

အာတီတာအေနနဲ႔ အာဆင္နယ္မွာ ေအာင္ျမင္ခ်င္ရင္ ယခင္က လုပ္ခဲ့တဲ့ အမွားမ်ိဳး ထပ္မျဖစ္ေအာင္ ျပင္ဆင္ရမွာျဖစ္ၿပီး နည္းစနစ္၊ ကစားကြက္နဲ႔ တြဲဖက္မႈ၊ လႈပ္ရွားမႈေတြကို အမ်ိဳးမ်ိဳး မေျပာင္းလဲဖို႔ ကီယြန္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ေသာမတ္စ္ပါေတးကို ေခၚယူႏိုင္ခဲ့တဲ့အတြက္ အီယန္႐ိုက္က ေပ်ာ္ေနေပမယ့္ သူဟာ အာဆင္နယ္လိုအပ္တဲ့ ကစားသမားမ်ိဳး အတိအက်မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ၿပီး လိုင္ယြန္ကြင္းလယ္လူ အာဝါကို ေခၚဖို႔ လိုအပ္ေနဆဲပါလို႔ သတိေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ ၾကာသပေတးေန႔ ယူ႐ိုပါလိဂ္ပြဲအၿပီး တနဂၤေႏြေန႔ လိဂ္ပြဲမွာ ႐ုန္းကန္ခဲ့ရကာ လက္စတာကို ရႈံးနိမ့္ခဲ့သလို ဒီရာသီမွာ ၉ပြဲသာ ကစားရေသးတာကို ပြဲပန္းေနရင္ ေနာက္ပြဲေတြမွာပိုဒုကၡေရာက္လိမ့္မယ္လို႔ အာတီတာက ဆိုပါတယ္။

အာဆင္နယ္ဟာ ဒီရာသီ လိဂ္၆ပြဲမွာ ၃ပြဲရႈံးခဲ့သလို အာတီတာလက္ေအာက္ စုစုေပါင္း လိဂ္၂၆ပြဲမွာ၁၂ပြဲသာ အႏိုင္ရခဲ့ၿပီး ၄၃ဂိုးရခဲ့ေပမယ့္ နည္းျပေဟာင္း အမ္မရီေတာင္ ၂၆ပြဲမွာ ၁၅ပြဲႏိုင္ခဲ့ကာ ၅၃ဂိုးရခဲ့တာေၾကာင့္ အနည္းငယ္ေတာ့စိုးရိမ္စရာရွိေနပါတယ္။

ဗီအဲရာေနာက္ပိုင္း ကြင္းလယ္ခံစစ္မွာ ႐ုန္းကန္ခဲ့ရတဲ့ အာဆင္နယ္အတြက္ ပါေတးက အေကာင္းဆုံး ျဖည့္ဆည္းေပးႏိုင္မယ့္သူအျဖစ္ သတ္မွတ္ခံခဲ့ရသလို သူက ဗီအဲရာထက္ေတာင္ ပိုၿပီးစေကးရွိတယ္လို႔ ၎ရဲ႕နည္းျပေဟာင္း တိုနီေလာ့ကိုက ဆိုပါတယ္။