ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (28/10/20)

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာထက် ဟော်လန်မှာတောင် ပွဲထွက်ခွင့်ပိုရနေတာနဲ့အတူ အခုချိန် မန်ချက်စတာမှာ နေရာရဖို့ ရုန်းကန်နေရပေမယ့်လဲ အနာဂတ်မှာတော့ ကလပ်ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ နွေရာသီမှာ ဆန်ချိုကို ခေါ်ဖို့ ချိတ်ဆက်ခဲ့ပေမယ့် ပေါင် ၁၀၈ သန်း မပေးနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့နောက် ဆန်ချိုဟာ ရာသီသစ်မှာ အထနှေးပြီး ခြေစွမ်း မပြနိုင်တော့ဘူး လို့ နည်းပြ လူစီယန်ဖေဗရီက ဆိုပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ဖို့ အခွင့်အရေး မရှိသေးဘူးလို့ ရီယိုဖာဒီနန်က ဆိုလိုက်ပြီး လက်ရှိချန်ပီယံ ဘိုင်ယန်နဲ့အတူ မန်စီးတီး၊ လီဗာပူးတို့က ရေပန်းစားနေတယ်လို့ ထင်မြင်ကြောင်း ပြောဆိုခဲ့ပါတယ်။

လီဗာပူး၊ အင်တာနဲ့ အေစီမီလန်တို့ဟာ ရှော်ကေးလူငယ်နောက်ခံလူ အိုဇန် ကာဘက်ခ်ကို စိတ်ဝင်စားနေတာဖြစ်သလို ဒီပြိုင်ဆိုင်မှုမှာ ယူနိုက်တက်လဲပါဝင်လာခဲ့တယ်လို့ သိရပြီး အသက်၂၀အရွယ် ကြယ်ပွင့်ရဲ့ တန်ကြေးက ယူရိုသန်း၃၀-၄၀ကြား ရှိမှာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ တွေ့ဆုံမယ့်ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် မိုက်ဒိန်းက တာဝန်ယူရမှာဖြစ်သလို သူ့လက်အောက် ယူနိုက်တက်ရဲ့ ၇၄ပွဲမှာ ပွဲ၄၀နိုင်၊ ပင်နယ်တီ ၁၈ကြိမ် ရရှိထားပြီး အာဆင်နယ် ထက် ပိုသာတဲ့မှတ်တမ်းကို ရရှိထားပါတယ်။

ဥရောပ အကြီးကျယ်ဆုံးကလပ်တွေသာ ပါဝင်မယ့် ဖီဖာထောက်ခံမှုရ ဥရောပစူပါလိဂ်မှာ ပါဝင်ဖို့အတွက် ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာဖို့ စဉ်းစားနေသလို ဘာစီလိုနာလဲ ပါဝင်ဖို့ သဘောတူခဲ့ကြောင်း ဘာတိုမြူက ထုတ်ဖော်ခဲ့ပါတယ်။

Zawgyi – ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာထက္ ေဟာ္လန္မွာေတာင္ ပြဲထြက္ခြင့္ ပိုရေနတာနဲ႔အတူ အခုခ်ိန္ မန္ခ်က္စတာမွာ ေနရာရဖို႔ ႐ုန္းကန္ေနရေပမယ့္လဲ အနာဂတ္မွာေတာ့ ကလပ္ရဲ႕ အေရးပါတဲ့ ကစားသမား ျဖစ္လာလိမ့္မယ္လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ေႏြရာသီမွာ ဆန္ခ်ိဳကို ေခၚဖို႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ ေပါင္ ၁၀၈ သန္း မေပးႏိုင္ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕မျဖစ္ေျမာက္ခဲ့တဲ့ေနာက္ ဆန္ခ်ိဳဟာ ရာသီသစ္မွာ အထေႏွးၿပီး ေျခစြမ္း မျပႏိုင္ေတာ့ဘူး လို႔ နည္းျပ လူစီယန္ေဖဗရီက ဆိုပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဒီရာသီ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမႇာက္ႏိုင္ဖို႔ အခြင့္အေရး မရွိေသးဘူးလို႔ ရီယိုဖာဒီနန္က ဆိုလိုက္ၿပီး လက္ရွိခ်န္ပီယံ ဘိုင္ယန္နဲ႔အတူ မန္စီးတီး၊ လီဗာပူးတို႔က ေရပန္းစားေနတယ္လို႔ ထင္ျမင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လီဗာပူး၊ အင္တာနဲ႔ ေအစီမီလန္တို႔ဟာ ေရွာ္ေကးလူငယ္ေနာက္ခံလူ အိုဇန္ ကာဘက္ခ္ကို စိတ္ဝင္စားေနတာျဖစ္သလို ဒီၿပိဳင္ဆိုင္မႈမွာ ယူႏိုက္တက္လဲပါဝင္လာခဲ့တယ္လို႔ သိရၿပီး အသက္၂၀အ႐ြယ္ ၾကယ္ပြင့္ရဲ႕ တန္ေၾကးက ယူ႐ိုသန္း၃၀-၄၀ၾကား ရွိမွာျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ ေတြ႕ဆုံမယ့္ပြဲမွာ ကြင္းလယ္ဒိုင္အျဖစ္ မိုက္ဒိန္းက တာဝန္ယူရမွာျဖစ္သလို သူ႔လက္ေအာက္ ယူႏိုက္တက္ရဲ႕ ၇၄ပြဲမွာ ပြဲ၄၀ႏိုင္၊ ပင္နယ္တီ ၁၈ႀကိမ္ ရရွိထားၿပီး အာဆင္နယ္ ထက္ ပိုသာတဲ့မွတ္တမ္းကို ရရွိထားပါတယ္။

ဥေရာပ အႀကီးက်ယ္ဆုံးကလပ္ေတြသာ ပါဝင္မယ့္ ဖီဖာေထာက္ခံမႈရ ဥေရာပစူပါလိဂ္မွာ ပါဝင္ဖို႔အတြက္ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ဟာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာဖို႔ စဥ္းစားေနသလို ဘာစီလိုနာလဲ ပါဝင္ဖို႔ သေဘာတူခဲ့ေၾကာင္း ဘာတိုျမဴက ထုတ္ေဖာ္ခဲ့ပါတယ္။